Home News Application မြှင့်တင်ခြင်းကြောင့်ဖြစ်သော Storage ပမာဏမလုံလောက်သည့် ပြဿနာကို Apple ဖြေရှင်းမည်

Application မြှင့်တင်ခြင်းကြောင့်ဖြစ်သော Storage ပမာဏမလုံလောက်သည့် ပြဿနာကို Apple ဖြေရှင်းမည်

0

Application တွေအဆင့်မြှင့်တင်လာမှုကြောင့် file size တွေကြီးလာသဖြင့် Storage ပြဿနာကို ကျွန်တော်တို့တွေ ရင်ဆိုင်လာရပါတယ်။ Android သမားတွေအတွက်ကတော့ MicroSD ထပ်စိုက်လို့ ရနေတဲ့ အတွက်ကြောင့် အဆင်ပြေနေသေးပါတယ်။ အထူးသဖြင့် Apple သမားတွေက storage မလုံလောက်တဲ့ ပြဿနာကို အဓိကကြုံတွေ့လာကြရပါတယ်။

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြတဲ့ Facebook ၊ Uber ၊ Gmail ၊ Youtube နှင့် Snapchat တို့ကဲ့သို့သော Application တွေဟာ လွန်ခဲ့သော ၄နှစ်က File size ပမာဏထက် အဆပေါင်းများစွာ ပိုမိုကြီးမားလာတာကို App ဆိုင်ရာ လေ့လာဆန်းစစ်ရေးလုပ်ငန်းမှ တွေ့ရှိလာပါတယ်။ ဥပမာ ကမ္ဘာပေါ်တွင် လူဦးရေပေါင်း ၂ဘီလီယံအထိသုံးစွဲ နေတဲ့ Facebook application ဟာ ၂၀၁၃ ခုနှစ်မေလမှာ File size 32MB သာရှိခဲ့ပြီး ယခုမှာတော့ 388MB အထိ ရောက်ရှိနေပြီးဖြစ်ပါတယ်။

ထို့ပြင် Snapchat application ဆိုလျှင်လည်း ၂၀၁၃တွင် 4MB သာရှိခဲ့သော်လည်း ယခုတွင် 4975% ထိတိုးမြင့်သွားသဖြင့် 204MB အထိဖြစ်သွားကြောင်း တွေ့ရပါတယ်။ အလားတူပင် Apple ရဲ့ ထိပ်ဆုံး application ၁၀မျိူးမှာလဲ file size တွေအလွန်ကြီးမားလာ သဖြင့် Apple အသုံးပြုသူတွေအခက်တွေ့နေကြရပါတယ်။

ဒါကြောင့် Apple မှ ပညာရှင်များက နောက်ထပ် ထပ်မံထွက်မည့် IOS Version မှာ application ဆိုင်ရာ နည်းပညာများကို ထည့်သွင်းပေးနိုင်ရန် ကြိုးစားနေတယ်လို့ သိရပါတယ်။

Zawgyi Font : Application ျမွင့္တင္ျခင္းေၾကာင့္ျဖစ္ေသာ Storage ပမာဏမလံုေလာက္သည့္ ျပႆနာကို Apple ေျဖရွင္းမည္

Application ေတြအဆင့္ျမွင့္တင္လာမႈေၾကာင့္ file size ေတြၾကီးလာသျဖင့္ Storage ျပႆနာကို ကၽြန္ေတာ္တို႔ေတြ ရင္ဆိုင္လာရပါတယ္။ Android သမားေတြအတြက္ကေတာ့ MicroSD ထပ္စိုက္လို႔ ရေနတဲ့ အတြက္ေၾကာင့္ အဆင္ေျပေနေသးပါတယ္။ အထူးသျဖင့္ Apple သမားေတြက storage မလံုေလာက္တဲ့ ျပႆနာကို အဓိကၾကံဳေတြ႕လာၾကရပါတယ္။

ကၽြန္ေတာ္တို႔ ေန႔စဥ္အသံုးျပဳေနၾကတဲ့ Facebook ၊ Uber ၊ Gmail ၊ Youtube ႏွင့္ Snapchat တို႔ကဲ့သို႔ေသာ Application ေတြဟာ လြန္ခဲ့ေသာ ၄ႏွစ္က File size ပမာဏထက္ အဆေပါင္းမ်ားစြာ ပိုမိုၾကီးမားလာတာကို App ဆုိင္ရာ ေလ့လာဆန္းစစ္ေရးလုပ္ငန္းမွ ေတြ႕ရွိလာပါတယ္။ ဥပမာ ကမၻာေပၚတြင္ လူဦးေရေပါင္း ၂ဘီလီယံအထိသံုးစြဲ ေနတ့ဲ Facebook application ဟာ ၂၀၁၃ ခုႏွစ္ေမလမွာ File size 32MB သာရွိခဲ့ျပီး ယခုမွာေတာ့ 388MB အထိ ေရာက္ရွိေနျပီးျဖစ္ပါတယ္။

ထို႔ျပင္ Snapchat application ဆိုလွ်င္လည္း ၂၀၁၃တြင္ 4MB သာရွိခဲ့ေသာ္လည္း ယခုတြင္ 4975% ထိတိုးျမင့္သြားသျဖင့္ 204MB အထိျဖစ္သြားေၾကာင္း ေတြ႕ရပါတယ္။ အလားတူပင္ Apple ရဲ႕ ထိပ္ဆံုး application ၁၀မ်ိဴးမွာလဲ file size ေတြအလြန္ၾကီးမားလာ သျဖင့္ Apple အသံုးျပဳသူေတြအခက္ေတြ႔ေနၾကရပါတယ္။

ဒါေၾကာင့္ Apple မွ ပညာရွင္မ်ားက ေနာက္ထပ္ ထပ္မံထြက္မည့္ IOS Version မွာ application ဆိုင္ရာ နည္းပညာမ်ားကို ထည့္သြင္းေပးႏိုင္ရန္ ၾကိဳးစားေနတယ္လို႔ သိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: