Home News သင့်နားမှာ Free Wi Fi ရှိမရှိကို ရှာဖွေပေးမယ့် Facebook ရဲ့ Wifi Tools Feature အသစ်

သင့်နားမှာ Free Wi Fi ရှိမရှိကို ရှာဖွေပေးမယ့် Facebook ရဲ့ Wifi Tools Feature အသစ်

0

လွန်ခဲ့တဲ့ တစ်နှစ်က Facebook က အနီးအနား မှာ ရှိတဲ့ wi-fi ကို ရှာဖွေမှု အတွက် စမ်းသပ်မှု တွေ စလုပ်ခဲ့ပါတယ်။ အဲ့ဒါက iOS တွေမှာသာ အသုံးပြုလို့ရခဲ့ပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာသာ ရှာဖွေလို့ ရတာပါ။

အခုအချိန်မှာတော့ Facebook က လူတိုင်းအသုံးပြုနိုင်မယ့် feature ကို သူ့ မိုဘိုင်း app ကနေ ထုတ်လုပ်လိုက်ပါပြီ။ More tap မှာ နှိပ်လိုက်ရုံသာဖြစ်ပြီး wi-fi ကို select လုပ်လိုက်ရုံပါပဲ။ အနီးအနားမှာ ရှိတဲ့ wi-fi ကို ဇယားနဲ့ သော်လည်းကောင်း မြေပုံနဲ့ သော်လည်း ကောင်း တွေ့ရ နိုင်ပြီး စီပွားရေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေလည်း တွေ့ရမှာဖြစ်ပါတယ်။

ခရီးသွားတဲ့ အခါတွေမှာ ဒီဟာက လက်စွဲတော်ဖြစ်လာမှာဖြစ်ပြီး ဖုန်းဘေလ် မရှိရင်တော့ ဒီ ဟာက အလုပ်လုပ်မှာတော့မဟုတ်ပါဘူး ။ wi-fi က သင့်အနားမှာအမြဲ လိုလိုရှိနေတတ်ပြီး wi-fi က ဘယ်က လာမှန်းမသိ ရင်တော့ သင့် ကို စိတ်ကသိကအောက်ဖြစ်စေမှာပါ။

အလားတူစွာပဲ သင် အသုံးစရိတ်ကို လျော့ ချနေချိန်မှာ wi-fi ကို အသုံးပြုဖို့ အတွက် ဒီလုပ်ဆောင်ချက် က သင့် အတွက် လက်ကိုင်တုတ် တစ်ချောင်းလိုပါပဲ။ တစ်ခုတော့ရှိပါတယ်။ စီးပွားရေး သမားတွေ သူတို့ ရဲ့ သတင်းအချက်အလက် ဝေမျှဖို့ အတွက် ရွေးချယ်ထားတဲ့ wi-fi တွေသာ Facebook မှာပေါ်မှာဖြစ်ပြီး အကုန်လုံးတော့ ပေါ်မှာ မဟုတ်ပါဘူး။ နောက်ပြီး Facebook ကသူ့ရဲ့ ခြေရာခံတဲ့ Location History ကို ဖွင့်ထားမှာဖြစ်ပြီး wi-fi ကို ဖွင့် ထားရင်တော့ သင်သွားခဲ့တဲ့ နေရာတွေအကုန်လုံးကို မှတ်သားနေမှာပါ။

ဒါပေမယ့် သင်တစ်ခြားနိုင်ငံမှာ wi-fi ကို အသည်းအသန် ရှာ ဖွေရင်းလမ်းပျောက်တယ်ဆိုရင်တော့ အနည်းဆုံးတော့ ဒီဟာကို အသုံးပြုချင်မှာပါ။

Zawgyi Font:  သင့္နားမွာ Free Wi Fi ရွိမရွိကုိ ရွာေဖြေပးမယ့္ Facebook ရဲ႕ Wifi Tools Feature အသစ္

လြန္ခဲ့တဲ့ တစ္ႏွစ္က Facebook က အနီးအနား မွာ ရွိတဲ့ wi-fi ကို ရွာေဖြမႈ အတြက္ စမ္းသပ္မႈ ေတြ စလုပ္ခဲ့ပါတယ္။ အဲ့ဒါက iOS ေတြမွာသာ အသံုးျပဳလို႔ရခဲ့ၿပီး သတ္မွတ္ထားတဲ့ ေနရာေတြမွာသာ ရွာေဖြလို႔ ရတာပါ။

အခုအခ်ိန္မွာေတာ့ Facebook က လူတိုင္းအသံုးျပဳႏိုင္မယ့္ feature ကို သူ႔ မိုဘိုင္း app ကေန ထုတ္လုပ္လုိက္ပါၿပီ။ More tap မွာ ႏွိပ္လိုက္ရုံသာျဖစ္ၿပီး wi-fi ကို select လုပ္လိုက္ရုံပါပဲ။ အနီးအနားမွာ ရွိတဲ့ wi-fi ကို ဇယားနဲ႔ ေသာ္လည္းေကာင္း ေျမပံုနဲ႔ ေသာ္လည္း ေကာင္း ေတြ႔ရ ႏိုင္ၿပီး စီပြားေရးနဲ႔ ပတ္သက္တဲ့့ သတင္း အခ်က္အလက္ေတြလည္း ေတြ႔ရမွာျဖစ္ပါတယ္။

ခရီးသြားတဲ့ အခါေတြမွာ ဒီဟာက လက္စြဲေတာ္ျဖစ္လာမွာျဖစ္ၿပီး ဖုန္းေဘလ္ မရွိရင္ေတာ့ ဒီ ဟာက အလုပ္လုပ္မွာေတာ့မဟုတ္ပါဘူး ။ wi-fi က သင့္အနားမွာအၿမဲ လိုလုိရွိေနတတ္ၿပီး wi-fi က ဘယ္က လာမွန္းမသိ ရင္ေတာ့ သင့္ ကို စိတ္ကသိကေအာက္ျဖစ္ေစမွာပါ။

အလားတူစြာပဲ သင္ အသံုးစရိတ္ကို ေလ်ာ့ ခ်ေနခ်ိန္မွာ wi-fi ကို အသံုးျပဳဖို႔ အတြက္ ဒီလုပ္ေဆာင္ခ်က္ က သင့္ အတြက္ လက္ကိုင္တုတ္ တစ္ေခ်ာင္းလိုပါပဲ။ တစ္ခုေတာ့ရွိပါတယ္။ စီးပြားေရး သမားေတြ  သူတို႔ ရဲ႕ သတင္းအခ်က္အလက္ ေ၀မွ်ဖို႔ အတြက္ ေရြးခ်ယ္ထားတဲ့ wi-fi ေတြသာ Facebook မွာေပၚမွာျဖစ္ၿပီး အကုန္လုံးေတာ့ ေပၚမွာ မဟုတ္ပါဘူး။ ေနာက္ၿပီး Facebook ကသူ႔ရဲ႕ ေျခရာခံတဲ့ Location History ကို ဖြင့္ထားမွာျဖစ္ၿပီး wi-fi ကို ဖြင့္ ထားရင္ေတာ့ သင္သြားခဲ့တဲ့ ေနရာေတြအကုန္လံုးကို မွတ္သားေနမွာပါ။

ဒါေပမယ့္ သင္တစ္ျခားႏုိင္ငံမွာ wi-fi ကို အသည္းအသန္ ရွာ ေဖြရင္းလမ္းေပ်ာက္တယ္ဆိုရင္ေတာ့ အနည္းဆံုးေတာ့ ဒီဟာကို အသံုးျပဳခ်င္မွာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: