Home News Google Drive အသစ်တွင် Backup and Sync ကို အပြည့်အဝအသုံးပြုနိုင်ပြီ


0

ZAWGYI :


အဆိုပါ Backup and Sync tool အသစ်အရ Google Drive ကို အသုံးပြုပြီး ကွန်ပြူတာအတွင်းရှိ Hard drive သို့မဟုတ် အခြားသော format တူတဲ့ Memory Card တွေကို အလိုအလျောက်စနစ်နဲ့ Cloud ပေါ်မှာ သိမ်းဆည်း ပေးသွားတော့မှာ ဖြစ်ပါတယ်။





မိုးဆက်ကို(STM)

UNICODE :

Google Drive အသစ်တွင် Backup and Sync ကို အပြည့်အဝအသုံးပြုနိုင်ပြီ

Google အနေဖြင့် ကွန်ပြုတာရဲ့ System Files တွေကို အွန်လိုင်း Cloud ပေါ်တွင် သိမ်းဆည်းနိုင်ဖို့အတွက် ကြိုးပမ်းမှုဟာ အခုဆိုရင် အောင်မြင်သွားပြီလို့ ပြောနိုင်ပါပြီ။ ဘာလို့လဲဆိုတော့ Google ကနေပြီး Google Drive ကို ပိုမိုကောင်းမွန်ပြီး System File တွေအပါအ၀င် Backup and Sync လုပ်နိုင်မယ့် Tool တစ်ခုကို ယခုအခါ ထုတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ Backup and Sync tool အသစ်အရ Google Drive ကို အသုံးပြုပြီး ကွန်ပြူတာအတွင်းရှိ Hard drive သိ့ုမဟုတ် အခြားသော format တူတဲ့ Memory Card တွေကို အလိုအလျောက်စနစ်နဲ့ Cloud ပေါ်မှာ သိမ်းဆည်း ပေးသွားတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်အနေဖြင့် ကွန်ပြူတာပေါ်ကနေ Drive ပေါ်မှာ နက်၀က်ဘ်ဖိုလ်ဒါအသစ်တစ်ခုကို ဖန်တီးထားနိုင်ပြီး ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေ၊ အခြားသော မိမိကြိုက်နှစ်သက်ရာတွေကို သိမ်းဆည်းနိုင်သလို Drive ပေါ်မှာ Desktop folder စနစ်ပုံစံမျိုးကို ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။ သတင်းကောင်းကတော့ လူတိုင်းဟာ သူတို့အလိုရှိ သော ကြီးမားများပြားလှသည့် ဖိုင်တွေကို Backup လုပ်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ လုပ်ဆောင်ချက်အသစ်ကို ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က စတင်မိတ်ဆက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များ၊ အကြံပြုများကို ပြန်လည်ပြုပြင်နေခဲ့သောကြောင့် ယခုမှ တရား၀င် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။

Google Drive ရဲ့ Backup and Sync tool အသစ်အရ ယခင် Google Drive လိုမျိုးမဟုတ်ဘဲ သီးခြား app ပုံစံမျိုး ဖြစ်လာပြီး Google Photos, Desktop Folder များနှင့် အခြားသော မိမိသိမ်းဆည်းလိုသည့် ဓာတ်ပုံများ ၊ ဖိုင်များကို Mac နှင့် Windows နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ Backup and Sync tool ကို စတင်ကြေညာချိန်မှာပဲ အသုံးပြုနိုင်တဲ့ ဒေတာအကန့်အသတ်ကတော့ 15GB အထိသာ ရရှိနိုင်မှာဖြစ်ပြီး တကယ်လို့ ပိုမိုလိုအပ်တယ်ဆိုရင်တော့ သီးခြားငွေပေး ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ယခု App ဟာ သင့်ရဲ့ ကွန်ပြူတာထဲက ဖိုင်တွေကို တစ်စုံတစ်ခုကြောင့် ဖျက်ဆီး၊ ပျက်ဆီးသွားမှာကို မူစရာမလိုတော့ပဲ ကော်ပီတစ်ခုပုံစံအနေဖြင့် သိမ်းဆည်းထားနိုင်လို့ အတော်လေးကောင်းမွန်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

မိုးဆက်ကို(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: