Home News မြောက်ကိုးရီးယားမှ ဒုံးကျည်ထပ်မံစမ်းသပ်အောင်မြင်၊ အမေရိကန်နှင့် ဂျပန်မှ ပြင်းထန်စွာ သတိပေး

မြောက်ကိုးရီးယားမှ ဒုံးကျည်ထပ်မံစမ်းသပ်အောင်မြင်၊ အမေရိကန်နှင့် ဂျပန်မှ ပြင်းထန်စွာ သတိပေး

0

ဇူလိုင်လ ၄ရက်နေ့ ဒေသစံတော်ချိန် ၉နာရီ ၄၀မိနစ်တွင် မြောက်ကိုးရီးယားမှ တာလတ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစ်လုံးကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ၎င်း Hwasong-14 အမည်ရှိဒုံးကျည်ဟာ အမြင့် ကီလိုမီတာ ၂၈၀၂ အထိ တက်သွားပြီး အကွာအဝေးအနေဖြင့် ၉၃၃ ကီလိုမီတာအထိ ပျံသန်းနိုင်ခဲ့ သဖြင့် ပြုံယမ်း အာဏာပိုင်တွေက ကမ္ဘာ့တိုက်ကြီးတစ်ခုကနေ တစ်ခုထိ ရောက်အောင်ပစ်လွှတ်နိုင်သည့် ပထမဦး ဆုံးသော တိုက်ချင်းပစ်ဒုံးကျဉ်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီး ယခုဆိုလျှင် ၎င်းဒုံးကျည်ဟာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို ရောက်နိုင်ပြီးဟု ကြွေးကြော်လိုက်ပါတယ်။

မြောက်ကိုးရီယား ခေါင်းဆောင်ကင်မ်ဂျုံအန်း ကိုယ်တိုင်ကြီးကြပ် ပစ်လွှတ်ခဲ့သော ဒုံးကျည်ဟာ လေထဲတွင် ၃၇မိနစ်ကြာ ပျံသန်းခဲ့ပြီး ဂျပန်အထူးစီးပွားရေးဇုန် ရေပြင်ဧရိယာအတွင်းသို့ ကျရောက်ခဲ့ သဖြင့် “မြောက်ကိုးရီးယား၏ ရန်စမှုသည် လုံး၀ လက်သင့်ခံနိုင်စရာမရှိပါဘူး” ဟု ဂျပန်ဝန်ကြီးချုပ် ရှီဇိုအာဘေးမှ ပြောကြားခဲ့သည်။

nk-nuclear-test

ဂျပန်ဝန်ကြီးချုပ် ရှီဇိုအာဘေး က “ဂျပန်နိုင်ငံသည် မြောက်ကိုးရီးယားကို ဖိအားပေးရန် အမေရိကန်၊ တောင်ကိုးရီးယားတို့နှင့် အတူခိုင်မာစွာ စုစည်းထားကြောင်းနှင့် တရုတ်၊ ရုရှားတို့ကို အပြုသဘောဖြင့် ပါဝင်လာ စေရန် ရှီကျင့်ပင် နှင့် ဗလာဒီမာပူတင်တို့ကို တိုက်တွန်းသွားမည်” ဟုပြောကြားခဲ့ပါတယ်။

“ဒီကောင်လေး သူ့ဘဝမှာ ပိုကောင်းတဲ့လုပ်စရာတွေ မရှိတော့ဘူးလား” ဟု Twitter မှာ အမေရိကန် သမ္မတထရမ့်က မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို မကျေနပ်ဟန်ပြုပြီး မေးထားပါတယ်။ “တောင်ကိုးရီးယားနဲ့ ဂျပန်တို့က ရေရှည်သည်းခံနိုင်ဖို့ဆိုတာ ခက်ခဲသွားပြီ။ တရုတ်ကလည်း မြောက်ကိုးရီးယား အပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံလာချင် လာလိမ့်မယ်” ဟုလည်း ထရမ့်ကဆက်လက် ပြောကြားပါတယ်။

တောင်ကိုးရီးယား သမ္မတ အသစ် မွန်ဂျေးအင် ကလည်း မြောက်ကိုးရီးယားနှင့်ပတ်သက်ပြီး အမျိုးသား လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါဒုံးကျည်သည် ယခုနှစ်တွင် ပြုံယမ်း၏ ၁၁စင်းမြောက် ပစ်လွှတ်သော ဒုံးကျည်ဖြစ်ပြီး တိုးတက်မှုများ ရှိလာခဲ့သော်လည်း ဒုံးကျည်တွင် တပ်ဆင်ရန် နျူကလီးယားထိပ်ဖူးကို အံဝင်ခွင်ကျဖြစ်ရန် သေးငယ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အပြင် ပစ်မှတ်ကိုလည်းတိကျမှန်ကန်အောင် ပစ်နိုင်စွမ်းမရှိသေးဟု ကျွမ်းကျင် သူများက ယုံကြည်ထားကြပါတယ်။

မြောက်ကိုးရီးယားဟာ နိုင်ငံတကာအသိုင်းအဝိုင်းက သတိပေးနေသည့်ကြားက ယခုလို ဒုံးကျည်စမ်းသပ်မှု ကိုဆက်လက်လုပ်ဆောင် နေတာဖြစ်ပြီး ယခင်ကထပ် ပိုမိုအဆင့်မြှင့်လာနိုင်တာကိုတွေ့ရပါတယ်။

Zawgyi Font : ေျမာက္ကိုးရီးယားမွ ဒံုးက်ည္ထပ္မံစမ္းသပ္ေအာင္ျမင္၊ အေမရိကန္ႏွင့္ ဂ်ပန္မွ ျပင္းထန္စြာ သတိေပး

ဇူလိုင္လ ၄ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ၉နာရီ ၄၀မိနစ္တြင္ ေျမာက္ကိုးရီးယားမွ တာလတ္ တိုက္ခ်င္းပစ္ ပ့ဲထိန္းဒံုးက်ည္ တစ္လံုးကို စမ္းသပ္ပစ္လႊတ္ခဲ့ပါတယ္။ ၄င္း Hwasong-14 အမည္ရွိဒံုးက်ည္ဟာ အျမင့္ ကီလိုမီတာ ၂၈၀၂ အထိ တက္သြားျပီး အကြာအေ၀းအေနျဖင့္ ၉၃၃ ကီလိုမီတာအထိ ပ်ံသန္းႏိုင္ခဲ့ သျဖင့္ ျပံဳယမ္း အာဏာပိုင္ေတြက ကမၻာ့တိုက္ၾကီးတစ္ခုကေန တစ္ခုထိ ေရာက္ေအာင္ပစ္လႊတ္ႏိုင္သည့္ ပထမဦး ဆံုးေသာ တိုက္ခ်င္းပစ္ဒံုးက်ဥ္ကို ေအာင္ျမင္စြာ ပစ္လႊတ္ႏိုင္ခဲ့ျပီး ယခုဆိုလွ်င္ ၄င္းဒံုးက်ည္ဟာ ကမၻာေပၚရွိ မည္သည့္ေနရာကိုမဆို ေရာက္ႏိုင္ျပီးဟု ေၾကြးေၾကာ္လိုက္ပါတယ္။

ေျမာက္ကိုးရီယား ေခါင္းေဆာင္ကင္မ္ဂ်ံဳအန္း ကိုယ္တိုင္ၾကီးၾကပ္ ပစ္လႊတ္ခဲ့ေသာ ဒံုးက်ည္ဟာ ေလထဲတြင္ ၃၇မိနစ္ၾကာ ပ်ံသန္းခဲ့ျပီး ဂ်ပန္အထူးစီးပြားေရးဇုန္ ေရျပင္ဧရိယာအတြင္းသို႔ က်ေရာက္ခဲ့ သျဖင့္ “ေျမာက္ကိုးရီးယား၏ ရန္စမႈသည္ လံုး၀ လက္သင့္ခံႏိုင္စရာမရွိပါဘူး” ဟု ဂ်ပန္၀န္ၾကီးခ်ဳပ္ ရွီဇိုအာေဘးမွ ေျပာၾကားခဲ့သည္။

ဂ်ပန္၀န္ၾကီးခ်ဳပ္ ရွီဇိုအာေဘး က “ဂ်ပန္ႏိုင္ငံသည္ ေျမာက္္ကိုးရီးယားကို ဖိအားေပးရန္ အေမရိကန္၊ ေတာင္ကိုးရီးယားတို႔ႏွင့္ အတူခိုင္မာစြာ စုစည္းထားေၾကာင္းႏွင့္ တရုတ္၊ ရုရွားတို႔ကို အျပဳသေဘာျဖင့္ ပါ၀င္လာ ေစရန္ ရွီက်င့္ပင္ ႏွင့္ ဗလာဒီမာပူတင္တို႔ကို တုိက္တြန္းသြားမည္” ဟုေျပာၾကားခဲ့ပါတယ္။

 “ဒီေကာင္ေလး သူ႕ဘ၀မွာ ပိုေကာင္းတဲ့လုပ္စရာေတြ မရွိေတာ့ဘူးလား” ဟု Twitter မွာ အေမရိကန္ သမၼတထရမ့္က ေျမာက္္ကိုးရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းကို မေက်နပ္ဟန္္ျပဳျပီး ေမးထားပါတယ္။ “ေတာင္ကိုးရီးယားနဲ႔ ဂ်ပန္တို႔က ေရရွည္သည္းခံႏိုင္ဖို႔ဆိုတာ ခက္ခဲသြားျပီ။ တရုတ္ကလည္း ေျမာက္ကိုးရီးယား အေပၚ ျပင္းျပင္းထန္ထန္ ဆက္ဆံလာခ်င္ လာလိမ့္မယ္” ဟုလည္း ထရမ့္ကဆက္လက္ ေျပာၾကားပါတယ္။

ေတာင္ကိုးရီးယား သမၼတ အသစ္ မြန္ေဂ်းအင္ ကလည္း ေျမာက္ကိုးရီးယားႏွင့္ပတ္သက္ျပီး အမ်ိဳးသား လံုျခံဳေရးေကာင္စီ အေရးေပၚ အစည္းအေ၀းကိုျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။

အဆိုပါဒံုးက်ည္သည္ ယခုႏွစ္တြင္ ျပံဳယမ္း၏ ၁၁စင္းေျမာက္ ပစ္လႊတ္ေသာ ဒံုးက်ည္ျဖစ္ျပီး တိုးတက္မႈမ်ား ရွိလာခဲ့ေသာ္လည္း ဒံုးက်ည္တြင္ တပ္ဆင္ရန္ ႏ်ဴကလီးယားထိပ္ဖူးကို အံ၀င္ခြင္က်ျဖစ္ရန္ ေသးငယ္ေအာင္ ေဆာင္ရြက္ႏိုင္ျခင္းမရွိေသးသည့္အျပင္ ပစ္မွတ္ကိုလည္းတိက်မွန္ကန္ေအာင္ ပစ္ႏိုင္စြမ္းမရွိေသးဟု ကၽြမ္းက်င္ သူမ်ားက ယံုၾကည္ထားၾကပါတယ္။

ေျမာက္ကိုးရီးယားဟာ ႏိုင္ငံတကာအသိုင္းအ၀ိုင္းက သတိေပးေနသည့္ၾကားက ယခုလို ဒံုးက်ည္စမ္းသပ္မႈ ကိုဆက္လက္လုပ္ေဆာင္ ေနတာျဖစ္ျပီး ယခင္ကထပ္ ပိုမိုအဆင့္ျမွင့္လာႏိုင္တာကိုေတြ႔ရပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: