Home How To နေကာမျက်မှန်ကောင်းတစ်လက် ဘယ်လိုဖွဲ့စည်းထားလဲ

နေကာမျက်မှန်ကောင်းတစ်လက် ဘယ်လိုဖွဲ့စည်းထားလဲ

0
နေကာမျက်မှန်ကောင်းတစ်လက် ဘယ်လိုဖွဲ့စည်းထားလဲ

ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှ အလုပ်တွေလုပ်နေကြတဲ့အတွက် နေပူထဲကို နေ့စဉ်သွားလာ နေကြရပါတယ်။ ဒီလိုနေပူထဲကိုသွားတဲ့အခါမှာ နေအပူရှိန်သက်သာစေဖို့နဲ့ ကျွန်တော်တို့ရှိ တန်ဖိုးရှိလှတဲ့ မျက်လုံးလေးတွေကို သက်သာစေဖို့ရန်အတွက် နေကာမျက်မှန်ကိုတပ်ကြပါတယ်။ ဒါပေမဲ့ နေကာမျက်မှန် ကောင်းကိုတပ်ပါမှ ကျွန်တော်တို့ရဲ့မျက်စိကို အပြည့်အဝကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေကာမျက်မှန်ကောင်းတစ်လက်မှာ ပါဝင်တဲ့ အချက်အလက်များကို Ray-Ban မျက်မှန်မှ ပညာရှင်တစ်ယောက် က ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ နေကာမျက်မှန်ကောင်းတစ်လက်ကို အလွှာ၅လွှာဖြင့်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

၁။ ပထမအလွှာ

ပထမဦးဆုံးအလွှာကတော့ မျက်မှန်ကိုခြစ်ရာတွေ ရှရာတွေကိုကာကွယ်ပေးတဲ့ အလွှာဖြစ်ပါတယ်။ သူဟာ မှန်ကိုထိခိုက် ခြင်းကိုကာကွယ်ပေးတဲ့အပြင် အပူနဲ့ UV ကိုပါကာကွယ်ပေးမှာဖြစ်ပါတယ်။

၂။ ဒုတိယအလွှာ

ဒုတိယအလွှာကတော့ အရောင်ပါဝင်တဲ့အလွှာဖြစ်ပါတယ်။ ဒီအလွှာမှာ ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ အရောင်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

၃။တတိယအလွှာ

ဒါကတော့ လူသိများတဲ့ Polarize ပါဝင်တဲ့အလွှာဖြစ်ပါတယ်။ Polarize ရဲ့လုပ်ဆောင်ချက်ကတော့ ရောင်ပြန်တွေကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ သူဟာအလျားပုံ လိုင်းအဖြစ် တည်ရှိနေတာဖြစ်ပြီး စူးရှတဲ့ အလင်းတွေကို လျော့ချပေးတာဖြစ်ပါတယ်။

၄။ စတုတ္ထအလွှာ

စတုတ္ထအလွှာမှာကတော့ စိန်နဲ့ အသေအခြာဖြတ်တောက်ထားတဲ့ ကြည်လင်ပြတ်သားတဲ့ မှန်ဘီလူးအလွှာ ဖြစ်ပါတယ်။ ဒီအလွှွာမှာသုံးတဲ့ မှန်ဘီလူးအရည်အသွေးကောင်းမှ မြင်ကွင်းကိုကောင်းကောင်း မြင်ရမှာ ဖြစ်ပါတယ်။ Ray-Ban မှာကတော့ polycarbonate မှန်ဘီလူးကို အသုံးပြုထားပါတယ်။ သူဟာ UV ကိုလည်း ကာကွယ်ပေးသလို မြင်ကွင်းကိုလည်း ကြည်လင်ပြတ်သားစေပါတယ်။

၅။ ပဉ္စမအလွှာ

နောက်ဆုံးအလွှာကတော့ အမှောင်ထုအလွှာလို့ခေါ်ပါတယ်။ သူဟာ ကျွန်တော်တို့ နေစဉ်ကြည့်နေတဲ့ မှန်ကဲ့သို့ ပြင်ပမှလာတဲ့ မျက်လုံးကိုထိခိုက်စေမဲ့ အလင်းတွေကို အဓိကကာကွယ်ပေးနေတာဖြစ်ပါတယ်။ ဒီအလွှာက မှန်ကောင်းမကောင်းသိချင်ရင်တော့ နေရောင်ပျင်းနေတဲ့ အချိန်မှာ နေပူထဲထွက်ကြည့်လိုက်ပါ။ ဒီပဉ္စမအလွှာကို သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ silica oxide ၊ titanium oxide နှင့် zirconium oxide တို့ကိုပေါင်းစပ်ပြီး ပြုလုပ်ထားရတာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: