Home Featured ၂၀၁၆ခုနှစ် မြန်မာ MMA ဖယ်သာဝိတ်ချန်ပီယံ ဖိုးသော် ရဲ့ ပရဟိတစိတ်ဓါတ်

၂၀၁၆ခုနှစ် မြန်မာ MMA ဖယ်သာဝိတ်ချန်ပီယံ ဖိုးသော် ရဲ့ ပရဟိတစိတ်ဓါတ်

0

ဒီကနေ့ မြန်မာ့လက်ဝှေ့လောကမှာ အချိန်တိုအတွင်း အောင်မြင်မှုတွေ ဆက်တိုက်ရပြီး ထင်ပေါ်ကျော်ကြားလာတဲ့ လက်ဝှေ့သမားကိုပြောပါဆိုရင် ဖိုးသော်လို့ပဲ အားလုံးက ပြောကြပါလိမ့်မယ်။ အရပ်အမောင်း ကောင်းကောင်းနဲ့ ဥပဓိရုပ်ကောင်းလှတဲ့ ဖိုးသော်တစ်ယောက် မင်းသားမလုပ်ဘဲ ကြိုးဝိုင်းထဲရောက်သွားတာကိုလည်း တစ်ချို့က တအံ့တသြ ပြောဆိုသံတွေကြားရပါတယ်။

မြန်မာတို့ရဲ့ အားမာန်တွေ ၊ဂုဏ်ဒြဗ်တွေနဲ့ ပြည့်နေတဲ့ မြို့ရွှေမန္တလာမှာ မွေးဖွားခဲ့တဲ့ ဖိုးသော်တစ်ယောက် စင်ပေါ်ရောက်တာနဲ့ မြန်မာဟေ့လို့ ဂုဏ်ယူကြွေးကြော်နိုင်ခဲ့တာတွေကလည်း မြန်မာပရိတ်သတ်တွေအတွက် အားတက်စရာ၊အားပေးချင်စရာတွေဖြစ်ခဲ့သလို ပရိတ်သတ်ရဲ့ ရင်ထဲက ခင်မင်ချင်တဲ့ မေတ္တာကို လည်းရရှိခဲ့ပါတယ်။ အချိန်တိုအတွင်း သူအခုလိုအောင်မြင်လာတာဟာ သူ့ရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ သူ့ကိုမဖြစ်နိုင်ဘူးလို့ဝေဖန်မှုတွေကို အံတုပြီးဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ စိတ်ဓါတ်ခိုင်မာမှုနဲ့ သူဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေအရ လူမှုပြောဆိုဆက်ဆံရေးကျွမ်းကျင်လိမ္မာမှု၊ လိုရာကိုကြိုတင်တွေးတောကြံစည်ပြီး ဉာဏ်သုံးတတ်တဲ့ သူ့ရဲ့အားသာချက်တွေကြောင့် ဆိုတာကို သူ မီဒီယာတွေနဲ့တွေ့တိုင်း ပြောခဲ့တာတွေကို နားဆင်ကြည့်ရင်သိနိုင်ပါတယ်။

ပြိုင်ဖက်နဲ့တွေ့လေတိုင်း ကြမ်းကြမ်းရမ်းရမ်း၊သဲသဲမဲမဲ ထိုးကြိတ်အနိုင်ယူခဲ့တဲ့ဖိုးသော်ကို တစ်ချို့ကလည်း စိတ်ကြမ်းလူကြမ်းလို့ထင်ကောင်းထင်ကြပါလိမ့်မယ်။

ဒီလိုတွေးထင်ရင်တော့ မှားပါလိမ့်မယ်။ တကယ်တော့ ဒီကနေ့လက်ဝှေ့စင်ပေါ်မှာ ထင်ပေါ်နေတဲ့ဖိုးသော်ဆိုတာ ဒီလောကမရောက်မီကတည်းက နေ့နေ့ညညလူတွေရဲ့ အသက်ကို ကူညီကယ်တင်ပေးနေတဲ့ ပရဟိတစိတ်ရှိတဲ့လူငယ်တစ်ဦးဖြစ်ပါတယ်။ ကိုဖိုးသော်ဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ မေတ္တာလူငယ် အခမဲ့သွေးလှူရှင်အဖွဲ့ကို ဖွဲ့ပြီး သူကိုယ်တိုင်ဦးဆောင်ကာ သူ့သူငယ်ချင်း ဖိုးလပြည့် နဲ့တွဲပြီး အခကြေးငွေတစ်ပြားတစ်ချပ်မှမယူဘဲ လူနာတွေလိုအပ်တဲ့သွေးတွေကို ကူညီရှာဖွေလှူဒါန်းခဲ့ကြသလို သူကိုယ်တိုင်ကလည်း သွေးလှူခဲ့တာ အခုဆိုရင် ၂၄ ကြိမ်တောင်ရှိခဲ့ပါပြီ။

phoethaw

ကိုဖိုးသော်ကတော့ သူတို့အဖွဲ့ဟာ၂၀၁၀ ခုနှစ် ဇွန်လကစပြီးစနစ်တကျ စာရင်းဇယားတွေနဲ့သေချာလုပ်ဖြစ်ခဲ့ကြတယ်။ နောက်ပိုင်း သူတို့ထက်အသက်ကြီးတဲ့ ပရဟိတသမားဦးခင်မြိုင်နဲ့တွေ့ပြီးတဲ့အခါမှာတော့ သူတိုရဲ့ အဖွဲ့ဟာ ပိုပြီး အားကောင်းလာသလို လူတွေကိုပိုပြီးကူညီနိုင်ခဲ့ကြတယ်။ အခမဲ့ကူညီတာဖြစ်တဲ့အတွက် ဘယ်သူ့ဆီကမှ အလှူငွေတွေကောက်ခံတယ်ဆိုတာမရှိခဲ့ဘူး။ မဖြစ်မနေအတင်းအကျပ်လှူလာတာတွေရှိရင်လည်း ဘဏ်ထဲထည့်ပြီး သဘာဝဘေးတွေနဲ့ကြုံတဲ့အခါမျိုးမှာပြန်လည်လှူဒါန်းကြတယ် လို့ ဆိုပါတယ်။

phoe thaw

ဒီလိုအောင်မြင်မှုတွေအတွက် အပြင်းအထန်လေ့ကျင့်ကြိုးစားနေတဲ့ အချိန်အခါမျိုးမှာတောင် လူတွေရဲ့ အသက်ရေးအတွက် စေတနာဖက်ပြီး အားတက်သရောလုပ်ကိုင်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ စာဖတ်သူမိတ်ဆွေများလည်း သွေးအတွက် အခက်အခဲတစ်စုံတရာရှိတယ်ဆိုရင်တော့ ကိုဖိုးသော်ရဲ့ မေတ္တာလူငယ်အခမဲ့ သွေးလှူရှင်အဖွဲ့ရဲ့ ဖုန်းနံပါတ်တွေဖြစ်ကြတဲ့ ၀၉ ၅၁၆၃၉၄၃ နဲ့ ၀၁ ၅၅၅၉၆၀ တို့သို့ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့သိရပါတယ်။

ဒီလို ပရဟိတစိတ်ထက်သန်တဲ့ ဖိုးသော်ရဲ့ စိတ်ကူးမျှော်လင့်ချက်က မြင့်သထက်မြင့်တဲ့ ချန်ပီယမ်တစ်ယောက်ဖြစ်လာဖို့ ဖြစ်ပါတယ်။ ဒီအတွက်လည်း လာမယ့် စက်တင်ဘာလ(၂)ရက်နေ့မှာ သူ့ထက် သဘာရင့်၊ဝါရင့်တဲ့ သွေးသစ်ဝင်းလှိုင်ကို ယှဉ်ပြိုင်ထိုးဖို့စိန်ခေါ်ထားတယ်လို့သိရပါတယ်။ ပွဲကတော့သုဝဏ္ဏအားကစားရုံမှာဖြစ်ပါတယ်။ ဒီပွဲဟာ ဖိုးသော်အတွက် နောက်တစ်ဆင့် အောင်မြင်မှုလမ်းခရီးအတွက် အဆုံးအဖြတ်ပွဲလိုမျိုးဖြစ်နေတာကြောင့် အစွမ်းကုန်လေ့ကျင်ပြင်ဆင်သွားမယ်လို့ဆိုပါတယ်။ မကြာခင်မှာ (၄၅)ရက်ကြာလေ့ကျင့်ပြင်ဆင်ဖို့ ထိုင်းနိုင်ငံကို သွားရောက်မယ်လို့လည်းသိရပါတယ်။ တစ်နေ့ထက်တစ်နေ့ မြန်မာပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှူကိုရလာတဲ့ ဖိုးသော်တစ်ယောက် ယခုထက်မက နိုင်ငံ့ဂုဏ်ဆောင် အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်နိုင်ပါစေ ။ မြန်မာပြည်သူပြည်သားများအတွက် ကောင်းကျိုးသုခတွေကို ယခုထက်မကထမ်းရွက်နိုင်ပါစေလို့ ဆန်းသစ်မြန်မာ က ဆုတောင်းပေးလိုက်ပါတယ်။

phoe thaw

Zawgyi Font: ၂၀၁၆ခုႏွစ္ ျမန္မာ MMA ဖယ္သာဝိတ္ခ်န္ပီယံ ဖိုးေသာ္ ရဲ႕ ပရဟိတစိတ္ဓါတ္

ဒီကေန႕ ျမန္မာ႕လက္ေ၀ွ႔ေလာကမွာ အခ်ိန္တိုအတြင္း ေအာင္ျမင္မႈေတြ ဆက္တိုက္ရျပီး ထင္ေပၚေက်ာ္ၾကားလာတဲ႕ လက္ေ၀ွ႔သမားကိုေျပာပါဆိုရင္ ဖိုးေသာ္လို႔ပဲ အားလံုးက ေျပာၾကပါလိမ္႔မယ္။ အရပ္အေမာင္း ေကာင္းေကာင္းနဲ႔ ဥပဓိရုပ္ေကာင္းလွတဲ႔ ဖိုးေသာ္တစ္ေယာက္ မင္းသားမလုပ္ဘဲ ၾကိဳး၀ိုင္းထဲေရာက္သြားတာကိုလည္း တစ္ခ်ိဳ႔က တအံ႕တၾသ ေျပာဆိုသံေတြၾကားရပါတယ္။

ျမန္မာတို႔ရဲ႕ အားမာန္ေတြ ၊ဂုဏ္ျဒဗ္ေတြနဲ႔ ျပည္႔ေနတဲ႔ ျမိဳ႕ေရႊမႏၱလာမွာ ေမြးဖြားခဲ႔တဲ႔ ဖိုးေသာ္တစ္ေယာက္ စင္ေပၚေရာက္တာနဲ႔ ျမန္မာေဟ႕လို႔ ဂုဏ္ယူေၾကြးေၾကာ္ႏိုင္ခဲ့တာေတြကလည္း ျမန္မာပရိတ္သတ္ေတြအတြက္ အားတက္စရာ၊အားေပးခ်င္စရာေတြျဖစ္ခဲ့သလို ပရိတ္သတ္ရဲ႕ ရင္ထဲက ခင္မင္ခ်င္တဲ့ ေမတၱာကို လည္းရရွိခဲ႔ပါတယ္။ အခ်ိန္တိုအတြင္း သူအခုလိုေအာင္ျမင္လာတာဟာ သူ႔ရဲ႕ခိုင္မာတဲ႔ ဆံုးျဖတ္ခ်က္၊ သူ႕ကိုမျဖစ္ႏိုင္ဘူးလို႔ေ၀ဖန္မွဳေတြကို အံတုျပီးျဖစ္ေအာင္လုပ္ျပမယ္ဆိုတဲ့ စိတ္ဓါတ္ခိုင္မာမွဳနဲ႔ သူျဖတ္သန္းလာခဲ႔တဲ႔ အေတြ႕အၾကံဳေတြအရ လူမွဳေျပာဆိုဆက္ဆံေရးကၽြမ္းက်င္လိမၼာမႈ၊ လိုရာကိုၾကိဳတင္ေတြးေတာၾကံစည္ျပီး ဥာဏ္သံုးတတ္တဲ႔ သူ႕ရဲ႕အားသာခ်က္ေတြေၾကာင့္ ဆိုတာကို သူ မီဒီယာေတြနဲ႔ေတြ႔တိုင္း ေျပာခဲ႔တာေတြကို နားဆင္ၾကည္႔ရင္သိႏိုင္ပါတယ္။

ျပိဳင္ဖက္နဲ႔ေတြ႔ေလတိုင္း ၾကမ္းၾကမ္းရမ္းရမ္း၊သဲသဲမဲမဲ ထိုးၾကိတ္အႏိုင္ယူခဲ႔တဲ႔ဖိုးေသာ္ကို တစ္ခ်ိဳ႕ကလည္း စိတ္ၾကမ္းလူၾကမ္းလို႔ထင္ေကာင္းထင္ၾကပါလိမ္႔မယ္။

ဒီလိုေတြးထင္ရင္ေတာ့ မွားပါလိမ္႔မယ္။ တကယ္ေတာ႔ ဒီကေန႔လက္ေ၀ွ႕စင္ေပၚမွာ ထင္ေပၚေနတဲ႔ဖိုးေသာ္ဆိုတာ ဒီေလာကမေရာက္မီကတည္းက ေန႔ေန႔ညညလူေတြရဲ႕ အသက္ကို ကူညီကယ္တင္ေပးေနတဲ႔ ပရဟိတစိတ္ရွိတဲ႔လူငယ္တစ္ဦးျဖစ္ပါတယ္။ ကိုဖိုးေသာ္ဟာ လြန္ခဲ႔တဲ႔ ၂၀၀၈ ခုႏွစ္မွာ ေမတၱာလူငယ္ အခမဲ႔ေသြးလွဴရွင္အဖြဲ႔ကို ဖြဲ႕ျပီး သူကိုယ္တိုင္ဦးေဆာင္ကာ သူ႔သူငယ္ခ်င္း ဖိုးလျပည့္ နဲ႔တြဲျပီး အခေၾကးေငြတစ္ျပားတစ္ခ်ပ္မွမယူဘဲ လူနာေတြလိုအပ္တဲ႔ေသြးေတြကို ကူညီရွာေဖြလွဴဒါန္းခဲ႔ၾကသလို သူကိုယ္တိုင္ကလည္း ေသြးလွဴခဲ႔တာ အခုဆိုရင္ ၂၄ ၾကိမ္ေတာင္ရွိခဲ႔ပါျပီ။

ကိုဖိုးေသာ္ကေတာ႔ သူတို႕အဖြဲ႔ဟာ၂၀၁၀ ခုႏွစ္ ဇြန္လကစျပီးစနစ္တက် စာရင္းဇယားေတြနဲ႔ေသခ်ာလုပ္ျဖစ္ခဲ႔ၾကတယ္။ ေနာက္ပိုင္း သူတို႕ထက္အသက္ၾကီးတဲ့ ပရဟိတသမားဦးခင္ျမိဳင္နဲ႔ေတြ႕ျပီးတဲ႔အခါမွာေတာ႕ သူတိုရဲ႕ အဖြဲ႔ဟာ ပိုျပီး အားေကာင္းလာသလို လူေတြကိုပိုျပီးကူညီႏိုင္ခဲ႕ၾကတယ္။ အခမဲ႔ကူညီတာျဖစ္တဲ႔အတြက္ ဘယ္သူ႔ဆီကမွ အလွဴေငြေတြေကာက္ခံတယ္ဆိုတာမရွိခဲ႔ဘူး။ မျဖစ္မေနအတင္းအက်ပ္လွဴလာတာေတြရွိရင္လည္း ဘဏ္ထဲထည္႔ျပီး သဘာ၀ေဘးေတြနဲ႔ၾကံဳတဲ႔အခါမ်ိဳးမွာျပန္လည္လွဴဒါန္းၾကတယ္  လို႕ ဆိုပါတယ္။

ဒီလိုေအာင္ျမင္မွဳေတြအတြက္ အျပင္းအထန္ေလ႔က်င္႔ၾကိဳးစားေနတဲ႔ အခ်ိန္အခါမ်ိဳးမွာေတာင္ လူေတြရဲ႕ အသက္ေရးအတြက္ ေစတနာဖက္ျပီး အားတက္သေရာလုပ္ကိုင္ေနဆဲျဖစ္တယ္လို႔ဆိုပါတယ္။ စာဖတ္သူမိတ္ေဆြမ်ားလည္း ေသြးအတြက္ အခက္အခဲတစ္စံုတရာရွိတယ္ဆိုရင္ေတာ႕ ကိုဖိုးေသာ္ရဲ႕ ေမတၱာလူငယ္အခမဲ႔ ေသြးလွဴရွင္အဖြဲ႔ရဲ႕ ဖုန္းနံပါတ္ေတြျဖစ္ၾကတဲ႔ ၀၉ ၅၁၆၃၉၄၃ နဲ႕ ၀၁ ၅၅၅၉၆၀ တို႕သို႔ဆက္သြယ္အကူအညီေတာင္းခံႏိုင္တယ္လို႕သိရပါတယ္။

ဒီလို ပရဟိတစိတ္ထက္သန္တဲ့ ဖိုးေသာ္ရဲ႕ စိတ္ကူးေမွ်ာ္လင့္ခ်က္က ျမင့္သထက္ျမင္႔တဲ႕ ခ်န္ပီယမ္တစ္ေယာက္ျဖစ္လာဖို႕ ျဖစ္ပါတယ္။ ဒီအတြက္လည္း လာမယ့္ စက္တင္ဘာလ(၂)ရက္ေန႔မွာ သူ႔ထက္ သဘာရင္႔၊၀ါရင္႔တဲ႔ ေသြးသစ္၀င္းလွဳိင္ကို ယွဥ္ျပိဳင္ထိုးဖို႕စိန္ေခၚထားတယ္လို႔သိရပါတယ္။ ပြဲကေတာ႕သု၀ဏၰအားကစားရံုမွာျဖစ္ပါတယ္။ ဒီပြဲဟာ ဖိုးေသာ္အတြက္ ေနာက္တစ္ဆင့္ ေအာင္ျမင္မွဳလမ္းခရီးအတြက္ အဆံုးအျဖတ္ပြဲလိုမ်ိဳးျဖစ္ေနတာေၾကာင္႔ အစြမ္းကုန္ေလ႕က်င္ျပင္ဆင္သြားမယ္လို႔ဆိုပါတယ္။ မၾကာခင္မွာ (၄၅)ရက္ၾကာေလ႔က်င္႔ျပင္ဆင္ဖို႔ ထိုင္းႏိုင္ငံကို သြားေရာက္မယ္လို႔လည္းသိရပါတယ္။ တစ္ေန႔ထက္တစ္ေန႔ ျမန္မာပရိတ္သတ္ေတြရဲ႔ အားေပးခ်စ္ခင္မွဴကိုရလာတဲ႔ ဖိုးေသာ္တစ္ေယာက္ ယခုထက္မက ႏိုင္ငံ့ဂုဏ္ေဆာင္ ေအာင္ျမင္မွဳေတြကို ရယူပိုင္ဆိုင္ႏိုင္ပါေစ ။ ျမန္မာျပည္သူျပည္သားမ်ားအတြက္ ေကာင္းက်ိဳးသုခေတြကို ယခုထက္မကထမ္းရြက္ႏိုင္ပါေစလို႔ ဆန္းသစ္ျမန္မာ က ဆုေတာင္းေပးလိုက္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: