Home News ဖိလစ်ပိုင်နိုင်ငံတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်းကို တားမြစ်သဖြင့် ဆိုင်ကယ်စီးသမားများ ဆန္ဒပြ
ဖိလစ်ပိုင်နိုင်ငံတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်းကို တားမြစ်သဖြင့် ဆိုင်ကယ်စီးသမားများ ဆန္ဒပြ
0
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ဇူလိုင်လ ၉ရက်နေ့ နံနက်ခင်း၌ မော်တော်ဆိုင်ကယ် အခွင့်အရေးများလှုပ်ရှားမှု အဖွဲ့MRO မှ ဦးဆောင်၍ မနီလာမြို့၏ အဝေးပြေးလမ်းမကြီးပေါ်တွင် ညီညွတ်သောစီးနင်းမှု ဟုအမည်ပေးထား သော ဆန္ဒပြမှုကို ပြုလုပ်ခဲ့ပါတယ်။ မနီလာမြို့တွင်းရှိဆိုင်ကယ်သမားများအပြင် အနီးအနားရှိ ဆိုင်ကယ်သမားများပါ ပါဝင်ပူးပေါင်းခဲ့မှုကြောင့် ဆိုင်ကယ်သမားများ ထောင်နဲ့ချီဖြစ်သွားပြီး ပင်မအဝေးပြေး လမ်းမကြီးပါ ယာဉ်ကြောပိတ်ဆို့သွားခဲ့ရတယ်လို့ သိရပါတယ်။
ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး က လူသတ်မှုနှင့် အခြားရာဇဝတ်မှုများ ကျူးလွန်သူတို့သည် ၎င်းတို့ပြစ်မှုကျူးလွန်ရာ၌ ၎င်းတို့၏မျက်နှာကို ကာကွယ်ရန်အတွက် ဆိုင်ကယ်ဦးထုတ်များကို အသုံးပြုနေကြသဖြင့် ထိုသူတို့၏ရန်ကိုကာကွယ်ရန်အတွက် ဆိုင်ကယ်စီးနင်းစဉ်တွင် မျက်နှာဖုံးစွပ်ခွင့်မပြုခြင်းနှင့် မျက်နှာအပြည့်ကာထားသော ဦးထုတ်များကို ဝတ်ဆင်ခြင်းမပြုရ ဟူသော ဥပဒေကိုပြဌာန်း လိုက်ခြင်းကြောင့်ဖြစ်သည်ဟုသိရပါတယ်။ ယင်းဥပဒေသည် အစိုးရမှ မဆင်မခြင်ပြဌာန်းလိုက် သော ဥပဒေဖြစ်ပြီး ဆိုင်ကယ်သမား၏ ဘေးကင်းမှုနှင့် ၎င်းတို့၏အခွင့်အရေးကိုထိခိုက်စေ သောကြောင့် ယခုလို ဆိုင်ကယ်စုဝေးစီးနင်းကာ ဆန့်ကျင်တာဖြစ်ကြောင်း လိုက်ပါစီးနင်းခဲ့သူများမှ ပြောပါတယ်။
MRO အဖွဲ့ ဥက္ကဌ ဂျိုးဘက်ဘိုလန်နို့စ် က သမ္မတ ရိုဒရီဂိုဒူတာတေး အနေဖြင့် ၎င်းတို့၏အခွင့်အရေး ကိုကာကွယ်ပေးရန် တိုက်ရိုက်တောင်းဆိုခဲ့ပြီး “ဥပဒေပြဌာန်းဖို့အတွက် ကျွန်တော်တို့ရဲ့ ဘေးကင်း လုံခြုံမှုကို စတေးလိုက်ရတာမျိုးက မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ဟာ မော်တော်ဆိုင်ကယ်သမားတွေပါ။ ကျွန်တော်တို့ဟာ မြို့သူမြို့သားတွေပါ။ ကျွန်တော်တို့ဟာ ရာဇဝတ်သားတွေ မဟုတ်ကြပါဘူး” ဟုပြောကြား ခဲ့ပါတယ်။
Zawgyi Font : ဖိလစ်ပိုင်နိုင်ငံတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်းကို တားမြစ်သဖြင့် ဆိုင်ကယ်စီးသမားများ ဆန္ဒပြ
ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး က လူသတ်မှုနှင့် အခြားရာဇ၀တ်မှုများ ကျူးလွန်သူတို့သည် ၄င်းတို့ပြစ်မှုကျူးလွန်ရာ၌ ၄င်းတို့၏မျက်နှာကို ကာကွယ်ရန်အတွက် ဆိုင်ကယ်ဦးထုတ်များကို အသုံးပြုနေကြသဖြင့် ထိုသူတို့၏ရန်ကိုကာကွယ်ရန်အတွက် ဆိုင်ကယ်စီးနင်းစဉ်တွင် မျက်နှာဖုံးစွပ်ခွင့်မပြုခြင်းနှင့် မျက်နှာအပြည့်ကာထားသော ဦးထုတ်များကို ၀တ်ဆင်ခြင်းမပြုရ ဟူသော ဥပဒေကိုပြဌာန်း လိုက်ခြင်းကြောင့်ဖြစ်သည်ဟုသိရပါတယ်။ ယင်းဥပဒေသည် အစိုးရမှ မဆင်မခြင်ပြဌာန်းလိုက် သော ဥပဒေဖြစ်ပြီး ဆိုင်ကယ်သမား၏ ဘေးကင်းမှုနှင့် ၄င်းတို့၏အခွင့်အရေးကိုထိခိုက်စေ သောကြောင့် ယခုလို ဆိုင်ကယ်စုဝေးစီးနင်းကာ ဆန့်ကျင်တာဖြစ်ကြောင်း လိုက်ပါစီးနင်းခဲ့သူများမှ ပြောပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: