Home Tech စမတ္ဖုန္းဂုရုႀကီးမ်ား ရင္ဆုိင္ေနရေသာ တန္ဖိုးနည္းဖုန္းမ်ား

စမတ္ဖုန္းဂုရုႀကီးမ်ား ရင္ဆုိင္ေနရေသာ တန္ဖိုးနည္းဖုန္းမ်ား

0

စမတ္ဖုန္းလုိ႔ေျပာလုိက္တာနဲ႔ အေမရိကန္လူမ်ိဳး အေတာ္မ်ားမ်ားက Apple ဖုန္းေတြနဲ႔ Samsung ရဲ႕ Galaxy ဖုန္းေတြေလာက္ပဲ မ်က္စိထဲ ျမင္ၾကပါတယ္။ ဒါေပမယ္႔ အခုအခ်ိန္မွာ ေနာက္တစ္ႀကိမ္ အေနနဲ႔ ဖုန္းတစ္လံုး ၀ယ္ဖို႔လိုအပ္လာၿပီဆုိရင္ေတာ့ Apple နဲ႔ Samsung အျပင္ အျခားေသာ ေရြးခ်ယ္စရာေတြ ရွိလာေနၿပီျဖစ္ပါတယ္။

တရုတ္ႏုိင္ငံက ထုတ္တဲ့ စမက္ဖုန္းေတြထဲက အထင္ႀကီးစရာေကာင္းေလာက္တဲ့ ကမ္းလွမ္းမႈေတြနဲ႔ စမတ္ဖုန္းေတြကို ေရြးခ်ယ္လာရပါေတာ့မယ္။ ဘာလို႔လဲဆိုေတာ့ သူတုိ႔မွာ ေကာင္းေပ႔ဆိုတဲ့ အညႊန္းေတြနဲ႔အတူ ထူးျခားမႈေတြ ပါလာတက္သလို ေစ်းႏႈန္းေတြကလည္း သက္သာေနလုိ႔ပဲ ျဖစ္ပါတယ္။

Huawei, One Plus , Xiaomi အျပင္ အျခားေသာ စမက္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီ အမ်ားစုဟာ Google ရဲ႕ Android OS ေတြကိုသာ အသံုးျပဳၾကသလို အဆိုပါ စမတ္ဖုန္းေတြဟာ ပိုမိုဆြဲေဆာင္မႈေတြရွိလာ၊ စြမ္းေဆာင္ရည္ေတြျပည့္ဝလာရံုတင္မကပဲ Features ေတြလည္း စံုလင္စြာ အသံုးျပဳႏုိင္ၾကပါတယ္။

အဲဒီအထဲမွာမွ အေမရိကရွိ ဖုန္းေအာ္ပေရတာေတြထဲမွာ AT&T ႏွင့္ T-Mobile ေတြကို အသံုးျပဳသူ အမ်ားစုဟာ Android ဖုန္းေတြကို အသံုးျပဳၾကေပမယ္႔ Verison နဲ႔ Sprint အသံုးျပဳသူေတြက ေတာ့ အေတာ္ေလးကို ကံဆိုးသူ ေမာင္ရွင္ေတြလုိ႔ဆိုရပါမယ္။

တရုတ္ႏုိင္ငံရဲ႕ မ်ားလွစြာေသာ စမက္ဖုန္းကုမၸဏီေတြကေန သူတို႔ရဲ႕ စမက္ဖုန္းေတြဟာ သူတို႔အတြက္ အေကာင္းဆံုး အျဖစ္ သတ္မွတ္ႏုိင္ဖို႔အတြက္ လံုေလာက္တဲ့ တီထြင္ဖန္တီးမႈေတြ ကိုယ္စီရွိေနၾကပါတယ္။ ဥပမာ အေနျဖင့္ One Plus 3T စမက္ဖုန္းဟာ ဆိုရင္ 6GB RAM ႏွင့္အတူ မ်က္ႏွာျပင္အရြယ္အစား ၅.၅ လက္မမွာ AMOLED Display ကို အသံုးျပဳထားပါတယ္။ ဒါဟာ အေတာ္ေလးကို စိတ္လႈပ္ရွားစရာ ေကာင္းလွပါတယ္။

Huawei P9(ယခု P10 အထိ ရရွိႏုိင္ၿပီ) ဆိုလို႔ရွိရင္လည္း သူ႔မွာ အေကာင္းဆံုးလို႔ဆိုႏုိင္မယ္႔ ကင္မရာႏွစ္လံုး တပ္ဆင္ထား ၿပီး ႏွစ္လံုးစလံုးဟာ monochrome ႏွင့္ color sensors စနစ္ေတြနဲ႔ ဒီဇိုင္းထုတ္ထားလုိ႔ အလင္း ေရာင္အားနည္းလြန္းလွတဲ့ အေျခအေနေတြမွာေတာင္မွ အေကာင္းဆံုး ပံုရိပ္ေတြကို ဖမ္းယူႏုိင္တဲ့ အစြမ္းေတြ ရွိေနပါတယ္။

ေနာက္ထပ္ စမတ္ဖုန္း တစ္မ်ိဳးကေတာ့ LeEco Pro 3 ဆိုတဲ့ စမက္ဖုန္းပါပဲ။ ဒီဖုန္းဟာလဲ အေတာ္ေလးကို လွပေသသပ္ လြန္းတဲ့အျပင္ သတၱဳကိုယ္ထည္နဲ႔ တည္ေဆာက္ထားျပန္ပါတယ္။ ဒါဟာလည္း ေရြးခ်ယ္ စရာတစ္ခုပါပဲ။ ထူးျခားတာကေတာ့ LeEco ဟာ တရုတ္ႏုိင္ငံမွာ သူ႕ရဲ႕မိခင္ကုမၸဏီကိုယ္တုိင္က တရုတ္ႏုိင္ငံမွာ အႀကီးမားဆံုး အင္တာနက္အြန္လိုင္း ဗီဒီယိုေတြကို ေရာင္းခ်တဲ့ ကုမၸဏီ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႕ရဲ႕ အြန္လုိင္းဗီဒီယို ေစ်းကြက္အတြက္ အသံုးျပဳမယ္႔ စမက္ဖုန္းေတြကို သူကိုယ္တုိင္ ထုတ္လုပ္ၿပီး ေစး်ႏႈန္းသက္သက္သာသာနဲ႔ ျပန္လည္ေရာင္းခ်ျခင္း ျဖစ္ပါတယ္။

ေနာက္ဆံုးအေနနဲ႔ကေတာ့ Motorola G5 Plus စမက္ဖုန္းပါပဲ။ Motorola ဆိုတာ အရင္တုန္းက ေတာ့ အေမရိကန္ပိုင္ ျဖစ္ေပမယ္႔ ၂၀၁၄ ခုႏွစ္မွာ Motorola mobility ကို တရုတ္ပိုင္ ကုမၸဏီ တစ္ခု ျဖစ္တဲ့ Lonovo ကေန ၀ယ္ယူလိုက္တဲ့အခ်ိန္မွာေတာ့ တရုတ္ကုမၸဏီ ျဖစ္သြားခဲ့ပါၿပီ။ အခု Motorola G5 Plus ဟာ အေတာ္ေလးကို အထင္ႀကီးစရာေကာင္းလွတဲ့ စမက္ဖုန္းတစ္မ်ိဳးပါပဲ။ ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၂၂၉ သာရွိေပမယ္႔ မ်က္ႏွာျပင္အရြယ္အစား ၅.၂ လက္မ၊ 8-core processor ႏွင့္အတူ 12MP ကင္မရာတို႔ပါ၀င္ပါတယ္။ ဒါေတြဟာ ေစ်းႏႈန္းနဲ႔ ရႏုိင္တဲ့ အခ်က္အလက္ေတြဟာ တန္ေနတဲ့ သေဘာပဲ ျဖစ္ပါတယ္။

ဒါအျပင္ အျခားေသာ ေကာင္းမြန္တဲ့ ဖုန္းေတြ အမ်ားအျပားလည္း တရုတ္ေစ်းကြက္မွာ ရွိသလုိ အေမရိက ေစ်းကြက္အထိကိုပါ ထိုးေဖာက္ဖို႔လုပ္ေဆာင္ေနၾကၿပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ သင့္အေနနဲ႔ ေစ်းကြက္ထဲမွာ နာမည္ႀကီးေနၿပီးသားျဖစ္တဲ့ Apple နဲ႔ Samsung ဖုန္းေတြကို သေဘာမက်ေတာ့ဘူးဆိုရင္ေတာ့ ေစ်းႏႈန္းသက္သက္သာသာနဲ႔ ရႏုိင္မယ္႔ တရုတ္ႏုိင္ငံထုတ္ ဖုန္းေတြဟာ သင့္အတြက္ ေရြးခ်ယ္စရာေတြ အမ်ားႀကီး ျဖစ္လာေနၿပီပဲ ျဖစ္ပါတယ္။

မိုးဆက္ကို(STM)

Unicode : စမက်ဖုန်းဂုရုကြီးများ ရင်ဆိုင်နေရသော တန်ဖိုးနည်းဖုန်းများ

စမက်ဖုန်းလို့ပြောလိုက်တာနဲ့ အမေရိကန်လူမျိုး အတော်များများက Apple ဖုန်းတွေနဲ့ Samsung ရဲ့ Galaxy ဖုန်းတွေလောက်ပဲ မျက်စီထဲ မြင်ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာ နောက်တစ်ကြိမ် အနေနဲ့ ဖုန်းတစ်လုံး ၀ယ်ဖို့လိုအပ်လာပြီဆိုရင်တော့ Apple နဲ့ Samsung အပြင် အခြားသော ရွေးချယ်စရာတွေ ရှိလာနေပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံက ထုတ်တဲ့ စမက်ဖုန်းတွေထဲက အထင်ကြီးစရာကောင်းလောက်တဲ့ ကမ်းလှမ်းမှုတွေနဲ့ စမက်ဖုန်းတွေကို ရွေးချယ်လာရပါတော့မယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ကောင်းပေ့ဆိုတဲ့ အညွှန်းတွေနဲ့အတူ ထူးခြားမှုတွေ ပါလာတက်သလို ဈေးနှုန်းတွေကလည်း သက်သာနေလို့ပဲ ဖြစ်ပါတယ်။

Huawei, One Plus , Xiaomi အပြင် အခြားသော စမက်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီ အများစုဟာ Google ရဲ့ Android OS တွေကိုသာ အသုံးပြုကြသလို အဆိုပါစမက်ဖုန်းတွေဟာ ပိုမိုဆွဲဆောင်မှုတွေရှိလာ၊ စွမ်းဆောင်ရည်တွေပြည့်ဝလာရုံတင်မကပဲ Features တွေလည်း စုံလင်စွာ အသုံးပြုနိုင်ကြပါတယ်။

အဲဒီအထဲမှာမှ အမေရိကရှိ ဖုန်းအော်ပရေတာတွေထဲမှာ AT&T နှင့် T-Mobile တွေကို အသုံးပြုသူ အများစုဟာ Android ဖုန်းတွေကို အသုံးပြုကြပေမယ့် Verison နဲ့ Sprint အသုံးပြုသူတွေက တော့ အတော်လေးကို ကံဆိုးသူ မောင်ရှင်တွေလို့ဆိုရပါမယ်။

တရုတ်နိုင်ငံရဲ့ များလှစွာသော စမက်ဖုန်းကုမ္ပဏီတွေကနေ သူတို့ရဲ့ စမက်ဖုန်းတွေဟာ သူတို့အတွက် အကောင်းဆုံး အဖြစ် သတ်မှတ်နိုင်ဖို့အတွက် လုံလောက်တဲ့ တီထွင်ဖန်တီးမှုတွေ ကိုယ်စီရှိနေကြပါတယ်။ ဥပမာ အနေဖြင့် One Plus 3T စမက်ဖုန်းဟာ ဆိုရင် 6GB RAM နှင့်အတူ မျက်နှာပြင်အရွယ်အစား ၅.၅ လက်မမှာ AMOLED Display ကို အသုံးပြုထားပါတယ်။ ဒါဟာ အတော်လေးကို စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။

Huawei P9(ယခု P10 အထိ ရရှိနိုင်ပြီ) ဆိုလို့ရှိရင်လည်း သူ့မှာ အကောင်းဆုံးလို့ဆိုနိုင်မယ့် ကင်မရာနှစ်လုံး တပ်ဆင်ထား ပြီး နှစ်လုံးစလုံးဟာ monochrome နှင့် color sensors စနစ်တွေနဲ့ ဒီဇိုင်းထုတ်ထားလို့ အလင်း ရောင်အားနည်းလွန်းလှတဲ့ အခြေအနေတွေမှာတောင်မှ အကောင်းဆုံး ပုံရိပ်တွေကို ဖမ်းယူနိုင်တဲ့ အစွမ်းတွေ ရှိနေပါတယ်။

နောက်ထပ် စမက်ဖုန်း တစ်မျိုးကတော့ LeEco Pro 3 ဆိုတဲ့ စမက်ဖုန်းပါပဲ။ ဒီဖုန်းဟာလဲ အတော်လေးကို လှပသေသပ် လွန်းတဲ့အပြင် သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြန်ပါတယ်။ ဒါဟာလည်း ရွေးချယ် စရာတစ်ခုပါပဲ။ ထူးခြားတာကတော့ LeEco ဟာ တရုတ်နိုင်ငံမှာ သူ့ရဲ့မိခင်ကုမ္ပဏီကိုယ်တိုင်က တရုတ်နိုင်ငံမှာ အကြီးမားဆုံး အင်တာနက်အွန်လိုင်း ဗီဒီယိုတွေကို ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အွန်လိုင်းဗီဒီယို ဈေးကွက်အတွက် အသုံးပြုမယ့် စမက်ဖုန်းတွေကို သူကိုယ်တိုင် ထုတ်လုပ်ပြီး စေးျနှုန်းသက်သက်သာသာနဲ့ ပြန်လည်ရောင်းချခြင်း ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ Motorola G5 Plus စမက်ဖုန်းပါပဲ။ Motorola ဆိုတာ အရင်တုန်းက တော့ အမေရိကန်ပိုင် ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ်မှာ Motorola mobility ကို တရုတ်ပိုင် ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Lonovo ကနေ ၀ယ်ယူလိုက်တဲ့အချိန်မှာတော့ တရုတ်ကုမ္ပဏီ ဖြစ်သွားခဲ့ပါပြီ။ အခု Motorola G5 Plus ဟာ အတော်လေးကို အထင်ကြီးစရာကောင်းလှတဲ့ စမက်ဖုန်းတစ်မျိုးပါပဲ။ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၂၉ သာရှိပေမယ့် မျက်နှာပြင်အရွယ်အစား ၅.၂ လက်မ၊ 8-core processor နှင့်အတူ 12MP ကင်မရာတို့ပါ၀င်ပါတယ်။ ဒါတွေဟာ ဈေးနှုန်းနဲ့ ရနိုင်တဲ့ အချက်အလက်တွေဟာ တန်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒါအပြင် အခြားသော ကောင်းမွန်တဲ့ ဖုန်းတွေ အများအပြားလည်း တရုတ်ဈေးကွက်မှာ ရှိသလို အမေရိက ဈေးကွက်အထိကိုပါ ထိုးဖောက်ဖို့လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ ဈေးကွက်ထဲမှာ နာမည်ကြီးနေပြီးသားဖြစ်တဲ့ Apple နဲ့ Samsung ဖုန်းတွေကို သဘောမကျတော့ဘူးဆိုရင်တော့ ဈေးနှုန်းသက်သက်သာသာနဲ့ ရနိုင်မယ့် တရုတ်နိုင်ငံထုတ် ဖုန်းတွေဟာ သင့်အတွက် ရွေးချယ်စရာတွေ အများကြီး ဖြစ်လာနေပြီပဲ ဖြစ်ပါတယ်။

မိုးဆက်ကို(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: