Home Lifestyle Food မနက်စာကို အသီးအရွက် တွေ ပါအောင် စားသင့်တဲ့ အကြောင်းအရင်း

မနက်စာကို အသီးအရွက် တွေ ပါအောင် စားသင့်တဲ့ အကြောင်းအရင်း

0
မနက်စာကို အသီးအရွက် တွေ ပါအောင် စားသင့်တဲ့ အကြောင်းအရင်း

နေ့တစ်နေ့ရဲ့အစကို အသီးအရွက်စားပြီး စတင်တာက သင်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဆန့်ကျင်ကောင်း ဆန့် ကျင်နေပါလိမ့်မယ်။ ဒါပေမယ့် စာလေးတော့ ဆုံးအောင် ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ ကျွန်တော်လည်း ဒီလိုစားတာက ဘယ်လို အကျိုးကျေးဇူးရမလဲလို့ အစတုန်းက သံသယ ရှိပါတယ်။ ဒါပေမယ့် ဒီလို စားသုံးတဲ့ နည်းလမ်းကို တွေ့ရှိပြီးတဲ့နောက်မှာ ကျွန်တော့် အတွက် သတင်းကောင်း တစ်ပုဒ်လိုပါပဲ။ မနက်ပိုင်း အသီးအရွက်စားတာက အလုပ်သိပ် မရှုပ်တဲ့အပြင် အဲ့လို စားသုံးတာက အရသာလည်းရှိတယ်။ အမှိုက်ထွက်တာလည်း နည်းပြီး အစားအသောက် အကြွင်းအကျန်လည်း မကျန်ရအောင် အကျိုးပြုပါတယ်။

ကျွန်တော်က အမေရိကန်ရိုးရာ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တစ်ယောက်ပါ။ ဒါပေမယ့် အဆီအစိမ့်လို အစားအစာမျိုးက ကျွန်တော် စာတစ်ကြောင်းကို ဖြောင့်အောင်မရိုက်နိုင်ခင်မှာ ပဲ တစ်ရေးအိပ်ချင်တဲ့ ဆန္ဒကို ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့ အတွက် မနက်စောစောမှာ သရေစာတွေ၊ ကြက်ဥပန်ကိတ် တစ်ချပ်လို အစာမျိုး ဒါမှမဟုတ် ဝက်ပေါင်ခြောက် နဲ့ ကြက်ဥတွေက ပထမဆုံး စားဖြစ်တဲ့ အစားစာတွေဖြစ်နေတတ်ပါတယ်။ အဲ့လို ဈေးကြီးပေးပြီး စားရတဲ့ အစားအသောက်တွေကို ညနေပိုင်းမှာပဲစားဖို့အတွက် ယာထားလိုက်ပြီး မနက်ပိုင်းကိုကျတော့ ဈေးသက်သက်သာသာနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ အစားအသောက်မျိုးနဲ့ နေ့တစ်နေ့ကိုစတင်ပါတယ်။

ပေါ့ပေါ့ပါးပါး ဖြစ်မယ့် မနက်စာကို ပြုလုပ်ဖို့အတွက် အောက်က အချက်တွေကို လိုက်လုပ်ဖို့ လိုအပ်မှာပါ။

အစိမ်းရောင်ပါတဲ့ ပိုင်မုန့် တစ်ချပ်။

ဒီနေရာမှာ ဘယ်လိုလုပ်ပါဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်မရှိပဲ အစိမ်းရောင်ပါတဲ့ မည်သည့် အရွက် တစ်ခုနဲ့ ပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။ အောက်ခံမှာ ကိုက်လန်ကို နုပ်နုပ်စဉ်းပြီး ထည့်ပါ။ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစာအာဟာရတစ်ခုဖြစ်ဖို့ တစ်ခြား ထပ်ပေါင်းထည့်ချင်တဲ့အခါ ပေါင်းထည့်လို့ရပြီး ဒီအသီးအရွက်ပါတဲ့ ပိုင်မုန့် တစ်ချပ်က သင့်ရဲ့ ကျန်းမာရေးကို ပုံမှန် အနေအထားအတိုင်း ထိန်းညှိထားပေးမယ့် နေ့လည်စာမစားခင် အစိမ်းရောင်ပါတဲ့ မနက်စာကို မြိန်ရေယှက်ရေ စားခြင်းဖြစ်ပါတယ်။

ရိုးရှင်းတဲ့ ဟင်းလျာ ပြင်ဆင်ခြင်း။ ကျွန်တော် သံလွင်ဆီနဲ့ ပန်းသီး အရက် ရှာလကာရည်ကို ဆတူရောပြီး ပျားရည်တစ်ဇွန်းစာလောက် ထည့်လိုက်ပါတယ်။ နောက်ပြီး အရောင်တောက်တဲ့ ရှာလကာရည် ထည့်ပါတယ်။ သင်ကြိုက်နှစ်သက်ရာ ရှာလကာရည်ကိုလည်း ထည့်နိုင်ပါတယ်။ လီမွန် ရှာလကာရည်နဲ့ လိမ္မောသီး ရှာလကာရည်လည်း လိုအပ်ရင်လိုအပ်သလို သင်ကြိုက်နှစ်သက်ရာ ထည့်နိုင်ပါသေးတယ်။

အရသာပိုကောင်းအောင် တစ်ခုခု ပေါင်းထည့်ခြင်း။ ခရင်ပါတဲ့ ချိစ်ကို သင်စားတာ မဟုတ်တဲ့ အတွက် ပြင်သစ်က ပေါင်မုန့် မီးကင်ကို စားရမယ်လို့လည်း မဆိုလိုပါဘူး။ သင်သုပ်နေတဲ့ အသုပ်နဲ့ ပေါင်မုန့်မှာ ထောပတ် ကို ထည့်စရာမလိုပါဘူး။ ချိစ် ထည့်တာ ကောင်းတဲ့ အကြံတစ်ခုဖြစ်ရင်တော့ ပေါင်မုန့် ချိစ်ကိုထည့်ဖို့ အကြံပေးပါရစေ။ ဒါမှမဟုတ် ဝက်အူချောင်း တစ်ချောင်းကို ကြိတ်ချေပြီးလည်း ထည့်လို့ ရပါတယ်။ ဒါမှမဟုတ် ရှည်မျောမျော ဝက်ပေါင်ခြောက် နှစ်ချောင်းကို အပေါ်မှာ တင်ထားလို့ လည်းရပါတယ်။ ဘာလို့ အသားတွေ ထည့်ရသလဲဆိုတော့ တစ်ခါတစ်လေကျရင် နံနက်စာက နံနက် စာနဲ့ တူတယ်လို့ မခံစားရလို့ပါ။ ကင်ထားပြီးသား ဝက်ပေါင်ခြောက်ကိုလည်း အဆစ်အနေနဲ့ ပေါင်းထည့်လို့ ရပါတယ်။

ကျန်နေသေးတဲ့ အရာတွေကိုလည်း အသုံးပြုဖို့လိုအပ်ပါတယ်။ ရေခဲသေတ္တာထဲမှာ နောက်ဆုံးကျန်နေတဲ့ အသားကင်အနည်းငယ်၊ မီးကင်ထားတဲ့ မှို ဖြစ်ဖြစ် မုန်လာဥနီ ဖြစ်ဖြစ် တောင်အမေရိကမှ လာတဲ့ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစေ့တစ်မျိုး စသဖြင့် တစ်ခုခုကို ထည့်ဖို့ အဆင်ပြေတယ်ဆိုရင်တော့ အရမ်းကို စားလို့ကောင်းမှာပါ။ ကျွန်တော်ဆိုရင် အေးခဲနေတဲ့ ပီဇာတစ်ပိုင်းကို အပိုင်းပိုင်း လှီးပြီး ထည့်လိုက်ပါသေးတယ်။ နောက်ဆုံးမှာ နံနက်စာ နှစ်ခုကို ပေါင်းစားပါတော့တယ်။

ခြုံငုံ သုံးသပ်ရရင် ရာသီ နဲ့ လိုက်တဲ့ ပေါင်မုန့် အကွင်းတွေ နဲ့ လုပ်တာက သင့် မနက်စာကို ပို အသက် ဝင်စေမှာပါ။ ဒါကြောင့် သင်ကိုယ်တိုင်လည်း ဒီလိုလုပ် ကြည့် ပါလို့ တိုက်တွန်းပါရစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: