Home News IS အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့သည်ဟု စွပ်စွဲခံရသော အမေရိကန်စစ်သားအား ဖမ်းဆီးထိန်းသိမ်း


0




 Unicode: IS အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့သည်ဟု စွပ်စွဲခံရသော အမေရိကန်စစ်သားအား ဖမ်းဆီးထိန်းသိမ်း

အသက် ၃၄ နှစ်အရွယ် အမေရိကန်စစ်သား Ikaika Erik Kang အား IS အကြမ်းဖက်အဖွဲ့များကို ပစ္စည်းများထောက်ပံ့ခြင်းနှင့် စစ်ရေးလေ့ကျင့်သင်ကြားပေးခြင်း စသည့်စွပ်စွဲချက်များဖြင့် ဟာဝိုင်အီကျွန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါ အမေရိကန်စစ်သားမှာ ကြည်းတပ်နှင့်တွဲဖက်လုပ်ဆောင်ရသော လေကြောင်းထိန်းချုပ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး အီရတ်နှင့် အာဖကန်နစ္စတန်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ စစ်မှုထမ်းဆောင်နေစဉ်အတွင်း Army Commendation ဆု၊ Army Achievement ဆု၊ Global War on Terrorism Service ဆုနှင့် Army Good Conduct ဆုတို့ အပါအဝင် ဆုပေါင်း ၁၀ ခုရရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း လက်ရှိတွင် IS အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ချိတ်ဆက်ထားသည်ဟု စွပ်စွဲခံထားရပြီး တရားရုံးတွင် တရားရင်ဆိုင်ရမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: