Home News ဆီးရီးယားရှိ IS အကြမ်းဖက်များအား ရုရှားမှ ဗုံးကြဲ

ဆီးရီးယားရှိ IS အကြမ်းဖက်များအား ရုရှားမှ ဗုံးကြဲ

0

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ဇူူလိုင်လ ၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Video အရ ရုရှားဟာ ဆီးရီးယားရှိ IS အစွန်းရောက်စစ်သွေးကြွများကို မဟာဗျူဟာ ဗုံးကြဲလေယာဉ် Tu-95MS ဖြင့် X-101 ခရုဇ် ဒုံးကျည် များကိုအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မဟာဗျူဟာဗုံးကြဲ လေယာဉ်Tu-95MS အား ပစ်မှတ်သို့ အန္တာရယ်ကင်းစွာဖြင့် ပစ်ခက်နိုင်ရေး အတွက် ရုရှား၏ Su-30 SM နှင့် Su-35 တိုက်လေယာဉ်တို့မှ စစ်ဆင်ရေးတစ်လျှောက် မြေပြင်စခန်းသို့ ပြန်ရောက်သည်အထိ ကာကွယ်စောင့်ရှောင့်မှုများ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ Tu-95 MS ဟာ စစ်ဆင်ရေး ဆောင်ရွက်နေစဉ်အတွင်း ဝေဟင်၌ပင် လောင်စာဆီဖြည့်ခြင်းကိုလည်း ဆောင်ရွက်ခဲ့တယ်လို့လဲ သိရပါတယ်။

၎င်းစစ်ဆင်ရေးအပြီးတွင် IS တို့၏ အကြီးစားလက်နက် သိုလှောင်ရုံ ၃ခုနှင့် ညွှန်ကြားရေး စင်တာတစ်ခု တို့ ပျက်စီးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။

Zawgyi Font: ဆီးရီးယားရှိ IS အကြမ်းဖက်များအား ရုရှားမှ ဗုံးကြဲ

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Video အရ ရုရှားဟာ ဆီးရီးယားရှိ IS အစွန်းရောက်စစ်သွေးကြွများကို မဟာဗျူဟာ ဗုံးကြဲလေယာဉ် Tu-95MS ဖြင့် X-101 ခရုဇ် ဒုံးကျည် များကိုအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။



LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: