Home News မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျပန်နိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျပန်နိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပွား

0

ကျွန်းကြီးလေးကျွန်းဖြင့် ဖွဲ့စည်းထားတဲ့ ဂျပန်နိုင်ငံ၏ တောင်ပိုင်းအကျဆုံးဖြစ်သော ကျူရှူကျွန်းတွင် ဇူလိုင်လ ၅ရက်နေ့တွင် မှန်တိုင်းဒဏ်ကြောင့် ပုံမှန်မိုးရေချိန်ထက် နှစ်ဆခန့်ပိုပြီး မိုးရွာသွန်းခဲ့သဖြင့် မြစ်ရေ၊ ချောင်းရေများ လျှံတက်လာခဲ့ပြီး အရေးပေါ်အခြေအနေအထိ ဖြစ်ခဲ့ရပါတယ်။ ဇူလိုင်လ ၅ရက်နေ့က ၁၂နာရီ ကြာအောင်မိုးရွာခဲ့ပြီး မိုးရေချိန်လက်မ ၂၀ကျော်အထိရှိခဲ့ကြောင်း မိုးလေဝသအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယခုနောက်ဆုံးရရှိထားသော သတင်းအရ လူ၂ဦးထက်မနည်း သေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး ၁၀ဦးခန့်အထိ ပျောက်ဆုံးနေကြောင်းနှင့် လူပေါင်းလေးသိန်းအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း အစိုးရ အရာရှိတစ်ဦး မှပြောပါတယ်။ ပျောက်ဆုံးနေသူများကို ရှာဖွေရန်နှင့် ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးဝန်ထမ်းများ အပြင် စစ်သားများပါ စုစုပေါင်း ၇၈၀၀ ကို တပ်ဖြန့်ထားကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒေဆူဂါ၏ ပြောကြားချက်အရသိရပါတယ်။

အဆိုပါရေကြီးသော ဒေသများအနက် ဖူကူအိုကာခရိုင်၊ အာဆာကူရမြို့မှာ အဆိုးဝါးဆုံးဖြစ်ပြီး လမ်းများ အားလုံးနီးပါး ရေလွှမ်းသွားခဲ့ရပါတယ်။ ကာဂက်ဆုမြစ် ရေကြီးမှုကြောင့် တံတားတစ်စင်းပျက်စီးသွားသဖြင့် ရထားပြေးဆွဲမှုကို ရပ်ဆိုင်းထားရကြောင်း ရထားလုပ်ငန်းရှိ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကပြောခဲ့ပါတယ်။

အလွန်အမင်းအန္တရာယ်ရှိသော အခြေအနေသို့ရောက်ရှိနေပြီး မိုးရွာသွန်းမှုကြောင့် တောင်ပြိုကျမှု အန္တာရယ် လည်းဖြစ်လာနိုင်ကြောင်းကို ဂျပန်၏ ဒုဝန်ကြီးချုပ် တာရိုအာဆိုက သတိပေးပြောကြားခဲ့ပါတယ်။ ထို့ပြင် မူလတန်းနှင့် အလယ်တန်းကျောင်းများကိုလည်း ဒေသခံတာဝန်ရှိသူများက ယာယီပိတ်ထားရန်ညွှန်ကြားခဲ့ ကြောင်းလည်းသိရပါတယ်။

“မိုးရွာသွန်းမှုကြောင့် သဘာဝဘေးဒဏ် ခံစားနေရတဲ့ ဒေသတွေနဲ့ ပြီးတော့ အရေးပေါ်အဖွဲ့တွေအားလုံးနဲ့ ချိတ်ဆက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားပါမယ်” ဟု ဂျပန်နိုင်ငံ၏ အတွင်းဝန်ချုပ် ယိုရှီဟီဒီဆူဂါ က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါတယ်။

Zawgyi Font : မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ဂ်ပန္ႏုိင္ငံတြင္ ေရလႊမ္းမိုးမႈျဖစ္ပြား

ကြ်န္းၾကီးေလးကြ်န္းျဖင့္ ဖြဲ႕စည္းထားတဲ့ ဂ်ပန္ႏိုင္ငံ၏ ေတာင္ပိုင္းအက်ဆံုးျဖစ္ေသာ က်ဴရွဴကၽြန္းတြင္ ဇူလိုင္လ ၅ရက္ေန႔တြင္ မွန္တိုင္းဒဏ္ေၾကာင့္ ပံုမွန္မိုးေရခ်ိန္ထက္ ႏွစ္ဆခန္႔ပိုျပီး မိုးရြာသြန္းခဲ့သျဖင့္ ျမစ္ေရ၊ ေခ်ာင္းေရမ်ား လွ်ံတက္လာခဲ့ျပီး အေရးေပၚအေျခအေနအထိ ျဖစ္ခဲ့ရပါတယ္။ ဇူလိုင္္လ ၅ရက္ေန႔က ၁၂နာရီ ၾကာေအာင္မိုးရြာခဲ့ျပီး မိုးေရခ်ိန္လက္မ ၂၀ေက်ာ္အထိရွိခဲ့ေၾကာင္း မိုးေလ၀သေအဂ်င္စီ၏ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ယခုေနာက္္ဆံုးရရွိထားေသာ သတင္းအရ လူ၂ဦးထက္မနည္း ေသဆံုးခဲ့ရျပီး ကေလးငယ္တစ္ဦးအပါအ၀င္ အနည္းဆံုး ၁၀ဦးခန္႔အထိ ေပ်ာက္ဆံုးေနေၾကာင္းႏွင့္ လူေပါင္းေလးသိန္းအား ေဘးလြတ္ရာသို႔ ေရႊ႕ေျပာင္းထားရေၾကာင္း အစိုးရ အရာရွိတစ္ဦး မွေျပာပါတယ္။ ေပ်ာက္ဆံုးေနသူမ်ားကို ရွာေဖြရန္ႏွင့္ ေဒသခံမ်ားအား ေဘးလြတ္ရာသို႔ ေရႊ႕ေျပာင္းေရးအတြက္ ရဲတပ္ဖြဲ႕၀င္မ်ား၊ မီးသတ္တပ္ဖြဲ႕၀င္မ်ား၊ ကယ္ဆယ္ေရး၀န္ထမ္းမ်ား အျပင္ စစ္သားမ်ားပါ စုစုေပါင္း ၇၈၀၀ ကို တပ္္ျဖန္႔ထားေၾကာင္း အစိုးရအဖြဲ႕ အတြင္း၀န္ခ်ဳပ္ ယိုရွီဟီေဒဆူဂါ၏ ေျပာၾကားခ်က္အရသိရပါတယ္။

အဆိုပါေရၾကီးေသာ ေဒသမ်ားအနက္ ဖူကူအိုကာခရိုင္၊ အာဆာကူရျမိဳ႕မွာ အဆိုး၀ါးဆံုးျဖစ္ျပီး လမ္းမ်ား အားလံုးနီးပါး ေရလႊမ္းသြားခဲ့ရပါတယ္။ ကာဂက္ဆုျမစ္ ေရၾကီးမႈေၾကာင့္ တံတားတစ္စင္းပ်က္စီးသြားသျဖင့္ ရထားေျပးဆြဲမႈကို ရပ္ဆိုင္းထားရေၾကာင္း ရထားလုပ္ငန္းရွိ ေျပာခြင့္ရပုဂၢိဳလ္တစ္ဦးကေျပာခဲ့ပါတယ္။

အလြန္အမင္းအႏၱရာယ္ရွိေသာ အေျခအေနသို႔ေရာက္ရွိေနျပီး မိုးရြာသြန္းမႈေၾကာင့္ ေတာင္ျပိဳက်မႈ အႏၱာရယ္ လည္းျဖစ္လာႏိုင္ေၾကာင္းကို ဂ်ပန္၏ ဒု၀န္ၾကီးခ်ဳပ္ တာရိုအာဆိုက သတိေပးေျပာၾကားခဲ့ပါတယ္။ ထို႔ုျပင္ မူလတန္းႏွင့္ အလယ္တန္းေက်ာင္းမ်ားကိုလည္း ေဒသခံတာ၀န္ရွိသူမ်ားက ယာယီပိတ္ထားရန္ညႊန္ၾကားခဲ့ ေၾကာင္းလည္းသိရပါတယ္။

“မိုးရြာသြန္းမႈေၾကာင့္ သဘာ၀ေဘးဒဏ္ ခံစားေနရတဲ့ ေဒသေတြနဲ႔ ျပီးေတာ့ အေရးေပၚအဖြဲ႕ေတြအားလံုးနဲ႔ ခ်ိတ္ဆက္ျပီး ကယ္ဆယ္ေရးလုပ္ငန္းေတြကို ေဆာင္ရြက္သြားပါမယ္” ဟု ဂ်ပန္ႏိုင္ငံ၏ အတြင္း၀န္ခ်ဳပ္ ယိုရီွဟီဒီဆူဂါ က သတင္းစာရွင္းလင္းပြဲတြင္ေျပာၾကားခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: