Wireless အားသြင္းလို႕ရတယ္ဆိုတာ စမတ္ဖုန္းေတြမွာဘဲ ရေသးတာျဖစ္ျပီး ကြန္ျပဴတာေတြမွာ မရရွိေသးပါဘူး။ ဒါေပမယ့္ Dell ကေတာ့ ၾကိဳးမဲ့အားသြင္းႏုိင္မယ့္ Convertible Tablet တစ္မ်ိဳးကို မိတ္ဆက္ထုတ္လုပ္လိုက္ပါျပီ။ Convertible Tablet ကို အေတာ္မ်ားမ်ား Notebook အမ်ိဳးအစားလို႕ထင္ၾကတာမ်ားပါတယ္။ Convertible Tablet ဆုိတာ အလြယ္တစ္ကူျဖဳတ္တပ္ႏုိင္တဲ့ ခရီးေဆာင္ကြန္ျပဴတာအမ်ိဳးအစားကို ဆိုလိုတာျဖစ္ပါတယ္။
Dell Latitude 7285 လို႕အမည္ေပးထားတဲ့ Convertible Tablet ဟာ Laptop ႏွင့္ Tablet ပံုစံ ၂ မ်ိဳးနဲ႕သံုးႏုိင္ျပီး မ်က္ႏွာျပင္ကို ၁၂.၃ လက္မအက်ယ္ရွိပါတယ္။ Touch-screen ျဖစ္တဲ့အျပင္ Screen Resolution ကေတာ့ 2880×1920 ရွိတဲ့အတြက္ အလြန္ၾကည္လင္ျပတ္သားေနမွာ ျဖစ္ပါတယ္။ Windows 10 OS ျဖင့္အသံုးျပဳႏုိင္မွာ ျဖစ္ျပီး ကြန္ျပဴတာေရွ႕မွာ မ်က္ႏွာျပရံုနဲ႕ Login ၀င္ႏုိင္မယ့္စနစ္လည္း ပါရွိပါတယ္။
Wireless Charging Mat မပါတဲ့ ဗားရွင္းကိုေတာ့ ေဒၚလာ ၁၂၀၀ ျဖင့္၀ယ္ယူရရွိႏုိင္မွာ ျဖစ္ျပီး Wireless Charging Mat + Keyboard Combo ကိုေတာ့ ေဒၚလာ ၅၅၀ ခန္႕နဲ႕ ထပ္မံ၀ယ္ယူရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာေငြနဲ႕ တြက္မယ္ဆိုရင္ Dell Latitude 7285 ဟာ ၂၇သိန္း၀န္းက်င္ခန္႕ရွိမွာ ျဖစ္ပါတယ္။
Unicode: ကမ္ဘာ့ပထမဆုံး Wireless အားသွင်းလို့ရတဲ့ DELL ရဲ့ Convertible Tablet
Wireless အားသွင်းလို့ရတယ်ဆိုတာ စမတ်ဖုန်းတွေမှာဘဲ ရသေးတာဖြစ်ပြီး ကွန်ပြူတာတွေမှာ မရရှိသေးပါဘူး။ ဒါပေမယ့် Dell ကတော့ ကြိုးမဲ့အားသွင်းနိုင်မယ့် Convertible Tablet တစ်မျိုးကို မိတ်ဆက်ထုတ်လုပ်လိုက်ပါပြီ။ Convertible Tablet ကို အတော်များများ Notebook အမျိုးအစားလို့ထင်ကြတာများပါတယ်။ Convertible Tablet ဆိုတာ အလွယ်တစ်ကူဖြုတ်တပ်နိုင်တဲ့ ခရီးဆောင်ကွန်ပြူတာအမျိုးအစားကို ဆိုလိုတာဖြစ်ပါတယ်။
Dell Latitude 7285 လို့အမည်ပေးထားတဲ့ Convertible Tablet ဟာ Laptop နှင့် Tablet ပုံစံ ၂ မျိုးနဲ့သုံးနိုင်ပြီး မျက်နှာပြင်ကို ၁၂.၃ လက်မအကျယ်ရှိပါတယ်။ Touch-screen ဖြစ်တဲ့အပြင် Screen Resolution ကတော့ 2880×1920 ရှိတဲ့အတွက် အလွန်ကြည်လင်ပြတ်သားနေမှာ ဖြစ်ပါတယ်။ Windows 10 OS ဖြင့်အသုံးပြုနိုင်မှာ ဖြစ်ပြီး ကွန်ပြူတာရှေ့မှာ မျက်နှာပြရုံနဲ့ Login ဝင်နိုင်မယ့်စနစ်လည်း ပါရှိပါတယ်။
Wireless Charging Mat မပါတဲ့ ဗားရှင်းကိုတော့ ဒေါ်လာ ၁၂၀၀ ဖြင့်ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး Wireless Charging Mat + Keyboard Combo ကိုတော့ ဒေါ်လာ ၅၅၀ ခန့်နဲ့ ထပ်မံဝယ်ယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာငွေနဲ့ တွက်မယ်ဆိုရင် Dell Latitude 7285 ဟာ ၂၇သိန်းဝန်းကျင်ခန့်ရှိမှာ ဖြစ်ပါတယ်။