Home News မက်စီကို မြို့ရဲ့မြေအောက်က ရာနဲ့ချီတဲ့ ဦးခေါင်းခွံတွေက Aztec တွေရဲ့ ယစ်ပူဇော်မှုလား
မက်စီကို မြို့ရဲ့မြေအောက်က ရာနဲ့ချီတဲ့ ဦးခေါင်းခွံတွေက Aztec တွေရဲ့ ယစ်ပူဇော်မှုလား
0
လူသားတွေရဲ့ ကျန်ရှိနေတဲ့ အရေအတွက်က ပဲရစ်လိုဏ်ခေါင်းထဲမှာ မြှုပ်ထားတဲ့ လူဦးရေနဲ့ ထပ်တူကျချင်မှ ကျမှာပါ။ ဒါပေမယ့်လည်း မက်စီ ကို မြို့ရဲ့ နက်စောက်တဲ့ နေရာ တစ်ခု မှာ တွေ့ရှိတဲ့ အရာ တစ်ခု ကကြောက်စရာကောင်း ပြီး ဒီတွေ့ ရှိမှုက အက်တက်( Azetecs ) တွေရဲ့ ကျင့်စဉ်ဖြစ်တဲ့ ယစ်ပူဇော်ခြင်း အယူအဆကို ဖော်ပြနေပါတယ်။
မျှော်စင်လို ပုံစံနေကျနေတဲ့ ၆၅၀ ကျော်လောက်ရှိတဲ့ ဦးခေါင်းခွံတွေက အမျိုးသမီး နဲ့ ကလေးတွေ ရဲ့ ဦးခေါင်းခွံတွေ ဖြစ်ပြီး တမ်ပလို မေယာ( Templo Mayor ) အနီးမှာ ရှေးဟောင်းသုတေသန ပညာရှင်တွေက တူးဖော်တွေ့ ရှိခဲ့တာဖြစ်ပါတယ်။
ဒီဦးခေါင်းခွံတွေက Huey Tzompantli ရဲ့ လက်ကျန်ပုံစံ တွေဖြစ်ပြီး စပိန်တွေရဲ့ ကျူးကျော်မှု ရန်က နေ ကာကွယ်ဖို့ စီစဉ်ထားတဲ့ ပုံစံ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဦးခေါင်းခွံတွေ့ ရှိတဲ့စင်မှာ သာမာန်အားဖြင့် ဖမ်းဆီးခံရတဲ့ စစ်သားတွေဖြစ်ကြပါတယ်။ နောက်ဆုံး တွေ့ ရှိချက်ကနေ အက်တက် (Azetecs) ရဲ့ ယစ်ပူဇော်ခြင်းနဲ့ ပတ်သက်ပြီး မေးစရာတွေရှိလာပါတယ်။
aztec-skulls
“ကျွန်တော်တို့ မျှော်လင့်တာက ငယ်ရွယ်တဲ့ ယောကျာၤး လေးတွေက သာ စစ်သား တွေဖြစ်သင့်ပြီး ဒီမှာတွေ့ရှိတဲ့ အရိုးခေါင်းတွေက ကလေးတွေ နဲ့ အမျိုးသမီး ဦးခေါင်းခွံ ဖြစ်တာကြောင့် စစ်ထွက်တိုက်ထားတာ မဟုတ်ဘူးလို့ ယူဆရပါတယ်။” လို့ မနုဿ ဗေဒပညာရှင် ရိုဒရီကို ဘိုလန်နို(Rodrigo Bolanos) ကသတင်းမှာ ပြောကြားပါတယ်။
လူတွေကို ယစ်ပူဇော်တာက အက်တက် (Aztecs) ရဲ့ ဘာသာရေးကျင့်စဉ်တစ်ခုဖြစ်ပြီး မက်ဆို အမေရိကန်ရဲ့ ယဉ်ကျေးမှု တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ ယုံကြည်မှု ဟာ ဘုရားရှင် ကို ပူဇော်ပသ ဖို့ နဲ့ လူသားမျိုးနွယ် ကြွယ်၀ ချမ်းသာ မှုကို သေချာအောင် ပြသတဲ့ လိုအပ်ချက်တစ်ရပ် လို့ မှတ်ယူကြပါတယ်။
သမိုင်းတွေမှာ သင် သင်ခဲ့ရသလို အက်တက်( Azetecs) တွေက သမိုင်းမှာ အင်အားကြီး ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော်တို့ သိတာက အဲ့ဒီ အသိ ကို အသံုံးချပြီး စစ်သား ဟုတ်မဟုတ်ကို ဆုံး ဖြတ်ရမယ့် အချိန်ပါပဲ။
Zawgyi Font : မက်စီကို မြို့ရဲ့မြေအောက်က ရာနဲ့ချီတဲ့ ဦးခေါင်းခွံတွေက Aztec တွေရဲ့ ယစ်ပူဇော်မှုလား
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: