Home News ေငြေၾကး၀န္ေဆာင္မႈဆုိင္ရာ စြန္႔ဦးတီထြင္ကုမၸဏီျဖစ္ေသာ Curve မွ ဘဏ္ကတ္မ်ား အားလံုးကို တစ္ေနရာတည္းမွ သံုးႏုိင္ရန္ လုပ္ေဆာင္လ်က္ရွိ

ေငြေၾကး၀န္ေဆာင္မႈဆုိင္ရာ စြန္႔ဦးတီထြင္ကုမၸဏီျဖစ္ေသာ Curve မွ ဘဏ္ကတ္မ်ား အားလံုးကို တစ္ေနရာတည္းမွ သံုးႏုိင္ရန္ လုပ္ေဆာင္လ်က္ရွိ

0

ယူေကႏုိင္ငံ အေျခစိုက္ ေငြေၾကး၀န္ေဆာင္မႈဆိုင္ရာ စြန္႔ဦးတီထြင္ကုမၸဏီတစ္ခုငယ္ ျဖစ္ေသာ Curve မွ ဥေရာပရွိ ဘဏ္ကတ္မ်ားအားလံုးကို တစ္ခုတည္းအျဖစ္ ေပါင္းစည္းႏုိင္ဖုိ႔အတြက္ ေဒၚလာ ၁၀ မီလီယံ ရင္းႏွီးျမွဳပ္ႏွံဖို႔ လိုအပ္မယ္လုိ႔ ဆုိပါတယ္။

၂၀၁၅ ခုႏွစ္က စတင္တည္ေဆာက္ခဲ့ေသာ အဆိုပါကုမၸဏီမွာ ကုမၸဏီရဲ႕ mobile app တစ္ခုအတြင္း ဘဏ္ကတ္ေပါင္းမ်ားစြာကို တစ္ေနရာတည္းကေန သံုးစြဲႏုိင္ဖုိ႔အတြက္ ဖန္တီးေပးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္သြားသြား Credit card, Debit Card အစရွိတဲ့ ဘဏ္ကတ္ေတြ အမ်ားႀကီးကို ပိုက္ဆံအိတ္ထဲမွာ ထည့္သြားစရာ မလိုေတာ့ပါဘူး။ အဆုိပါ မိုဘုိင္း app ကေန မိမိႀကိဳက္ႏွစ္သက္ရာ ဘဏ္ကတ္ေတြကို အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

ၿပီးခဲ့သည့္ရက္သတၱတစ္ပတ္အတြင္းကပဲ Curve ကေန features အသစ္တစ္မ်ိဳးကို မိတ္ဆက္ခဲ့ၿပီး အဆုိပါ Feature ဟာ ဘဏ္ကတ္ေတြကို တစ္ခုကေနတစ္ခုကို အေျပာင္းအလဲ အလြယ္တကူ လုပ္ႏုိင္ၿပီး ေငြေပးေခ်မႈေတြ၊ ေငြလႊဲေျပာင္းမႈေတြကို ျပဳလုပ္ႏုိင္မယ္လို႔ဆိုပါတယ္။

အခုအခ်ိန္မွာေတာ့ ကုမၸဏီအေနျဖင့္ လက္ရွိအခ်ိန္အထိ ေဒၚလာ ၃ သန္းေက်ာ္အထိ ေငြေၾကး ေထာက္ပံ႔မႈကို ရရွိေနၿပီျဖစ္ၿပီး အဆုိပါေငြေၾကးမ်ားျဖင့္ ကုမၸဏီရဲ႕ ဆန္းသစ္တီထြင္ႏုိင္မႈေတြနဲ႔ ကမာၻ႔အဆင့္မီ အရည္အေသြးေတြ ရႏုိင္ဖို႔အတြက္ လုပ္ေဆာင္ႏုိင္လိမ္႔မယ္လုိ႔ ေမ ွ်ာ္လင့္ေနပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Curve ဟာ beta version အေနျဖင့္ ရရွိႏုိင္ေနၿပီျဖစ္ၿပီး ဥေရာပရွိ စီးပြားေရး လုပ္ငန္းရွင္မ်ားအၾကားမွာ အသံုးျပဳႏုိင္ေနၿပီျဖစ္ပါတယ္။ အျခားေသာ ျပည္သူေတြ အသံုးျပဳႏုိင္ဖို႔အတြက္ကိုေတာ့ ဒီႏွစ္ကုန္ပိုင္းေလာက္မွာ စတင္မိတ္ဆက္သြားဖုိ႔ရွိေနၿပီး ေလာေလာဆယ္ ဥေရာပကိုပဲ အာရံုစိုက္လုပ္ေဆာင္သြားမယ္လုိ႔ဆိုေပမယ္႔အနာဂတ္မွာေတာ့ အေမရိကအထိ တိုးခ်ဲ႕လာႏုိင္တယ္လုိ႔ ဆိုပါတယ္။

မိုးဆက္ကို(STM)

Unicode : ငွေကြေး၀န်ဆောင်မှုဆိုင်ရာ စွန့်ဦးတီထွင်ကုမ္ပဏီဖြစ်သော Curve မှ ဘဏ်ကတ်များ အားလုံးကို တစ်နေရာတည်းမှ သုံးနိုင်ရန် လုပ်ဆောင်လျက်ရှိ

ယူကေနိုင်ငံ အခြေစိုက် ငွေကြေး၀န်ဆောင်မှုဆိုင်ရာ စွန့်ဦးတီထွင်ကုမ္ပဏီတစ်ခုငယ် ဖြစ်သော Curve မှ ဥရောပရှိ ဘဏ်ကတ်များအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ဖို့အတွက် ဒေါ်လာ ၁၀ မီလီယံ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့သော အဆိုပါကုမ္ပဏီမှာ ကုမ္ပဏီရဲ့ mobile app တစ်ခုအတွင်း ဘဏ်ကတ်ပေါင်းများစွာကို တစ်နေရာတည်းကနေ သုံးစွဲနိုင်ဖို့အတွက် ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သွားသွား Credit card, Debit Card အစရှိတဲ့ ဘဏ်ကတ်တွေ အများကြီးကို ပိုက်ဆံအိတ်ထဲမှာ ထည့်သွားစရာ မလိုတော့ပါဘူး။ အဆိုပါ မိုဘိုင်း app ကနေ မိမိကြိုက်နှစ်သက်ရာ ဘဏ်ကတ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်အတွင်းကပဲ Curve ကနေ features အသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပြီး အဆိုပါ Feature ဟာ ဘဏ်ကတ်တွေကို တစ်ခုကနေတစ်ခုကို အပြောင်းအလဲ အလွယ်တကူ လုပ်နိုင်ပြီး ငွေပေးချေမှုတွေ၊ ငွေလွှဲပြောင်းမှုတွေကို ပြုလုပ်နိုင်မယ်လို့ဆိုပါတယ်။

အခုအချိန်မှာတော့ ကုမ္ပဏီအနေဖြင့် လက်ရှိအချိန်အထိ ဒေါ်လာ ၃ သန်းကျော်အထိ ငွေကြေး ထောက်ပံ့မှုကို ရရှိနေပြီဖြစ်ပြီး အဆိုပါငွေကြေးများဖြင့် ကုမ္ပဏီရဲ့ ဆန်းသစ်တီထွင်နိုင်မှုတွေနဲ့ ကမ္ဘာ့အဆင့်မီ အရည်အသွေးတွေ ရနိုင်ဖို့အတွက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မေ ျှာ်လင့်နေပါတယ်။

လက်ရှိအချိန်မှာတော့ Curve ဟာ beta version အနေဖြင့် ရရှိနိုင်နေပြီဖြစ်ပြီး ဥရောပရှိ စီးပွားရေး လုပ်ငန်းရှင်များအကြားမှာ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ အခြားသော ပြည်သူတွေ အသုံးပြုနိုင်ဖို့အတွက်ကိုတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ စတင်မိတ်ဆက်သွားဖို့ရှိနေပြီး လောလောဆယ် ဥရောပကိုပဲ အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ဆိုပေမယ့်အနာဂတ်မှာတော့ အမေရိကအထိ တိုးချဲ့လာနိုင်တယ်လို့ ဆိုပါတယ်။

မိုးဆက်ကို(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: