Home News ဗင်နီဇွဲလားနိုင်ငံတွင် အမျိုးသားလွှတ်တော်ထဲထိ ဝင်ရောက်ပြီး အတိုက်အခံအမတ်များအား ရိုက်နှက်မှုဖြစ်ပွား

ဗင်နီဇွဲလားနိုင်ငံတွင် အမျိုးသားလွှတ်တော်ထဲထိ ဝင်ရောက်ပြီး အတိုက်အခံအမတ်များအား ရိုက်နှက်မှုဖြစ်ပွား

0

ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကက်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ အတွင်းသို့ ဇွန်လ ၅ရက်နေ့တွင် ဗင်နီဇွဲလားအစိုးရအား ထောက်ခံသူများက ထိုးဖောက်ဝင်ရောက်ပြီး အတိုက်အခံ ဥပဒေပြု အမတ်များအား ရိုက်နက်၍ လွှတ်တော်ဝင်ပေါက်ကိုလည်း ၉နာရီကြာအောင် ပိတ်ဆို့ခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ရိုက်နက်မှုအပြီးတွင် ဥပဒေပြု အတိုက်အခံအမတ် ၇ဦး ဒဏ်ရာရှိခဲ့ပြီး ၎င်း ၇ဦးအနက် ၅ဦးမှာတော့ ဆေးရုံတင်ခဲ့ရပါတယ်။ ဒါ့အပြင် လွှတ်တော်ရှိ ဝန်ထမ်း ၂ဦးလည်း ဒဏ်ရာအသီးသီးရရှိခဲ့ ကြောင်းသိရပါတယ်။ ယင်းကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ပြီး ၉နာရီကြာပိတ်ဆို့မှုအတွင်းတွင် ရဲများမှလည်း ဝင်ရောက်ဟန့်တာခြင်း တစ်စုံတရာမျှမရှိခဲ့ပဲ နောက်ဆုံးတွင် စစ်သားနှင့်ရဲများက ဒိုင်းများဖြင့် ဝင်ရောက်၍ အရံအတားပြုလုပ်သည့် အခါတွင်မှ လွှတ်တော်အတွင်း၌ ပိတ်မိနေသော ဥပဒေပြုအမတ်များထွက်ခွာခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့တိုက်ခိုက်မှုကို ဝါရှင်တန် အခြေစိုက်အမေရိကန်အဖွဲ့၊ ချီလီနှင့် ဒေသဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့ Mercosur တို့က အပြစ်တင်ရှုတ်ခဲ့ကြပါတယ်။ ယင်းတိုက်ခိုက်မှုဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၆နှစ်ခန့်က ဗင်နီဇွဲလား လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့ကြသူများက ပြုစုပျိုးထောင်ခဲ့သည့် ဒီမိုကရေစီ အခြေခံ သဘောတရားများအား တိုက်ခိုက်မှုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အပြစ်တင် ပြောဆိုခဲ့ပါတယ်။ ထို့အပြင် ဗင်နီဇွဲလား၏ သမ္မတဖြစ်သူ မာဒူရိုကလည်း ယင်းလုပ်ရပ်များအား လုံးဝရှုတ်ချကြောင်း၊ မည်သည့် အင်အားသုံး တိုက်ခိုက်မှုတွင်မဆိုပါဝင်မည် မဟုတ်ကြောင်းနှင့် ယင်းတိုက်ခိုက် သူများသည် အစိုးရ ထောက်ခံသူများ ဖြစ်သည်ကို မသိကြောင်း မြို့တော်ကာရာကောက်တွင် ကျင်းပပြုလုပ်ခဲ့ သော စစ်ရေးပြပွဲ၌ ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားတွင် နိုင်ငံရေးမတည်ငြိမ်မှုဟာ ၃လအထိကြာမြင့်လာခဲ့တာဖြစ်ပြီး ရဲများနှင် ပဋိပက္ခဖြစ်မှုကြောင့် သေဆုံးခဲ့သူ ၉၁ဦးအထိ ရှိနေပြီးဖြစ်ပါတယ်။ ယခုကဲ့သို့ အင်အားသုံးတိုက်ခိုက်မှုများပြုလုပ်ရန် လက်နက်ကိုင် အဖွဲ့များကို သွေးထိုးပေးနေသည်ဟု အစိုးရနှင့် အတိုက်အခံ အမတ်များက အပြန်အလှန် စွပ်စွဲနေကြပါတယ်။ စစ်တပ်ကိုစွဲမြဲစွာ လက်ကိုင်ထားသော သမ္မတမာဒူရိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးစွဲရန် ကြိုးပမ်း နေသော်လည်း အတိုက်အခံဖြစ်သော ဥပဒေပြုအမတ်များက ၎င်း၏စီစဉ်နေမှုအား ဆန့်ကျင်သည့် မဲခွဲမှုကို ဇူလိုင်လ ၁၆ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ဇူလိုင်လ၃ရက်နေ့က ကြေညာခဲ့တယ်လို့သိရပါတယ်။

Zawgyi Font : ဗင္နီဇြဲလားႏိုင္ငံတြင္ အမ်ိဳးသားလႊတ္ေတာ္ထဲထိ ၀င္ေရာက္ျပီး အတိုက္အခံအမတ္မ်ားအား ရိုက္ႏွက္မႈျဖစ္ပြား

ဗင္နီဇြဲလားႏိုင္ငံ၊ ကာရာကက္ျမိဳ႕ရွိ အမ်ိဳးသားလႊတ္ေတာ္ အေဆာက္အအံု အတြင္းသို႔ ဇြန္လ ၅ရက္ေန႔တြင္ ဗင္နီဇြဲလားအစိုးရအား ေထာက္ခံသူမ်ားက ထိုးေဖာက္၀င္ေရာက္ျပီး အတုိက္အခံ ဥပေဒျပဳ အမတ္မ်ားအား ရိုက္နက္၍ လႊတ္ေတာ္၀င္ေပါက္ကိုလည္း ၉နာရီၾကာေအာင္ ပိတ္ဆို႕ခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါ ရိုက္နက္မႈအျပီးတြင္ ဥပေဒျပဳ အတိုက္အခံအမတ္ ၇ဦး ဒဏ္ရာရွိခဲ့ျပီး ၄င္း ၇ဦးအနက္ ၅ဦးမွာေတာ့ ေဆးရံုတင္ခဲ့ရပါတယ္။ ဒါ့အျပင္ လႊတ္ေတာ္ရွိ ၀န္ထမ္း ၂ဦးလည္း ဒဏ္ရာအသီးသီးရရွိခဲ့ ေၾကာင္းသိရပါတယ္။ ယင္းကဲ့သို႔ အၾကမ္းဖက္တုိက္ခိုက္ျပီး ၉နာရီၾကာပိတ္ဆို႔မႈအတြင္းတြင္ ရဲမ်ားမွလည္း ၀င္ေရာက္ဟန္႔တာျခင္း တစ္စံုတရာမွ်မရွိခဲ့ပဲ ေနာက္ဆံုးတြင္ စစ္သားႏွင့္ရဲမ်ားက ဒိုင္းမ်ားျဖင့္ ၀င္ေရာက္၍ အရံအတားျပဳလုပ္သည့္ အခါတြင္မွ လႊတ္ေတာ္အတြင္း၌ ပိတ္မိေနေသာ ဥပေဒျပဳအမတ္မ်ားထြက္ခြာခြင့္ ရရွိခဲ့တယ္လို႔ သိရပါတယ္။

ယင္းကဲ့သို႔တိုက္ခိုက္မႈကို ၀ါရွင္တန္ အေျခစိုက္အေမရိကန္အဖြဲ႕၊ ခ်ီလီႏွင့္ ေဒသဆိုင္ရာ ကုန္သြယ္ေရးအဖြဲ႔ Mercosur တို႔က အျပစ္တင္ရႈတ္ခဲ့ၾကပါတယ္။ ယင္းတိုက္ခိုက္မႈဟာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀၆ႏွစ္ခန္႔က ဗင္နီဇြဲလား လြတ္လပ္ေရးအတြက္ ရုန္းကန္လႈပ္ရွားခဲ့ၾကသူမ်ားက ျပဳစုပ်ိဳးေထာင္ခဲ့သည့္ ဒီမိုကေရစီ အေျခခံ သေဘာတရားမ်ားအား တိုက္ခိုက္မႈျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဌာနက အျပစ္တင္ ေျပာဆိုခဲ့ပါတယ္။ ထို႔အျပင္ ဗင္နီဇြဲလား၏ သမၼတျဖစ္သူ မာဒူရိုကလည္း ယင္းလုပ္ရပ္မ်ားအား လံုး၀ရႈတ္ခ်ေၾကာင္း၊ မည္သည့္ အင္အားသံုး တိုက္ခိုက္မႈတြင္မဆိုပါ၀င္မည္ မဟုတ္ေၾကာင္းႏွင့္ ယင္းတိုက္ခိုက္ သူမ်ားသည္ အစိုးရ ေထာက္ခံသူမ်ား ျဖစ္သည္ကို မသိေၾကာင္း ျမိဳ႕ေတာ္ကာရာေကာက္တြင္ က်င္းပျပဳလုပ္ခဲ့ ေသာ စစ္ေရးျပပြဲ၌ ေျပာၾကားခဲ့ပါတယ္။

ဗင္နီဇြဲလားတြင္ ႏိုင္ငံေရးမတည္ျငိမ္မႈဟာ ၃လအထိၾကာျမင့္လာခဲ့တာျဖစ္ျပီး ရဲမ်ားႏွင္ ပဋိပကၡျဖစ္မႈေၾကာင့္ ေသဆံုးခဲ့သူ ၉၁ဦးအထိ ရွိေနျပီးျဖစ္ပါတယ္။ ယခုကဲ့သို႔ အင္အားသံုးတိုက္ခိုက္မႈမ်ားျပဳလုပ္ရန္ လက္နက္ကိုင္ အဖြဲ႕မ်ားကို ေသြးထိုးေပးေနသည္ဟု အစိုးရႏွင့္ အတိုက္အခံ အမတ္မ်ားက အျပန္အလွန္ စြပ္စြဲေနၾကပါတယ္။ စစ္တပ္ကိုစြဲျမဲစြာ လက္ကိုင္ထားေသာ သမၼတမာဒူရိုဟာ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပန္လည္ေရးစြဲရန္ ၾကိဳးပမ္း ေနေသာ္လည္း အတိုက္အခံျဖစ္ေသာ ဥပေဒျပဳအမတ္မ်ားက ၄င္း၏စီစဥ္ေနမႈအား ဆန္႔က်င္သည့္ မဲခြဲမႈကို ဇူလိုင္လ ၁၆ရက္ေန႔တြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းကို ဇူလိုင္လ၃ရက္ေန႔က ေၾကညာခဲ့တယ္လို႔သိရပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: