Home News အမေရိကန်၏လုပ်ရပ်သည် နျူကလီးယားစစ်ပွဲဖြစ်စေရန် တွန်းပို့နေခြင်းဖြစ်သည်ဟု မြောက်ကိုးရီးယားမှ သတိပေး

အမေရိကန်၏လုပ်ရပ်သည် နျူကလီးယားစစ်ပွဲဖြစ်စေရန် တွန်းပို့နေခြင်းဖြစ်သည်ဟု မြောက်ကိုးရီးယားမှ သတိပေး

0

ဇူလိုင်လ၄ရက်နေ့တွင် မြောက်ကိုးရီးယားမှ တာလတ်ပစ်တိုက်ချင်းပစ် ဒုံးကျဉ်ကိုစမ်းသပ် ပစ်လွှတ်ခဲ့သဖြင့် အမေရိကန်အနေဖြင့် ဆက်လက်သည်းခံနိုင်တဲ့ အခြေအနေကုန်ခန်းသွားပြီဟု သတိပေးခဲ့ပါတယ်။ ထို့နောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲ၌လည်း ထရန့်က တရုတ်သမ္မတ ရှီကျင့်ပင်းကို မြောက်ကိုးရီးယားကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ခု လုပ်ဆောင်မှဖြစ်တော့မည်ဟု ပြောကြားခဲ့ပါတယ်။

ထို့ကြောင့် မြောက်ကိုးရီးယားကို ပြန်လည်တုန့်ပြန်သည့် အနေဖြင့် အမေရိကန်နှင့် တောင်ကိုးရီးယားတို့က စစ်ရေးလေ့ကျင့်မှုတစ်ခုကို ဇူလိုင်လ ၈ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုတွင် အမေရိကန်၏ B1B Lancer ဗုံးကြဲလေယာဉ်ကြီးများသည် အကာအကွယ် အမြောက်အများထားရှိထားသော ကိုးရီးယားနှစ်နိုင်ငံ နယ်စပ်အနီးအထိပျံသန်းပြီးနောက် ပေါင်၂၀၀၀ ခန့် အလေးချိန်ရှိသော ဗုံးကြီးများကို ကြဲချပြသခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုးရီးယားဘက်မှလည်း ထိုစစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၉ရက်နေ့တွင် “အမေရိကန်နှင့် သူ့ရဲ့ အန္တရာယ်များတဲ့ စစ်ရေးရန်စမှုဟာ ကိုးရီးယားကျွန်းဆွယ်ကို နျူကလီးယားစစ်ပွဲ ဖြစ်အောင် အဆုံးအစွန်သော အခြေအနေအထိ တွန်းပို့နေတာဖြစ်ပြီး သေးငယ်တဲ့ ထင်မြင်ယူဆချက်ကွဲလွဲမှု ဒါမှမဟုတ် အမှားတစ်ခုဟာ နျူကလီးယား စစ်ပွဲအစကို ချက်ချင်း ဦးတည်သွားစေနိုင်ပါတယ်” ဟု အမေရိကန်ကို ပြန်လည်သတိပေး ပြောဆိုခဲ့ပါတယ်။

Zawgyi Font : အမေရိကန်၏လုပ်ရပ်သည် နျူကလီးယားစစ်ပွဲဖြစ်စေရန် တွန်းပို့နေခြင်းဖြစ်သည်ဟု မြောက်ကိုးရီးယားမှ သတိပေး




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: