Home Knowledge ဒုတိယမြောက်မွေးတဲ့ ကလေး တွေအတွက် ကျိန်စာက အမှန်တစ်ကယ်လား
ဒုတိယမြောက်မွေးတဲ့ ကလေး တွေအတွက် ကျိန်စာက အမှန်တစ်ကယ်လား
0
သင့်ကလေး က ဒုတိယ မြောက် ကလေး ဒါမှမဟုတ် အလတ်ဆိုရင်တော့ သင်ကသင့် ကလေးတွေကို ရန်လိုသူတစ်ယောက်အနေနဲ့ သတ်မှတ်တော့ မှာ သေချာပါတယ်။ ဒုတိယမြောက် မွေးလာ တဲ့ ကလေးတွေ က လျစ်လျူ ရှုခံ ရပြီး ကလေးဆန်ဆန် အမူအရာနဲ့ ပြစ်မှု ကျူးလွန်ထားတဲ့ လူငယ်လိုမျိုး နဲ့ ထောင်ထဲ ရောက်နိုင်ခြေတွေ ရှိပါတယ်။ ဂျိုးဇက် ဒွိုင်လီ ရဲ့ များပြားလှတဲ့ သတင်း အစီရင် ခံစာတွေကနေ MIT ဘောဂ ဗေဒ ပညာ ရှင်တစ်ယောက်ရဲ့ အစီရင်ခံစာ အရ “ ဒုတိယမြောက် မွေးဖွားလာတဲ့ ကလေး တွေက ကျိန်စာသင့် ခံရတဲ့ သူဆိုတာ မှန်နိုင်ကောင်းပါတယ်လို့” ပြောထားပါတယ်။
ဒွိုင်လီ နဲ့ သူ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ဆန်နီ ဘရင်းနီး၊ ဒေးဗစ် ဖစ်လီယို၊ ကရက် ကာဘိုးနစ် နဲ့ ဂျစ်ဖာရီ ရိုစ့် တို့ ဟာ များစွာ သော အချက်အလက်တွေကနေ ရှာဖွေတွေ့ရှိတာက တော့ (ဒုတိယမြောက်မွေး တဲ့ကလေးတွေ အထူးသဖြင့် သားယောကျာၤးလေးတွေက ) ၂၄% ကနေ ၂၅% အထိ ကျောင်းမှာ ဒါမှမဟုတ် ဥပဒေနဲ့ ပတ်သက် တဲ့ ကိစ္စ တွေ မှာ ဆိုးရွားတဲ့ ပြဿနာ ဖြစ်မှု က တစ်မိသားစုကနေ မွေးလာတဲ့ သားဦးထက် ပြဿနာ ရှာနှုန်း ပို များပါတယ်။
သုတေသီ တွေ လတ်တလောမှာ အကြံပြုထားတာက သားဦးတွေ က ပညာရေးမှာ ပိုတော်ပြီး အိုင်ကျူမြင့်ကြပါတယ်။ အလုပ်လုပ်ရာမှာ လည်း ပိုက်ဆံ ပိုရကြပါတယ်။ ဒီလေ့လာတွေ့ရှိချက်က ကနဦးလေ့လာမှု တွေ ထဲကတစ်ခုဖြစ်ပြီး ညွှန်ပြထားတာက ဒုတိယမြောက်သားတွေက ပြဿနာ ဖန်တီး တဲ့ သူတွေဖြစ်ပါတယ်။ ပြီးတော့ ဒီဟာက မိသားစုတွေ အားလုံးမှာ ခြုံပြီးဖြစ်တာတော့မဟုတ်ပါဘူး။ ဒီ မိသားစု နဲ့ ပတ်သက်တဲ့ အချက်အလက်တွေက ထောင်ပေါင်းများစွာသော ညီ အစ်ကို တွေဖြစ်တဲ့ အမေရိကန် နဲ့ ဥရောပ ရဲ့ အခက်အလက်တွေသာ ပါဝင်တာဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်မှာ ဒုတိယမြောက် မွေးတဲ့ သားယောကျာၤးလေးတွေက ထိန်းသိမ်းရခက် တယ်လို့ ပြောလို့ မရသေး ပေမယ့် လေ့လာမှုတွေက နေ သုံးသပ်ထားတာက အန္တရာယ် တော့ရှိပါတယ်တဲ့။
ဒါပေမယ့် ဘာလို့လဲလို့ မေးစရာရှိပါတယ်။ ဘာကြောင့် ဒုတိယမြောက် မွေးတဲ့သားနဲ့ သားဦး တွေက ကွာခြားကြတာလဲ။ ပထမ အချက်အနေ နဲ့ ဒွိုင်လီ ပြောတာ မိဘတွေ ဟာ သူတို့ ရဲ့ သားဦး တွေ ကြီးပြင်အောင် ကျွေးမွေး စောင့်ရှောက်ဖို့ အတွက် အရင်းအနှီး ပိုထုတ်ကြလို့ပါတဲ့။ ဒုတိယမြောက် ကလေးမွေး တဲ့ အချိန်မှာ တော့ သူတို့ အပေါ် စောင့်ရှောက် မှု နည်းသွားလို့ ဖြစ်ပါတယ်။ ကလေးတွေ ကို ကျွေးမွေးစောင့် ရှောက် တဲ့ နှုန်း တူရမယ် လို့ ဒွိုင်လီက အန်ပီအာကို ရှင်းပြပါတယ်။
“အရွယ်ရောက်ပြီးသား သူတွေဖြစ်ကြတဲ့ သားဦးတွေက စံပြ တွေဖြစ်ကြပါတယ်။ ဒုတိမြောက်တွေ အတွက်ကတော့ သူတို့ရဲ့ အကြီးတွေထက် စံပြ ဖြစ်မှု အချိုးက ပိုလျော့သွားပါတယ်။ မိဘနဲ့ ပတ်သက် တဲ့ စုံစမ်းမှု တွေက ကွာခြားကြသလို ကျွန်တော်တို့ တွေ့ နေရတဲ့ ပြစ်မှု တွေနဲ့ သွေးသားရင်း လွှမ်းမိုးမှု ကွာခြားချက် တွေကြောင့် အလုပ်သမားဈေးကွက် ကွာခြားမှု တွေ အထိပါဝင်ပါတယ်။ ဒီနှစ်ချက်က ဘာလို့ခွဲ ရခက်လဲ ဆိုတော့ ဒီကိစ္စ ဟာ တစ်ချိန်တည်းမှာ ဖြစ်ပေါ် နေတာကြောင့်ပါ”
အရေးတကြီး မှတ်ထားရမှာက ဒီသုတေသနက ပန်းချီကားကြီးကြီး တစ်ချပ်ကို သရုပ်ဖော်နေရသလိုပါပဲ။ မိသားစုတိုင်းက ဒီဖြစ်စဉ် မျိုးနဲ့ ကြုံတွေ့ ရမယ်လို့ မဆို လိုသလို ဒုတိယမြောက်သား ဖြစ်နေလို့ လည်း ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းရမယ်လို့ မဆိုလိုပါဘူး။ စည်းမျဉ်းစည်းကမ်းတွေကနေ မျှော်လင့်ချက်တော့ ရှိစမြဲပါ။ ဒါပေမယ့် မိဘတွေ ဒုတိယမြောက်သားကို ပြုစုပျိုးထောင်ရာမှာကိုယ့်ကလေးကို ဂရုတစိုက်စောင့်ရှောက်ဖို့နဲ့ မျက်ခြေမပြတ်စောင့် ရှောက်တာက သူတို့ ရဲ့ စိတ်ခံစားချက်ကို သက်သာစေမှာပါ။ ဆိုလိုတာက သားဦး နဲ့ ဂရုစိုက်ပုံခြင်း ကွားခြားရင်တော့ အကျိုး သက်ရောက်မှု တွေ ရှိလာနိုင်တဲ့ သဘောပါပဲ။
Zawgyi Font : ဒုတိယမြောက်မွေးတဲ့ ကလေး တွေအတွက် ကျိန်စာက အမှန်တစ်ကယ်လား
ဒွိုင်လီ နဲ့ သူ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ဆန်နီ ဘရင်းနီး၊ ဒေးဗစ် ဖစ်လီယို၊ ကရက် ကာဘိုးနစ် နဲ့ ဂျစ်ဖာရီ ရိုစ့် တို့ ဟာ များစွာ သော အချက်အလက်တွေကနေ ရှာဖွေတွေ့ရှိတာက တော့ (ဒုတိယမြောက်မွေး တဲ့ကလေးတွေ အထူးသဖြင့် သားယောကျာင်္းလေးတွေက ) ၂၄% ကနေ ၂၅% အထိ ကျောင်းမှာ ဒါမှမဟုတ် ဥပဒေနဲ့ ပတ်သက် တဲ့ ကိစ္စ တွေ မှာ ဆိုးရွားတဲ့ ပြဿနာ ဖြစ်မှု က တစ်မိသားစုကနေ မွေးလာတဲ့ သားဦးထက် ပြဿနာ ရှာနှုန်း ပို များပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: