Home News Samsung ရဲ့ တစ်ကျော့ပြန် Galaxy Note 7 သို့မဟုတ် Galaxy Note FE

Samsung ရဲ့ တစ်ကျော့ပြန် Galaxy Note 7 သို့မဟုတ် Galaxy Note FE

0

Samsung အတွက် ဗုံးထည့်ထားတဲ့ ဖုန်းလို့ နာမည်ကြီးသွားတဲ့ Note 7 ကို အားလုံးမှတ်မိနေကြမှာပါ။ အဲဒီ Note 7 ကို ပြန်လည် စစ်ဆေးစမ်းသပ်ပြီးတော့ ယခု ဖုန်းဈေးကွက်ထဲကို Samsung ကပြန်လည်ချပြ လိုက်ပါတယ်။ ဒါပေမဲ့ Note 7 ဆိုတဲ့ နာမည်နဲ့တော့မဟုတ်ပါဘူး Note FE ဆိုတဲ့ နာမည်နဲ့ ပြန်လည် ရှင်သန်လာတာ ဖြစ်ပါတယ်။ Note FE ဟာ Note 7 ထပ် Quality ပိုမိုကောင်းမွန်ပြီး Note 7 ထပ် ၃၀% ဈေးသက်နေပါတယ်။ Note FE ကို $610 နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Note FE ရဲ့ အဓိပ္ပာယ်ကတော့ Fan Edition ဖြစ်ပါတယ်။

Samsung Note FE ဟာ မျက်နှာပြင်အကျယ် 5.7 လက်မ၊ RAM 4GB ၊ ဘက်ထရီ 3200mAh ပါဝင်မှာဖြစ်ပါတယ်။ အရှေ့ ကင်မရာက 12MP ပါဝင်မှာဖြစ်ပြီး 4K video ရိုက်နိုင်တဲ့အရည်အသွေးရှိပါတယ်။ Selfie ကင်မရာကတော့ 5MP ပါဝင်မှာဖြစ်ပါတယ်။ SIM ကဒ် ၂ကဒ်ထည့်လို့ရတဲ့အပြင် micro SD 256 GB အထိလဲ ထပ်စိုက်လို့ရမှာဖြစ်ပါတယ်။ Intel Memory ကတော့ 64GB ဖြစ်ပါတယ်။ CPU အနေနဲ့ကတော့ နောက်ဆုံး ဖြစ်တဲ့ Octa-core(4×2.3 GHz Mongoose & 4×1.6GHz Cortex-A53) အမျိုးအစားကိုသုံးထားပါတယ်။ USB ကအားသွင်းရင်အရမ်းမြန်တဲ့ Type-C နဲ့ဖြစ်ပါတယ်။

Note FE ရဲ့တခြားစွမ်းဆောင်နိုင်တာကတော့ ဖုန်ဒဏ် ကိုခံနိုင်ပါတယ်။ ရေစိုခံတဲ့အပြင် 1.5 meter ရေအနက်မှာ မိနစ် ၃၀ ကြာသည်အထိ ထားနိုင်ပါတယ်။ ရေကူးကန်ထဲ ဓာတ်ပုံရိုက်ချင်သူတွေအတွက် စိတ်ကြိုက်ပေါ့ဗျာ။ Iris scanner လဲပါတယ်လို့ဆိုပါတယ်။ အရောင်ကတော့ Black Onyx ၊ Blue Coral ၊ Gold Platinum ၊ Silver Titanium ဆိုပြီးတော့ ရရှိမှာဖြစ်ပါတယ်။

Zawgyi Font : Samsung ရဲ႕ တစ္ေက်ာ့ျပန္ Galaxy Note 7 သို႕မဟုတ္ Galaxy Note FE

Samsung အတြက္ ဗံုးထည့္ထားတဲ့ ဖုန္းလို႔ နာမည္ၾကီးသြားတဲ့ Note 7 ကုိ  အားလံုးမွတ္မိေနၾကမွာပါ။ အဲဒီ Note 7 ကို ျပန္လည္ စစ္ေဆးစမ္းသပ္ျပီးေတာ့ ယခု ဖုန္းေစ်းကြက္ထဲကို Samsung ကျပန္လည္ခ်ျပ လိုက္ပါတယ္။ ဒါေပမဲ့ Note 7 ဆုိတဲ့ နာမည္နဲ႔ေတာ့မဟုတ္ပါဘူး Note FE ဆိုတဲ့ နာမည္နဲ႔ ျပန္လည္ ရွင္သန္လာတာ ျဖစ္ပါတယ္။ Note FE ဟာ Note 7 ထပ္ Quality ပိုမိုေကာင္းမြန္ျပီး Note 7 ထပ္ ၃၀% ေစ်းသက္ေနပါတယ္။ Note FE ကို $610 နဲ႔ ၀ယ္ယူႏိုင္မွာျဖစ္ပါတယ္။ Note FE ရဲ႕ အဓိပၸာယ္ကေတာ့ Fan Edition ျဖစ္ပါတယ္။

Samsung Note FE ဟာ မ်က္ႏွာျပင္အက်ယ္ 5.7 လက္မ၊ RAM 4GB ၊ ဘက္ထရီ 3200mAh ပါ၀င္မွာျဖစ္ပါတယ္။ အေရွ႕ ကင္မရာက 12MP ပါ၀င္မွာျဖစ္ျပီး 4K video ရိုက္ႏိုင္တဲ့အရည္အေသြးရွိပါတယ္။ Selfie ကင္မရာကေတာ့ 5MP ပါ၀င္မွာျဖစ္ပါတယ္။ SIM ကဒ္ ၂ကဒ္ထည့္လို႔ရတဲ့အျပင္ micro SD 256 GB အထိလဲ ထပ္စိုက္လို႔ရမွာျဖစ္ပါတယ္။ Intel Memory ကေတာ့ 64GB ျဖစ္ပါတယ္။ CPU အေနနဲ႔ကေတာ့ ေနာက္ဆံုး ျဖစ္တ့ဲ Octa-core(4×2.3 GHz Mongoose & 4×1.6GHz Cortex-A53) အမ်ိဳးအစားကိုသံုးထားပါတယ္။ USB ကအားသြင္းရင္အရမ္းျမန္တဲ့ Type-C နဲ႔ျဖစ္ပါတယ္။

Note FE ရဲ႕တျခားစြမ္းေဆာင္ႏိုင္တာကေတာ့ ဖုန္ဒဏ္ ကိုခံႏိုင္ပါတယ္။ ေရစိုခံတဲ့အျပင္ 1.5 meter ေရအနက္မွာ မိနစ္ ၃၀ ၾကာသည္အထိ ထားႏိုင္ပါတယ္။ ေရကူးကန္ထဲ ဓာတ္ပံုရိုက္ခ်င္သူေတြအတြက္ စိတ္ၾကိဳက္ေပါ့ဗ်ာ။ Iris scanner လဲပါတယ္လို႔ဆိုပါတယ္။ အေရာင္ကေတာ့ Black Onyx ၊ Blue Coral ၊ Gold Platinum ၊ Silver Titanium ဆိုျပီးေတာ့ ရရွိမွာျဖစ္ပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: