မက္ကဆီကိုနိုင်ငံ၊ Guerreo ပြည်နယ်၏ အကြီးဆုံးမြို့တော်ဖြစ်သော Acapulco မြို့ဟာ ခရမ်းရောင် နယ်မြေအဖြစ်သတ်မှတ်ခြင်း ခံထားရသောသည့်အပြင် မူးယစ်ဆေးထုတ်လုပ်နေသော အဓိက အကြီးဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။
အဆိုပါ Acapulco မြို့ရှိ အကျဉ်းထောင်ထဲတွင် ပြိုက်ဖက် ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ သဖြင့် အကျဉ်းသား ၂၃ဦး သေဆုံးသွားပြီး ၃ဦးဒဏ်ရာရရှိကာ ခေါင်းဖြတ်ခံရတဲ့ အကျဉ်းသားများလည်းရှိခဲ့တယ်လို့ လုံခြုံရေးရဲများ၏ ပြောပြချက်အရသိရပါတယ်။ ဒါဟာ မက္ကဆီကိုရဲ့ သမိုင်းမှာ ၂၀၁၇ခုနှစ်အတွက် အကြီးမားဆုံး ထောင်ဆူပူမှုတစ်ခု လို့ဆိုရမှာဖြစ်ပါတယ်။
မက္ကဆီကိုမြို့တွင် ဒုစရိုက်မှုတွေဟာ ယုတ်လျော့သွားခြင်းမရှိပဲ တိုးမြဲတိုးပွားလာတာဖြစ်ပါတယ်။ အစိုးရ၏ စစ်တမ်းများအရ ၁၉၉၇ခုနှစ် မေလ အထိတွင် လူသတ်မှုပေါင်း ၂၁၈၆မှုသာရှိခဲ့သာဖြစ်ပြီး ၂၀၀၆ခုနှစ် ဒီဇင်ဘာလမှ ယခု ၂၀၁၇ မေလအထိမှာတော့ လူသတ်မှုပေါင်း ၁၈၈၅၆၇ မှုအထိရှိလာကြောင်းသိရပါတယ်။
Zawgyi Font : မက္ကဆီကိုနိုင်ငံတွင် အကျဉ်းသားများ အုပ်စုလိုက်ရန်ဖြစ်၊ အကျဉ်းသား၂၈ဦးသေဆုံး