Home Lifestyle ကိုယ့် အိမ်ကို သန့် ရှင်း သပ်ရပ် အောင် ဘယ်လိုလုပ်ကြလဲ။

ကိုယ့် အိမ်ကို သန့် ရှင်း သပ်ရပ် အောင် ဘယ်လိုလုပ်ကြလဲ။

0

အိမ်မှုရေးရာ ကို ထိန်းသိမ်းလုပ်ဆောင်တာက ကျွန် တော့ အဘွားရဲ့ ကျွမ်း ကျင်မှု တစ်ခုပါပဲ။ အိုးခွက် ပန်းကန်တွေ နဲ့ အသုံးအဆောင် ပစ္စည်း တွေကို သူ့မူလ နေရာ အတိုင်း မရွှေ့ပဲ သပ်သပ်ရပ် ရပ်ထားရုံမက အဲ့ဒီအရာတွေကို သန့်ရှင်းအောင် နဲ့ နေမြဲ အတိုင်းဖြစ်နေဖို့ အတွက် ဖုန်တွေကို သန့်ရှင်းရေးလုပ်ရာမှာ တင်းကြပ်တဲ့ စည်း မျဉ်းစဉ်းကမ်း နဲ့ အချိန်ဇယား ဆွဲထားပါတယ်။

ကျွန်တော့ အတွက် တော့ သူ့လို မျိုး သန့် ရှင်းရေး လုပ်တဲ့ အစီအစဉ် အတိအကျ ရှိချင်မှ ရှိမှာပါ။ ဒါပေမယ့် ကျွန်တော့မှာ လုပ်ချင်တဲ့ အချိန်မှ ထလုပ်တဲ့ ပုံစံမျိုး မဟုတ်ပဲ သန့်ရှင်းရေးအတွက် အစီအစဉ်တွေရှိပါတယ်။ နောက်ပြီး အဲ့ဒီ အစီအစဉ်က ကျွန်တော့ ရဲ့ တိုက်ခန်းကို သန့် ရှင်းနေစေဖို့ နဲ့ ဖုန်တွေ ကင်းနေစေဖို့ အတွက် အထောက်အကူပြုပါတယ်။ ကျွန်တော် မီးဖိုချောင်က နေ စ ရှင်းတယ်။ နောက်ပြီး ကိရိယာ တန်ဆာ ပလာတွေကို အပြင် မထုတ်ခင်မှာ အိုးခွက် ပန်းကန်တွေကို ဆေးလိုက်ပြီး ကောင်တာကို ရှုပ်မနေအောင်ထားလိုက်ပါတယ်။ မီးဖိုချောင်က ကိစ္စပြီး သွားပြီ ဆိုရင်တော့ အဓိက ကျတဲ့ စတူဒီယို ခန်းကို သွား ပြီး ဖုန်ရှင်း ခြင်းလုပ်ငန်း၊ စားပွဲတွေ ကို အစီအစဉ် တကျထားမှု နဲ့ အခန်းက ဖုန်တွေ အကုန်လုံး ရှင်းသွား သည်အထိ နာရီ လက်တံ အတိုင်း လည့် ပြီး လုပ်ပါတယ်။ ဒီပုံစံ အတိုင်း စနစ်တကျ အပတ်တိုင်း လုပ်သွားရင်တော့ ဇန် ရဲ့ ကျင့် စဉ် အတိုင်း ကိုယ့် အိမ်လည်း သန့် ရှင်းသပ်ရပ်နေမှာ ပါ။ အချုပ် အနေနဲ့ ကျွန်တော့ ရဲ့ ကျွန်တော့ တိုက်ခန်းကို အသက်ဝင်နေစေတဲ့ အချိန်ဇယားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျွန်တော်သန့် ရှင်းရေးကို ပိုပျော်စရာကောင်းအောင် ကြိုးစားပြီးလုပ်တယ်။ ကျွန်တော် သန့် ရှင်းရေး လုပ်နေချိန်မှာ အရင်က ထောင်ပေါင်းများ စွာ နားထောင်ဖူး တဲ့ သီချင်းကို ပတ်ဝန်း ကျင်က စိတ်ညစ်စရာ အသံတွေ နဲ့ မရောအောင် ဖွင့်ထားပြီး သန့်ရှင်းရေး လုပ်နေစဉ် အတောအတွင်း ကော့ တေး နည်းနည်း သောက်ထားပြီး လုပ်တာက ပျော်စရာကောင်းတဲ့ အချက်ဆိုတာ ကို သတိထားမိလာတယ်။

အလုပ်တစ်ခု လို သဘောထားပြီး လုပ်ပါ။ တိုက်ခန်း နဲ့ ပတ်သက်တဲ့ ပညာရှင်တွေ ထောက်ပြတာက ကိုယ့်အိမ်ကို သန့်ရှင်းသပ်ရပ်အောင်လုပ်ပြီး သေသေချာချာ ပြင်ဆင်တာက မလိုအပ်တဲ့ စိတ်ဖိစီးမှု တွေကို အလိုအလျောက် ဖယ်ပြီးသားဖြစ်ပါတယ်။ တစ်ခါတစ်ရံ သန့်ရှင်းရေးကို အဆောတလျင် လုပ်လိုက်ရပေမယ့် ကိုယ့်အိမ်မှာ လူ မနေဘူးလို့ သဘောမထားပဲနဲ့ အိမ် တစ်အိမ်လို့ သဘောထားပြီး လူ အများကြီး နေထိုင် တဲ့ပုံ စံ နဲ့ အိမ်ကို ပြုပြင်ပါ။
လုပ်စရာရှိ သမျှကို တစ်နေ့ တည်းမှာ အကုန်မလုပ်ပါဘူး ။ တစ်ပုံ တစ်ခေါင်းကြီး လုပ်တာထက် အပိုင်းလေး တွေခွဲ ၊ အစီ အစဉ် လေးချပြီး လုပ်တာက လူလည်း သိပ်မပင် ပန်းသလို လုပ်ချင်စိတ်လည်း ရှိမှာ ပါ။

သန့် ရှင်းရေး လုပ်ဖို့ အတွက် အထောက်အပံ့ ကောင်း ကျွန်တော့မှာ ရှိပါတယ်။ မစ် မီရေယာ (Mrs. Meyers) ထုတ်တဲ့ ဈေးနှုန်းသင့် တင့် တဲ့ ဇီဇဝါပန်း အနံ့ ရှိတဲ့ အမွှေး ဆီ ကို သုံးပြီး အိုးတိုက်ပန်းကန်ဆေးတာက ကျွန်တော့ ကို ပိုစိတ်လှုပ်ရှားစေပါတယ်။

နေရာတစ်ခုသတ်မှတ်ပြီး ကိုယ့်ကိုယ် ကို ဆုချတာကလည်း ဒီလိုလုပ်ဖြစ်ဖို့ အတွက် ကောင်းတဲ့ အစီ အရင် တစ်ခုပါ။ နေ့တစ်နေ့ ရဲ့ သန့်ရှင်းရေးလုပ်ငန်းဆောင်တာ ပြီး သွားတဲ့ အခါမှာ ရေပူ ရေချိုး ကန်ထဲမှာ စိမ်ပြီး ကိုယ့်ကိုယ်ကို သန့် ရှင်းရေးလုပ်တာက သက်သာတဲ့ လုပ်ငန်းဆောင်တာ တွေ ထက်လျော့တဲ့ ကိစ္စတွေထဲကို ဆွဲခေါ်သွားပါတော့ တယ်။ သင်တို့ အားလုံးရော သင်တို့ရဲ့ အိမ်ကို သန့် ရှင်း ဖို့ နဲ့ သပ်ရပ် အောင်ဘယ်လိုများလုပ်ဆောင်ပါသလဲ။ သင့်မှာ အားကိုး ရတဲ့ ၊ တာဝန်ခွဲပေးလို့ ရတဲ့ သူတစ်ယောက်ယောက်များ ရှိသလား။ သန့် ရှင်းရေး လုပ် ဖို့ အတွက် အချိန်ဇယားရော ဆွဲ ဖြစ်လား။

Zawgyi Font : ကိုယ့် အိမ်ကို သန့် ရှင်း သပ်ရပ် အောင် ဘယ်လိုလုပ်ကြလဲ။





 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: