Home News လယ်ကွက်ပေါ်က ချစ်စရာ ကောင်းတဲ့ ဆိုလာပြားပရောဂျက်


0



solar




Unicode : လယ်ကွက်ပေါ်က ချစ်စရာ ကောင်းတဲ့ ဆိုလာပြားပရောဂျက်

သန့်ရှင်းတဲ့ စွမ်း အင်က ဒီလောက် အထိ ချစ်ဖို့ ကောင်းမယ်လို့ ဘယ်သူက ထင်မှာ လဲ။ တရုတ်က ဆိုလာပြားတွေ နဲ့ လယ်ကွက်တွေ ပေါ်မှာ ဆိုလာပြား နဲ့ ပန်ဒါ ပုံ ဖော်တဲ့ အစီ အစဉ်ကို အရင်တစ်ပတ်က စခဲ့ပါတယ်။ ဒီပရောဂျက်ကို လုပ်ဆောင်နေတာက ပန်ဒါလို့ ခေါ်တဲ့ အစိမ်းရောင်စွမ်း အင် အဖွဲ့က ဖြစ်ပြီး ၅၀ မဂ္ဂွါဝပ် ထွက် ရှိပါတယ်။ အမေရိကန်မှာ ရှိတဲ့ အိမ်ခြေ ၈ ထောင်ကျော်ထက် လျှပ်စစ်ထုတ်လုပ် မှု ပိုပေး နိုင်တယ်လို့ နေထိုင်သူတွေက ဆိုပါတယ်။

ဒီဆိုလာက တရုတ်ပြည်မြောက်ပိုင်းက ရှန်စီ စီရင်စုဖြစ်တဲ့ တတုန် မှာ တည်ရှိပါတယ်။ နောက်ထပ် ဆိုလာ နဲ့ ပုံဖော်ထားတဲ့ ပန်ဒါတစ်ကောင်က တော့ တည်ဆောက်ဆဲဖြစ်ပါတယ်။ “ဓါတ်အား ပေး စက်ရုံတွေကို ပန်ဒါပုံ စံ နဲ့ ဒီဇိုင်း ဆွဲတာ ဟာ လူငယ်တွေကို စူးစမ်း စေလိုစိတ်ဖြစ်စေ ရုံသာမက ဆိုလာ စွမ်း အင်နဲ့ ပတ်သက် တဲ့ ညွှန်ကြား ချက် ကိုလည်း စိတ်ဝင် စားမှု ဖြစ်အောင် တွန်းအားပေးရာ ရောက်ပါတယ်။” လို့ ပန်ဒါ အစိမ်းရောင် စွမ်းအင် ရဲ့ စီအီးအို ဖြစ်တဲ့ လီယွန်က လွန်ခဲ့တဲ့နှစ် မေလက ဆင်ဟွာ သတင်း ဌာ နကို ပြောပါတယ်။

ပန်ဒါ အစိမ်းရောင် စွမ်းအင် ကုပ္ပဏ္ဏီ က ဒီလို ပန်ဒါ ပုံစံ ဆိုလာ တည်ဆောက်မှု ကို တစ်ခြားနိုင်ငံ တွေရဲ့ အလယ်ပိုင်း နဲ့ အရှေ့တောင်အာ ရှ တစ်ခွင် မှာပါ ဆက်လက် တည်ဆောက်သွား ဖို့ မျော်လင့် ချက်ရှိနေပါတယ်။

ဒီ ကုပ္ပဏ္ဏီ က ဖီဂျီ နဲ့ ဖီလစ်ပိုင် လို နိုင်ငံ တွေမှာ လုပ်ငန်းကို တိုးချဲ့ ဆောင် ရွက် ဖို့ ရာထားပြီး နောက် ငါးနှစ် မှာ ပန်ဒါ ဒီဇိုင်း ပုံ စံ ဆိုလာ ဓါတ်အား ပေး စက်ရုံ ၁၀၀ ကျော်လောက် တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ဓါတ်အားပေး စက်ရုံကို နိုင်ငံ ရဲ့ အထိမ်းအမှတ် တိရိစ ္ဆာန် အပေါ် မူတည်ပြီး ကိုအာလာ နှင့် ကြံ ပုံစံ ပါဝင်လာမှာ ဖြစ်ပါတယ်။

“ ပန်ဒါ ပုံစံ ဆိုလာ ဓါတ်အား ပေးစက်ရုံ တွေဟာ ခရီးသွား ဧည့်သည်တွေ မျက်စိကျ စရာနေရာ တစ်ခုဖြစ်လာ မယ်လို့ ယုံကြည်ပြီး ကျွန်တော်တို့ အဖွဲ့ ဟာ ဒီ ပန်ဒါ ဒီဇိုင်း နဲ့ ဆိုလာ စက်ရုံတွေကို တစ်ကမ္ဘာလုံးဖြန့် ကျက် သွားဖို့ ရှိတယ်လို့” လီက ဆင်ဟွာ ကိုပြောပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: