Home News အောင်လပွဲမှာ အကြံအဖန်မဟုတ် အမှန်အကန်ဖြစ်ကြောင်း ပွဲစီစဉ်သူကရှင်း

အောင်လပွဲမှာ အကြံအဖန်မဟုတ် အမှန်အကန်ဖြစ်ကြောင်း ပွဲစီစဉ်သူကရှင်း

0

ဇွန်လ ၃၀ရက်နေ့ ညနေတွင် ထိုးသတ်ခဲ့သော MMA Middle Weight ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲတွင် မြန်မာ ဘက်မှ အောင်လအန်ဆန်းနှင့် ရှရှားဘက်မှ ဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်ခဲ့ရာ ၅ချီမြောက်အပြီးတွင် ဒိုင်ဆုံးဖြတ်ချက်ဖြင့် အောင်လ အနိုင်ရရှိခဲ့သည်ကို အားလုံးသိကြပြီးဖြစ်ပါတယ်။ သို့သော် အဆိုပါပွဲအပြီးတွင် အောင်လ အနိုင်ရလို့ ပျော်ရွှင် ဝမ်းသာ ဂုဏ်ယူနေကြသူတွေရှိသလို ဒီပွဲဟာ လုပ်ကြံပွဲ အကြံအဖန်ပွဲဟုလည်း ပြောကြားလာတဲ့ အသံတွေ ရှိလာပါတယ်။ ထို့ကြောင့် ပွဲကိုစီစဉ်ခဲ့သူ ဦးဇေသီဟမှ ဒီပွဲဟာ အကြံအဖန်ပွဲမဟုတ်ကြောင်း အောင်လ၏ အရည်အချင်းအစစ်အမှန်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ကြောင်းကို ပြန်လည်ရှင်းပြခဲ့ပါတယ်။

“အောင်လနဲ့ ဘစ်ဒက်ရှ်တို့ ပထမအကြိမ် မဆုံခင်ကတည်းက ကျွန်တော်ရော အောင်လပါ မြန်မာပရိသတ် အရှေ့မှာ ချန်ပီယံလုပွဲကျင်းပဖို့ တိုက်တွန်းညှိုနှိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ONE Championship အဖွဲ့က လက်မခံခဲ့ ပါဘူး။ အကြာင်းရင်းကတော့ အိမ်ရှင်ပရိသတ်အရှေ့မှာ ရှုံးခဲ့ရင် ဆူမှာစိုးလို့မဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဒီလိုနဲ့ အခါအခွင့်ကြုံလာတော့ မထင်မှတ်ပဲ အောင်လထိုးခွင့်ရခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ အစားဝင် ထိုးခဲ့ရတဲ့အတွက် နားလည်မှုတချို့ကို အရယူခဲ့ရပါတယ်။ အဲဒါကတော့ KO (အလဲထိုး) မဟုတ်ဘဲ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါက မြန်မာ ပရိသတ်ရှေ့မှာ ထပ်မံတွေ့ဆုံခွင့်ပေးပါဆိုတဲ့ သဘောတူညီမှုပါ။ ကျွန်တော်တို့ ဘက်က မြန်မာပရိသတ်တွေ ကိုယ်စား အာမခံမှုတွေပေးခဲ့ရပါတယ်။ ဖြစ်ခဲ့ရင် ရှင်းရမယ့် ပြဿနာတွေကို ကြိုတွက် ခဲ့ရပါတယ်” ဟု ပွဲစီစဉ်သူ ဦးဇေသီဟကပြောပါတယ်။

ဒါ့အပြင် ဦးဇေသီဟ ကပွဲတွင်းအခြေအနေနှင့်ပတ်သက်ပြီး “ လုံခြုံရေးတင်းတင်း ကျပ်ကျပ် လုပ်ခဲ့ပါတယ်။ ခုံအောက်တွေမှာ ကြိုတင်ဝှက်ထားနိုင်မယ့် တုတ်၊ဓားများ ရှိ၊မရှိက အစ စိစစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အောင်လပွဲ သုံးချီမြောက်မှာ ကျွန်တော်တို့ တာဝန်ရှိသူများ သံဇကာစင်နား အလုပ်ရှုပ်နေတာကို သတိထားမိ နိုင်ပါတယ်။ အဲဒါက ရှုံးနိမ့်မယ့် အနေအထားမျိုး တစ်ချက်ဖြစ်သွားတဲ့ အတွက် လုံခြုံရေးတွေအားလုံးကို ပရိသတ်ဘက် မျက်နှာမူပြီး အသင့်စောင့်နေရန် လိုက်မှာကြားနေရပြီဖြစ်ပါတယ်။ ကျွန်တော်တို့ စိတ်ပူနေမှုဟာ သုံးချီပြီး လေးချီ၊ နောက်ငါးချီအထိ လျော့ကျမသွားဘဲ တိုးလို့သာနေပါတယ်။ နောက်ဆုံး ဒိုင်တွေဆုံးဖြတ်ချက် မထွက်ခင် စက္ကန့်ပိုင်းလေးအထိ ရင်ခုန်နေရတယ်။ အောင်လအတွက် ရင်ခုန်မှုနဲ့ ပရိသတ်ရဲ့ပေါက်ကွဲမှု အရှိန်ကိုစိုးရိမ်မှု နှစ်ခုလုံး ရောပြွမ်းနေတဲ့အထိ ဖြစ်ခဲ့ရတယ်” ဟုပြောကြားခဲ့ပါတယ်။

ONE Championship ပြိုင်ပွဲဟာ နိုင်ငံပေါင်း ၁၁၂ နိုင်ငံသို့ တိုက်ရိုက်ထုတ်လွှင့်နေသည့် ပွဲဖြစ်သဖြင့် တစ်ကမ္ဘာလုံးရှိ MMA ကစားသမားများအပါအဝင် ပရိသတ်များက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့အတွက် တစ်ထရီလီယံ(ဘီလီယံ ၁,၀၀၀) တန်ဖိုးရှိသော ONE Championship ၏အကျိုးစီးပွားကို ဘယ်လိုနည်းနဲ့မှ ထိခိုက်ခံမည်မဟုတ်သဖြင့် လုပ်ပွဲဖန်တီးမှု အကြွင်းမဲ့ မရှိခဲ့ကြောင်း ၎င်းကဆက်လက်ရှင်းပြခဲ့ပါတယ်။

Zawgyi Font : ေအာင္လပြဲမွာ အၾကံအဖန္မဟုတ္ အမွန္အကန္ျဖစ္ေၾကာင္း ပြဲစီစဥ္သူကရွင္း

ဇြန္လ ၃၀ရက္ေန႔ ညေနတြင္ ထိုးသတ္ခဲ့ေသာ MMA Middle Weight ကမၻာ့ခ်န္ပီယံ စိန္ေခၚပြဲတြင္ ျမန္မာ ဘက္မွ ေအာင္လအန္ဆန္းႏွင့္ ရွရွားဘက္မွ ဘစ္ဒက္ရွ္တို႔ ယွဥ္ျပိဳင္ခဲ့ရာ ၅ခ်ီေျမာက္အျပီးတြင္ ဒိုင္ဆံုးျဖတ္ခ်က္ျဖင့္ ေအာင္လ အႏိုင္ရရွိခဲ့သည္ကို အားလံုးသိၾကျပီးျဖစ္ပါတယ္။ သို႔ေသာ္ အဆိုပါပြဲအျပီးတြင္ ေအာင္လ အႏိုင္ရလို႔ ေပ်ာ္ရႊင္ ၀မ္းသာ ဂုဏ္ယူေနၾကသူေတြရွိသလို ဒီပြဲဟာ လုပ္ၾကံပြဲ အၾကံအဖန္ပြဲဟုလည္း ေျပာၾကားလာတဲ့ အသံေတြ ရွိလာပါတယ္။ ထို႔ေၾကာင့္ ပြဲကိုစီစဥ္ခဲ့သူ ဦးေဇသီဟမွ ဒီပြဲဟာ အၾကံအဖန္ပြဲမဟုတ္ေၾကာင္း ေအာင္လ၏ အရည္အခ်င္းအစစ္အမွန္ျဖင့္ အႏိုင္ရရွိခဲ့တာျဖစ္ေၾကာင္းကို ျပန္လည္ရွင္းျပခဲ့ပါတယ္။

“ေအာင္လနဲ႔ ဘစ္ဒက္ရွ္တို႔ ပထမအၾကိမ္ မဆံုခင္ကတည္းက ကၽြန္ေတာ္ေရာ ေအာင္လပါ ျမန္မာပရိသတ္ အေရွ႕မွာ ခ်န္ပီယံလုပြဲက်င္းပဖို႔ တိုက္တြန္းညႈိႏႈိုင္းခဲ့ပါတယ္။ ဒါေပမဲ့ ONE Championship အဖြဲ႕က လက္မခံခဲ့ ပါဘူး။ အၾကာင္းရင္းကေတာ့ အိမ္ရွင္ပရိသတ္အေရွ႕မွာ ရံႈးခဲ့ရင္ ဆူမွာစိုးလို႔မျဖစ္ႏိုင္ေၾကာင္း ေျပာပါတယ္။ ဒီလိုနဲ႔ အခါအခြင့္ၾကံဳလာေတာ့ မထင္မွတ္ပဲ ေအာင္လထိုးခြင့္ရခဲ့ပါတယ္။ အင္ဒိုနီးရွားမွာ အစား၀င္ ထိုးခဲ့ရတဲ့အတြက္ နားလည္မႈတခ်ိဳ႕ကို အရယူခဲ့ရပါတယ္။ အဲဒါကေတာ့ KO (အလဲထိုး) မဟုတ္ဘဲ အမွတ္နဲ႔ ရႈံးနိမ့္ခဲ့ပါက ျမန္မာ ပရိသတ္ေရွ႕မွာ ထပ္မံေတြ႕ဆံုခြင့္ေပးပါဆိုတဲ့ သေဘာတူညီမႈပါ။ ကၽြန္ေတာ္တို႔ ဘက္က ျမန္မာပရိသတ္ေတြ ကိုယ္စား အာမခံမႈေတြေပးခဲ့ရပါတယ္။ ျဖစ္ခဲ့ရင္ ရွင္းရမယ့္ ျပႆနာေတြကို ၾကိဳတြက္ ခဲ့ရပါတယ္” ဟု ပြဲစီစဥ္သူ ဦးေဇသီဟကေျပာပါတယ္။

ဒါ့အျပင္ ဦးေဇသီဟ ကပြဲတြင္းအေျခအေနႏွင့္ပတ္သက္ျပီး “ လံုျခံဳေရးတင္းတင္း က်ပ္က်ပ္ လုပ္ခဲ့ပါတယ္။ ခံုေအာက္ေတြမွာ ၾကိဳတင္၀ွက္ထားႏိုင္မယ့္ တုတ္၊ဓားမ်ား ရွိ၊မရွိက အစ စိစစ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ေအာင္လပြဲ သံုးခ်ီေျမာက္မွာ ကၽြန္ေတာ္တို႔ တာ၀န္ရွိသူမ်ား သံဇကာစင္နား အလုပ္ရႈပ္ေနတာကို သတိထားမိ ႏုိင္ပါတယ္။ အဲဒါက ရႈံးနိမ့္မယ့္ အေနအထားမ်ိဳး တစ္ခ်က္ျဖစ္သြားတဲ့ အတြက္ လံုျခံဳေရးေတြအားလံုးကို ပရိသတ္ဘက္ မ်က္နွာမူျပီး အသင့္ေစာင့္ေနရန္ လိုက္မွာၾကားေနရျပီျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ စိတ္ပူေနမႈဟာ သံုးခ်ီျပီး ေလးခ်ီ၊ ေနာက္ငါးခ်ီအထိ ေလ်ာ့က်မသြားဘဲ တိုးလို႔သာေနပါတယ္။ ေနာက္ဆံုး ဒိုင္ေတြဆံုးျဖတ္ခ်က္ မထြက္ခင္ စကၠန္႔ပိုင္းေလးအထိ ရင္ခုန္ေနရတယ္။ ေအာင္လအတြက္ ရင္ခုန္မႈနဲ႔ ပရိသတ္ရဲ႕ေပါက္ကြဲမႈ အရွိန္ကိုစိုးရိမ္မႈ ႏွစ္ခုလံုး ေရာျပြမ္းေနတဲ့အထိ ျဖစ္ခဲ့ရတယ္” ဟုေျပာၾကားခဲ့ပါတယ္။

ONE Championship ျပိဳင္ပြဲဟာ ႏိုင္ငံေပါင္း ၁၁၂ ႏိုင္ငံသို႔ တိုက္ရိုက္ထုတ္လႊင့္ေနသည့္ ပြဲျဖစ္သျဖင့္ တစ္ကမၻာလံုးရွိ MMA ကစားသမားမ်ားအပါအ၀င္ ပရိသတ္မ်ားက စိတ္၀င္တစား ေစာင့္ၾကည့္ေနတဲ့အတြက္ တစ္ထရီလီယံ(ဘီလီယံ ၁,၀၀၀) တန္ဖိုးရွိေသာ ONE Championship ၏အက်ိဳးစီးပြားကို ဘယ္လိုနည္းနဲ႔မွ ထိခိုက္ခံမည္မဟုတ္သျဖင့္ လုပ္ပြဲဖန္တီးမႈ အၾကြင္းမဲ့ မရွိခဲ့ေၾကာင္း ၄င္းကဆက္လက္ရွင္းျပခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: