Home Knowledge ကလေးတွေကို ပျင်းရိခွင့် ပေးလိုက်ပါ ဒါမှမဟုတ် ပေးပြီးသားလား။
ကလေးတွေကို ပျင်းရိခွင့် ပေးလိုက်ပါ ဒါမှမဟုတ် ပေးပြီးသားလား။
0
မိဘတိုင်းက သူတို့ သားသမီး ဆီက နေ သားပျင်းလိုက်တာ လို့ ကြားရတာကို မုန်းကြပါတယ်။ သဘာ၀ ပင်ကို ဗီဇ အရ အချိန် ဇယား တွေနဲ့ ပြည့် နှက်နေစေပါတယ်။ ဒါပေမယ့် ငြီးငွေ့ ခြင်းကနေ အကျိုးကျေးဇူးဖြစ်ပေါ် နိုင်ပါသေးတယ်။ The Hppiness Track ကို ရေးတဲ့ စာရေးဆရာမ အီမာဆီပါလ က မိဘတွေ ကလေးတွေ ကို ပေးလေ့ ရှိတဲ့ အကြံတစ်ခု က အလုပ်တွေရှုပ်နေအောင် နေခိုင်းတာဖြစ်တယ်လို့ သူရေးသားထားပါတယ်။
အဲဒီအစား သူမ အကြံပြုထားတာက သင့်ရဲ့ ကလေးကို ဘာမှ မလုပ်ခိုင်းပဲနဲ့ ပျော်ရွှင်မှု တွေရအောင် တွန်းအားပေးတာဖြစ်ပါတယ်။ အနောက်နိုင်ငံ ကလူတွေ ဆိုရင် အလုပ်ရှုပ်တာနဲ့ စိတ်လှုပ်ရှား မှု ဖြစ်နေတာကို တန်ဖိုးထားကြပေမယ့် စိတ်ပြင်းပြမှု နည်းတဲ့ တည်ငြိမ်တဲ့ ခံစားချက် ကလည်း ထို့ အတူ အရေးကြီး ပါတယ်။ အရှေ့ နဲ့ အနောက် အာရှ နိုင်ငံတွေက အပြုသဘော ဆောင်တဲ့ ခံစားချက်တွေကို တန်ဖိုးထားတာချင်းတူပေမယ့် အရှေ့ အာရှသားတွေက သာမာန် လူတွေလုပ် နိုင်တဲ့ စိတ်ပြင်းပြမှုနည်းတဲ့ လမ်းလျှောက်တာကို ပိုတန်ဖိုးထားကြပါတယ်။
သုုတေသန တွေတွေ့ရှိချက် အရ ခြုံပြီးပြောရရင် ဟောင်ကောင်က အသက် ကြီး ပိုင်းတွေက ဥရောပ ကအသက် ကြီး ပိုင်းတွေ ထက် ပိုပျော်ရွှင် ကြတာကို တွေ့ ရပြီး ဒီ စိတ်ပိုင်း ဆိုင်ရာ ခံစားချက် က အသက်ကြီး သွားသည် အထိတိုင် ပါဝင်ပတ်သက် နေပါတယ်။ စိတ်လှုပ်ရှား စရာတွေက သင့် ကလေးကို ပိုပင်ပန်းစေပြီး အားလပ်ချိန်တွေက ကလေး တွေရဲ့ ဖန်တီး နိုင်မှု စွမ်းရည် ကိုတည်ဆောက် ဖို့ အတွက် အကူညီ ပေးပါတယ်။ သုတေသန တွေ မှတ်ချက်ပြုတာ က ကျွန်တော်တို့ စိတ်တည် ငြိမ်နေတဲ့ အချိန် နဲ့ အာရုံ စိုက် စရာ မရှိတဲ့ အချိန်တွေမှာ ကျွန်တော်တို့ ရဲ့ ဦးနှောက် စွမ်းရည် က ပို အလုပ်လုပ်ပြီး အတွေးအခေါ် ကောင်းတွေ ကို ထွက်လာစေပါတယ်။
နောက်ထပ်တစ်ခုက အချိန်ဇယားတွေ နဲ့ ချိန် ညှိ အလုပ်လုပ်နေတာက စိတ်ဖိစီး မှု တွေ ဖြစ် စေဖို့ အတွက် တွန်း အား တွေ ဖြစ်စေပါတယ်။ ကလေးတွေ က ၁၉၅၀ နောက်ပိုင်း နှစ်တွေက စပြီး စိုးရိမ် ပူပန်စရာတွေ တိုးလို့ လာနေပါတယ်။ သူတို့ ကို အားလပ် ချိန်ပို ပေးခြင်းအားဖြင့် စိတ်ဖိ စီးမှု တွေနဲ့ အနားယူမှု ကို ပိုကောင်းအောင် ကူညီ ပေးပါတယ်။ အားကစား နဲ့ သီးချင်း တွေ နဲ့ ပတ်သက်တဲ့ သင်ခန်းစာ တွေ က ကလေးတွေ ရဲ့ အသိဉာဏ်ကို ဖွံ့ဖြိုး ဖို့ အတွက် အထောက်အကူ ပြုပါတယ်။
ဒါပေမယ့် လည်း ကလေးတွေကို ဘာမှ မလုပ်ခိုင်း တာက လည်း အရေးကြီး တဲ့ အချက်ထဲမှာ ပါပါတယ်။ သူတို့ ရဲ့ စိတ်လေးတွေကို အပန်းပြေ စေဖို့ အတွက် တိမ်တွေ ကို ငေး ကြည့့် ဖို့ အတွက် အချိန် ပေး ပြီး စိတ်ကူးတွေ ကို ရွက်လွှင့် ခိုင်း လိုက်ပါ။
kids-cloud
Zawgyi Font : ကလေးတွေကို ပျင်းရိခွင့် ပေးလိုက်ပါ ဒါမှမဟုတ် ပေးပြီးသားလား။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: