Home News ဂျာမနီနိုင်ငံတွင် ခရီးသည်တင်Bus ကားနှင့် ကုန်တင်တွဲကားတိုက်မိ၊ သေဆုံးမှုများပြား

ဂျာမနီနိုင်ငံတွင် ခရီးသည်တင်Bus ကားနှင့် ကုန်တင်တွဲကားတိုက်မိ၊ သေဆုံးမှုများပြား

0

ဇူလိုင်လ ၃ရက်နေ့မှာ ဂျာမနီနိုင်ငံ Bavaria မြို့မြောက်ဘက်ရှိ A9 အဝေးပြေးလမ်းမကြီးတွင် ဂျာမနီခရီးသည် ၄၆ဦး သယ်ဆောင်လာသော bus ကားဟာ ကုန်တင်တွဲကားကို ဝင်တိုက်ခဲ့ပါတယ်။ တိုက်မိရုံ မဟုတ်ပဲ ကားနှစ်စီးလုံးမီးလောင်ကျွမ်းသွားတဲ့ အဆင့်ထိဖြစ်သွားပါတယ်။ bus ကားမှခရီးသည် ၁၇ဦးသေဆုံးပြီး Driver နှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ရပါတယ်။ လွတ်မြောက်သွားတဲ့ ခရီးသည်တွေမှာလဲ ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ၁၃ယောက်ကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။ ကုန်ကားဘက်မှာတော့ Driver တစ်ယာက်သာပါခဲ့ပြီး သူကတော့ လွတ်မြောက်ခဲ့ပါတယ်။

Bus ကားပေါ်ရှိခရီးသည်တွေဟာ အသက်၄၁နှစ်မှ ၈၁နှစ် ဝန်းကျင်ရှိတဲ့ခရီးသည်တွေဖြစ်ကြပြီး သူတို့ဟာ အားလပ်ရပ်အပျော်ခရီး အဖြင့် Dresden နယ်ကနေ အီတလီရှိ Lake Garda ကို ထွက်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်တိုက်မှုဖြစ်ချိန်တွင် ကယ်ဆယ်ရေးယာဉ်တွေသွားလာမှုကို လမ်းရှိတခြားခရီးသွားယာဉ်တွေက အခင်းဖြစ်မှုကို ကြည့်ရင်းဖြေးညှင်းစွာသွားပြီး အနှောက်အယှက်ပေးခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိ တာနောက်ကျသွားရပါတယ်လို့ Bavarian ၏အတွင်းဝန် Joachim Herrmann ကပြောပါတယ်။

အခင်းဖြစ်ရာနေရာသို့ ကယ်ဆယ်ရေးကားများအပြင် ကယ်ဆယ်ရေးလေယာဉ် ၅စီးပါသွားရောက်ကူညီပေး ခဲ့တယ်လို့လဲသိရပါတယ်။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရှိထားသောသူများကို Bayreuth ရှိဆေးရုံသို့ တင်ထားပြီး bus ကားဟာအဘယ့်ကြောင့် ဝင်တိုက်ရလဲဆိုတာကို မသိရသေးကြောင်း လက်ရှိမှာ သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Font : ဂ်ာမနီႏုိင္ငံတြင္ ခရီးသည္ Bus ကားႏွင့္ ကုန္တင္တြဲကားတိုက္မိ၊ ေသဆံုးမႈမ်ားျပား

ဇူလိုင္လ ၃ရက္ေန႔မွာ ဂ်ာမနီႏိုင္ငံ Bavaria ျမိဳ႕ေျမာက္ဘက္ရွိ A9 အေ၀းေျပးလမ္းမၾကီးတြင္ ဂ်ာမနီခရီးသည္ ၄၆ဦး သယ္ေဆာင္လာေသာ bus ကားဟာ ကုန္တင္တြဲကားကို ၀င္တိုက္ခဲ့ပါတယ္။ တိုက္မိရံု မဟုတ္ပဲ ကားႏွစ္စီးလံုးမီးေလာင္ကြ်မ္းသြားတဲ့ အဆင့္ထိျဖစ္သြားပါတယ္။ bus ကားမွခရီးသည္ ၁၇ဦးေသဆံုးျပီး Driver ႏွစ္ဦးအနက္ တစ္ဦးေသဆံုးခဲ့ရပါတယ္။ လြတ္ေျမာက္သြားတဲ့ ခရီးသည္ေတြမွာလဲ ဒဏ္ရာအသီးသီး ရရွိခဲ့ျပီး ၁၃ေယာက္ကေတာ့ ထိခိုက္မႈမရွိခဲ့ပါဘူး။ ကုန္ကားဘက္မွာေတာ့ Driver တစ္ယာက္သာပါခဲ့ျပီး သူကေတာ့ လြတ္ေျမာက္ခဲ့ပါတယ္။

Bus ကားေပၚရွိခရီးသည္ေတြဟာ အသက္၄၁ႏွစ္မွ ၈၁ႏွစ္ ၀န္းက်င္ရွိတဲ့ခရီးသည္ေတြျဖစ္ၾကျပီး သူတို႔ဟာ အားလပ္ရပ္အေပ်ာ္ခရီး အျဖင့္ Dresden နယ္ကေန အီတလီရွိ Lake Garda ကို ထြက္လာၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါယာဥ္တိုက္မႈျဖစ္ခ်ိန္တြင္ ကယ္ဆယ္ေရးယာဥ္ေတြသြားလာမႈကို လမ္းရွိတျခားခရီးသြားယာဥ္ေတြက အခင္းျဖစ္မႈကို ၾကည့္ရင္းေျဖးညွင္းစြာသြားျပီး အေႏွာက္အယွက္ေပးခဲ့သျဖင့္ ကယ္ဆယ္ေရးအဖြဲ႕ေတြ ေရာက္ရွိ တာေနာက္္က်သြားရပါတယ္လို႔ Bavarian ၏အတြင္း၀န္ Joachim Herrmann ကေျပာပါတယ္။

အခင္းျဖစ္ရာေနရာသို႔ ကယ္ဆယ္ေရးကားမ်ားအျပင္ ကယ္ဆယ္ေရးေလယာဥ္ ၅စီးပါသြားေရာက္ကူညီေပး ခဲ့တယ္လို႔လဲသိရပါတယ္။ လက္ရွိမွာေတာ့ ထိခိုက္ဒဏ္ရာရွိထားေသာသူမ်ားကို Bayreuth ရွိေဆးရံုသို႔ တင္ထားျပီး bus ကားဟာအဘယ့္ေၾကာင့္ ၀င္တိုက္ရလဲဆိုတာကို မသိရေသးေၾကာင္း လက္ရွိမွာ သတင္းထုတ္ျပန္ထားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: