Home Tech KFC branded အမွတ္တံဆိပ္ျဖင့္ ထုတ္လုပ္ခဲ့ေသာ Huawei စမတ္ဖုန္း

KFC branded အမွတ္တံဆိပ္ျဖင့္ ထုတ္လုပ္ခဲ့ေသာ Huawei စမတ္ဖုန္း

0

KFC အေနျဖင့္ တရုတ္ႏုိင္ငံကို ေရာင္ရွိျခင္း ႏွစ္ ၃၀ ျပည့္အထိမ္းအမွတ္အျဖင့္ KFC အမွတ္တံဆိပ္ ျဖင့္ Huawei အမွတ္တံဆိပ္ စမတ္ဖုန္းတစ္မ်ိဳးကို အေရအတြက္အကန္႔အသတ္ျဖင့္ ထုတ္လုပ္ခဲ့တယ္လုိ႔ ဆိုပါတယ္။

အဆုိပါ KFC – Huawei branded စမတ္ဖုန္းတြင္ KFC ကို စတင္တည္ေဆာက္သူ Colonel Sanders ရဲ႕ မ်က္ႏွာကို ဖုန္းရဲ႕ ေနာက္ေက်ာဖက္တြင္ တံဆိပ္ရိုက္ႏွိပ္ထားၿပီး ေအာက္ပိုင္းတြင္ Huawei logo အမွတ္အသားႏွင့္ျဖစ္ကာ အေရာင္ကေတာ့ KFC ရဲ႕ အေရာင္ျဖစ္တဲ့ အနီေရာင္ျဖင့္ ထုတ္လုပ္ထားျခင္း ျဖစ္ပါတယ္။

KFC မွာ အေနာက္ႏုိင္ငံမ်ားမွ တရုတ္ႏုိင္ငံသို႔ ပထဆံုးေရာက္ရွိေသာ Brand အမွတ္တံဆိပ္ တစ္ခု ျဖစ္ကာ ၁၉၈၇ ခုႏွစ္တြင္ KFC တည္ေဆာက္သူ Colonel Sanders က တရုတ္ႏုိင္ငံတြင္ လာေရာက္ရင္းႏွီးျမွဳပ္ႏွံခဲ့ျခင္း ျဖစ္ကာ ယခုဆိုရင္ နွစ္ေပါင္း ၃၀ ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။

အဆိုပါ ဖုန္းအတြင္း အသံုးျပဳထားတဲ့ အခ်က္အလက္ေတြနဲ႔ ေစ်းႏႈန္းေတြကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးသလိုပဲ Huawei ရဲ႕ဘယ္လိုဖုန္းအမ်ိဳးအစားကို အသံုးျပဳထားလဲ ဆိုတာေတာင္ မသိႏုိင္ေသးပါဘူး။ ဒါေပမယ္႔ အနီးစပ္ဆံုး ခန္႔မွန္းခ်က္မ်ားအရေတာ့ အဆုိပါဖုန္းဟာ Huawei Honor 8 Pro အမ်ိဳးအစားျဖစ္မယ္လို႔ ဆိုပါတယ္။

အဆိုပါဖုန္းကို brand နာမည္ႏွစ္ခုစလံုးနဲ႔ တရုတ္ႏုိင္ငံမွာ ေၾကျငာခဲ႔ေပမယ္႔ ေစ်းႏႈန္းဘယ္ ေလာက္လဲ၊ ဘယ္မ်ာ ေရာင္းခ်လဲဆိုတာကေတာ့ ဘယ္သူမွ မသိႏုိင္ခဲ့ပါဘူး။ KFC အေနျဖင့္ တရုတ္ႏုိင္ငံရဲ႕ အင္တာနက္ကုမၸဏီႀကီးျဖစ္သည့္ Alibaba ရဲ႕ အြန္လုိင္းစတိုးတစ္ခုျဖစ္ေသာ TMall မွ KFC မ်ားကို မွာယူႏိုင္တဲ့အတြက္ ယခုဖုန္းမွာလည္း TMall ရဲ႕ အြန္လုိင္းစတိုးကေန ေရာင္းခ်မယ္လုိ႔ ဆိုပါတယ္။ မည္သို႔ပင္ ဆိုေစ KFC ဖုန္းမွာ Fingerprint Sensor စနစ္ပါ၀င္မွာျဖစ္ပါတယ္။

ေနာက္ဆံုး The Verge မွ ရရွိတဲ့ သတင္းအရေတာ့ KFC Huawei စမတ္ဖုန္းဟာ မ်က္ႏွာျပင္ အရြယ္ အစား ၅ လက္မရွိမွာျဖစ္ၿပီး ပရိုဆက္ဆာအေနျဖင့္ Snapdragon 425 processor ကို အသံုးျပဳမွာျဖစ္ကာ 3GB of RAM ႏွင့္ အခ်က္အလက္သုိေလွာင္မႈအျဖစ္ 32GB of storage ပါ၀င္ကာ ေနာက္ထပ္ Micro SD အျဖစ္လည္း ထည့္သြင္းႏုိင္မွာ ျဖစ္ပါတယ္။ အသံုးျပဳထားတဲ့ ဘက္ထရီကေတာ့ 3,020mAh ျဖစ္ကာ ေစ်းႏႈန္းကေတာ့ 1,099 RMB(ေဒၚလာ ၁၆၂) ၀န္းက်င္ ေလာက္ က်သင့္မွာ ျဖစ္ပါတယ္။

မိုးဆက္ကို(STM)

Unicode : KFC branded အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခဲ့သော Huawei စမက်ဖုန်း

KFC အနေဖြင့် တရုတ်နိုင်ငံကို ရောင်ရှိခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြင့် KFC အမှတ်တံဆိပ် ဖြင့် Huawei အမှတ်တံဆိပ် စမက်ဖုန်းတစ်မျိုးကို အရေအတွက်အကန့်အသတ်ဖြင့် ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။  အဆိုပါ KFC – Huawei branded စမက်ဖုန်းတွင် KFC ကို စတင်တည်ဆောက်သူ Colonel Sanders ရဲ့ မျက်နှာကို ဖုန်းရဲ့ နောက်ကျောဖက်တွင် တံဆိပ်ရိုက်နှိပ်ထားပြီး အောက်ပိုင်းတွင် Huawei logo အမှတ်အသားနှင့်ဖြစ်ကာ အရောင်ကတော့ KFC ရဲ့ အရောင်ဖြစ်တဲ့ အနီရောင်ဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

KFC မှာ အနောက်နိုင်ငံများမှ တရုတ်နိုင်ငံသို့ ပထဆုံးရောက်ရှိသော Brand အမှတ်တံဆိပ် တစ်ခု ဖြစ်ကာ ၁၉၈၇ ခုနှစ်တွင် KFC တည်ဆောက်သူ Colonel Sanders က တရုတ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်ကာ ယခုဆိုရင် နှစ်ပေါင်း ၃၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ဖုန်းအတွင်း အသုံးပြုထားတဲ့ အချက်အလက်တွေနဲ့ ဈေးနှုန်းတွေကတော့ ရှင်းရှင်းလင်းလင်း မရှိသေးသလိုပဲ Huawei ရဲ့ဘယ်လိုဖုန်းအမျိုးအစားကို အသုံးပြုထားလဲ ဆိုတာတောင် မသိနိုင်သေးပါဘူး။ ဒါပေမယ့် အနီးစပ်ဆုံး ခန့်မှန်းချက်များအရတော့ အဆိုပါဖုန်းဟာ Huawei Honor 8 Pro အမျိုးအစားဖြစ်မယ်လို့ ဆိုပါတယ်။

အဆိုပါဖုန်းကို brand နာမည်နှစ်ခုစလုံးနဲ့ တရုတ်နိုင်ငံမှာ ကြေငြာခဲ့ပေမယ့် ဈေးနှုန်းဘယ် လောက်လဲ၊ ဘယ်မျာ ရောင်းချလဲဆိုတာကတော့ ဘယ်သူမှ မသိနိုင်ခဲ့ပါဘူး။ KFC အနေဖြင့် တရုတ်နိုင်ငံရဲ့ အင်တာနက်ကုမ္ပဏီကြီးဖြစ်သည့် Alibaba ရဲ့ အွန်လိုင်းစတိုးတစ်ခုဖြစ်သော TMall မှ KFC များကို မှာယူနိုင်တဲ့အတွက် ယခုဖုန်းမှာလည်း TMall ရဲ့ အွန်လိုင်းစတိုးကနေ ရောင်းချမယ်လို့ ဆိုပါတယ်။ မည်သို့ပင် ဆိုစေ KFC ဖုန်းမှာ Fingerprint Sensor စနစ်ပါ၀င်မှာဖြစ်ပါတယ်။

နောက်ဆုံး The Verge မှ ရရှိတဲ့ သတင်းအရတော့ KFC Huawei စမက်ဖုန်းဟာ မျက်နှာပြင် အရွယ် အစား ၅ လက်မရှိမှာဖြစ်ပြီး ပရိုဆက်ဆာအနေဖြင့် Snapdragon 425 processor ကို အသုံးပြုမှာဖြစ်ကာ 3GB of RAM နှင့် အချက်အလက်သိုလှောင်မှုအဖြစ် 32GB of storage ပါ၀င်ကာ နောက်ထပ် Micro SD အဖြစ်လည်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ ဘက်ထရီကတော့ 3,020mAh ဖြစ်ကာ ဈေးနှုန်းကတော့ 1,099 RMB(ဒေါ်လာ ၁၆၂) ၀န်းကျင် လောက် ကျသင့်မှာ ဖြစ်ပါတယ်။

မိုးဆက်ကို(STM)

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: