Home News အန်ဂျလာမာကယ်က လိင်တူ လက်ထပ်ခြင်း နဲ့ ပတ်သက် ပြီး ဂျာမနီ မှာ အရိပ်အမြွက်ပြောကြား
အန်ဂျလာမာကယ်က လိင်တူ လက်ထပ်ခြင်း နဲ့ ပတ်သက် ပြီး ဂျာမနီ မှာ အရိပ်အမြွက်ပြောကြား
0
လိင်တူ လက်ထပ်ခြင်း ကိစ္စ နဲ့ ပတ်သက်ပြီး မဲပေးဖို့ အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့ မှာ အန်ဂျလာမာကယ်က လွှတ်တော်တွေကလူတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသိညဏ် ရှိရှိ လုပ်ဆောင်မယ် လို့ အစမှာ ပြောကြားလိုက်ပါတယ်။
ဒီကိစ္စဟာ ဂျာမန်ခေါင်းဆောင်တွေ နဲ့ ရှေးရိုးစွဲ ပါတီဖြစ်တဲ့ ခရစ်ယာန် ဒီမိုကရေစီ ပြည်ထောင်စု(CDU) အတွက် အပြောင်းအလဲ တစ်ခု ဖြစ်တယ်လို့ မာကယ်ရဲ့ စကားက ဖော်ပြနေပါတယ်။ ခေါင်းဆောင်တွေနဲ့ ပါတီတွေက ဒီကိစ္စကို ကန့် ကွက်ကြပြီး ရှေးရိုးရာ စံနှုန်းတွေ နဲ့ ပဲဖြစ်စေချင်ကြတာပါ။ ပြီးခဲ့တဲ့ တနင်္လလာနေ့ ညနေက women magazine Brigitte က ဘာလင် မှာ ကျင်းပပြုလုပ်တဲ့ တွေ့ ဆုံ ပွဲက မေးခွန်းတွေကိုဖြေကြားပြီး မှတ်ချက်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံပွဲမှာ ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ တတိယ လိင် က သူနဲ့ ချစ်ကြိုက်နေတဲ့ သူငယ်ချင်းကို သူ့ ယောကျာၤးအဖြစ် တရားဝင် သတ်မှတ်လို့ ရမရဆိုတဲ့ မေး ခွန်း ကို မှတ်ချက်ပြုခဲ့တာပဲဖြစ်ပါတယ်။ မာကယ်က မကြာမှီ ကျင်းပတော့မယ့် ပြည်ထောင်စု ရွေးကောက်ပွဲ မှာ မဲပေးမယ့် သူတွေကို လိင်တူ လက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး မဲပေးကြဖို့ အားပေးထောက်ခံလိုက်ပြီး လွှတ်တော်ကိုစားလှယ် တွေကြားမှာလည်း ဒီအရေးနဲ့ ပတ်သက်ပြီး လွှတ်လပ်စွာမဲ ပေးကြဖို့ အကြံပြုလိုက်ပါတယ်။
LGBT အရေးနဲ့ပတ်သက်ပြီး လှုံ့ဆော်မှုအများဆုံး လုပ်နေတဲ့ အဖွဲ့ဖြစ်တဲ့ lesben-und Schwulenverband က မာကယ်ရဲ့ တုန့်ပြန်မှုကို ဒီကနေ့ အင်္ဂါ နေ့မှာ ကြိုဆိုလိုက်ပါတယ်။ သူတို့ ရဲ့ ဖော်ပြချက်အရ မာကယ်နဲ့ ခရစ်ယာန်ဒီမိုကရေစီ ပြည်ထောင်စု က ဒီကိစ္စကို ပိုမို အကောင်ထည်ဖော်နိုင်ဖို့ အဆင်သင့်ဖြစ်နေတာကို ကြို ဆိုလိုက်ပါတယ်။ နောက်ထပ်ဖော်ပြချက်မှာ ပါရှိတာက လူတိုင်းအတွက် တန်းတူ အခွင့် အရေး က ဥပဒေရဲ့ အခြေခံ ကျတဲ့ လိုအပ်ချက် ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့ က ကျား အချင်း ချင်း ချစ်ကြိုက်လို့ ရပြီး မိန်းကလေး အချင်းချင်း ကြိုက်တာ ကို ခွဲခြားမှု မရှိတဲ့ နိုင်ငံမှာ နေချင် ပါတယ်လို့ သူူတို့ ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Zawgyi Font : အန်ဂျလာမာကယ်က လိင်တူ လက်ထပ်ခြင်း   နဲ့ ပတ်သက် ပြီး ဂျာမနီ မှာ အရိပ်အမြွက်ပြောကြား
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: