Home News NASA မှ ဂြိုလ်သားတွေကို တွေ့ရှိခြင်းသတင်းမှာ သတင်းအမှားဖြစ်နေ
NASA မှ ဂြိုလ်သားတွေကို တွေ့ရှိခြင်းသတင်းမှာ သတင်းအမှားဖြစ်နေ
0
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဂြိုလ်သားစိတ်ဝင်စားသူတွေအတွက် စိတ်လှုပ်ရှားစရာတွေနဲ့ စိတ်ရှုပ်စရာတွေ ဖြစ်ခဲ့ ပါတယ်။ NASA က တစ်ခြားကမ္ဘာမှာ သက်ရှိတွေ ရှိတယ်ဆိုတဲ့ အကြောင်း ကြောငြာဖို့ ပြောဆိုထားတဲ့ video တွေ ပျံ့နှံ့ ခဲ့ပါတယ်။ ရင်ခုန် စရာကောင်းတဲ့ ကိစ္စများဖြစ်နေမလား။
NASA သိပ္ပံစစ်ဆင်ရေး ဒါရိုက်တာအဖွဲ့ ဖြစ်တဲ့ Dr. Thomas Zurbuchen က သိပ္ပံဆိုင်ရာ ကော်မတီ အဖွဲ့ မှာ ပြောကြားထားတဲ့ စကားဖြစ်သော “တစ်ခြားသက်ရှိတွေကို ရှာဖွေ နေတဲ့ ကွဲပြားတဲ့ ဆောင်ရွက်မှုတွေ ထဲမှာ ကျွန်တော်တို့ ဟာ နက်နဲ အသိမ်မွေ့ဆုံး အခြေအနေကို ရောက်ရှိနေပါပြီ” ဆိုတဲ့ စကားကို ကိုးကားပြီး အမည်မသိ တဲ့သူတစ်ယောက် က video ထဲမှာ ဒီစကားကိုအခြေခံကာ NASA က ဂြိုလ်သား တွေ တွေ့ရှိထားတယ်ဆိုတာ ပြောကြားတော့မှာဖြစ်တယ်လို့ ပြောထားခြင်းဖြစ်ပါတယ်။ အဲ့ video file က အံ့သြစရာကောင်းလောက်အောင်ပျံ့နှံ့ သွားပါတယ်။ နောက်တစ်ခုက လူတိုင်းက NASA က ထုတ်ပြန်မယ် သတင်းတွေ ကို စိတ်ထက်သန်စွာ စောင့်စားနေကြတာပါ။
လူတွေက ဒီကိစ္စကို သိချင်စိတ်တဲ့ အရမ်းပြင်းပြတာကြောင့် တင်စား ပြောဆိုကြတာဖြစ်တယ် ဆိုတာ နားလည် လို့ရပါတယ်။ ဒီလို ကိစ္စ မျိုးဆိုတာလည်း အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်လား။ သုတေသနပညာရှင် တစ်ယောက်က ဒီလိုကြီးကျယ်တဲ့ တွေ့ရှိချက်တစ်ခုဖြစ်တဲ့ သတင်း အရင်းအမြစ်တွေဆိုတာ စိတ်ဝင်စားနေတဲ့ လူတွေ အဖို့ တော့ မူးနောက်နောက်ဖြစ်စေ တယ်ဆိုတာကတော့ အမှန်ပါပဲ။
ကျွန်တော်သာ NASA အတွက် အလုပ်လုပ်တယ်ဆိုရင် တစ်ခြားသက်ရှိတွေကို တွေ့ တယ်ဆိုတဲ့ ဖြစ်နိုင်ချေတွေ ဒါမှမဟုတ် ရိုးရိုးသာမာန် သက်ရှိတွေကို တစ်ခြား ဂြိုလ်တွေမှာ တွေ့ ရှိတယ် ဆိုတဲ့ ကိစ္စ ဆိုတာ သေချာပါတယ်။ စိတ်လှုပ်ရှားမှု ဖြစ်မှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကျွန်တော်က Dr. Thomas Zurbuchen မဟုတ် ပေမယ့် ဒီလို အထင်မြင် လွဲတဲ့ ကိစ္စ တွေအတွက် Twitter မှာ ဖြေရှင်း ချက် တွေ ရေးရတာဖြစ်ပါတယ်။
ဒီလိုရေသားရခြင်းဟာ ကုမ္ပဏီ က အလုပ်သမား တွေကို သူတို့ သိထားတဲ့ ကြေငြာချက်တွေ အပေါ် အမြော်အမြင် ရှိစွာ ဖော်ပြတတ်ဖို့ သင်ကြားပေးတဲ့ ပုံစံ ဖြစ်ပါစေလို့ မျှော်လင့် ပါတယ်လို့ သူက ဆိုပါတယ်။ NASA နဲ့ ပတ်သက် ပြီး လူတွေ စိတ်လှုပ်ရှား စရာကိစ္စ တစ်ခုုခု နဲ့ ကြုံလာတိုင်း ကျွန်တော်တို့ အဖွဲ့ကအဆုံးအစွန်ထိ ဖြေရှင်းချက်တွေ ပေးသွားမယ်လို့ ဆိုပါတယ်။
Zawgyi Font : NASA မှ ဂြိုလ်သားတွေကို တွေ့ရှိခြင်းသတင်းမှာ သတင်းအမှားဖြစ်နေ
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: