Home News ဘရာဇီးတွင် မူးယစ်ရာဇာ တစ်ယောက်ကို နှစ်၃၀အကြာမှ ဖမ်းဆီးရမိ

ဘရာဇီးတွင် မူးယစ်ရာဇာ တစ်ယောက်ကို နှစ်၃၀အကြာမှ ဖမ်းဆီးရမိ

0

နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ မူးယစ်ရာဇာဖြစ်သော Luiz Carlos da Rocha ဟာ ကိုကင်း ကိုအဓိက ဖြန့်ချီ နေတဲ့ မူးယစ်ရာဇာ တစ်ယောက်ဖြစ်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့ နှစ်၃၀လောက်ထဲက ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးသဖြင့် ထွက်ပြေး တိမ်းရှောင်နေတာဖြစ်ပါတယ်။ မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိဟု ဆိုသလို အနှစ်၃၀လောက် ကြာအောင်ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နောက်ဆုံးတော့ ဘရာဇီးလ်ရဲတပ် ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာရှိ ကိုကင်း အင်ပါယာကြီးကို ကြိုးကိုင်ထားတဲ့ Luiz Carlos da Rocha ဟာ ထွက်ပြေး တိမ်းရှောင်း ပြီးနောက် ပလတ်စတစ်ဆာဂျရီလုပ်ကာ ရုပ်ဖျက်ခဲ့သည့်အပြင် Vitro Luiz de Moraes ဆိုတဲ့ နာမည်ကိုပါ ပြောင်းလဲလိုက်ပြီး ဘိုလီးဗီးယား၊ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံ တွေမှာရှိတဲ့ တောတွေထဲမှာ ကိုကင်းတွေထုတ်လုပ် ခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလို နှင့် ရီယိုဒီဂျနေရိုးလ် တို့ရှိ မူးယစ်ဆေး ရောင်းသူတွေကို ၎င်း၏ ကိုကင်း တွေ အဓိကပေးသွင်းနေပြီး အမေရိကန် နှင့် ဥရောပနိုင်ငံတွေကိုပါ ဖြန့်ချီနေတာဖြစ်တယ်လို့ အာဏာပိုင်တွေ ပြောကြားချက်အရသိရပါတယ်။

Luiz Carlos da Rocha

အဆိုပါ မူးယစ်ရာဇာရဲ့ ပိုင်ဆိုင်မှုကို အနည်းဆုံး ဒေါ်လာသန်း ၁၀၀လောက်ရှိမယ်လို့ ခန့်မှန်းယူဆရပြီး လက်ရှိမှာ ၎င်း၏ ဇိမ်ခံကားများ၊ လေယာဉ်၊ မြေယာနှင့် တခြားအိမ်ခြံမြေ စုစုပေါင်း ဒေါ်လာ ၁၀သန်းလေက်ကို သိမ်းဆည်းထား ပြီးပြီဖြစ်ပါတယ်။ ကျန်ရှိ ပိုင်ဆိုင်မှုများကိုတော့ ဒုတိယ အကျော့ စစ်ဆင်ရေးမှာ ဆက်လက် စစ်ဆေးရှာဖွေသွားမှာဖြစ်တယ်လို့ ဘရာဇီးလ် ရဲတပ်ဖွဲ့ကပြောပါတယ်။

Zawgyi Font: ဘရာဇီးတြင္ မူးယစ္ရာဇာ တစ္ေယာက္ကို ႏွစ္၃၀အၾကာမွ ဖမ္းဆီးရမိ

နာမည္ဆိုးျဖင့္ ေက်ာ္ၾကားေနတဲ့ မူးယစ္ရာဇာျဖစ္ေသာ Luiz Carlos da Rocha ဟာ ကိုကင္း ကိုအဓိက ျဖန္႔ခ်ီ ေနတဲ့ မူးယစ္ရာဇာ တစ္ေယာက္ျဖစ္ပါတယ္။ သူ႔ကို လြန္ခဲ့တဲ့ ႏွစ္၃၀ေလာက္ထဲက ဖမ္း၀ရမ္းထုတ္ျပီး လိုက္လံဖမ္းဆီးသျဖင့္ ထြက္ေျပး တိမ္းေရွာင္ေနတာျဖစ္ပါတယ္။ မေကာင္းမႈဟူသည္ စိတ္ကြယ္ရာမရွိဟု ဆိုသလို အႏွစ္၃၀ေလာက္ ၾကာေအာင္ထြက္ေျပးလြတ္ေျမာက္ခဲ့ေသာ္လည္း ေနာက္ဆံုးေတာ့ ဘရာဇီးလ္ရဲတပ္ ဖြဲ႕က ဖမ္းဆီးရမိခဲ့ျပီ ျဖစ္ပါတယ္။

ႏိုင္ငံတကာရွိ ကိုကင္း အင္ပါယာၾကီးကို ၾကိဳးကိုင္ထားတဲ့ Luiz Carlos da Rocha ဟာ ထြက္ေျပး တိမ္းေရွာင္း ျပီးေနာက္ ပလတ္စတစ္ဆာဂ်ရီလုပ္ကာ ရုပ္ဖ်က္ခဲ့သည့္အျပင္ Vitro Luiz de Moraes ဆိုတဲ့ နာမည္ကိုပါ ေျပာင္းလဲလိုက္ျပီး ဘိုလီးဗီးယား၊ ကိုလံဘီယာနဲ႔ ပီရူးႏိုင္ငံ ေတြမွာရွိတဲ့ ေတာေတြထဲမွာ ကိုကင္းေတြထုတ္လုပ္ ခဲ့ပါတယ္။ ဘရာဇီးလ္ႏိုင္ငံ၊ ေဆာ္ပိုလို ႏွင့္ ရီယိုဒီဂ်ေနရိုးလ္ တို႔ရွိ မူးယစ္ေဆး ေရာင္းသူေတြကို ၄င္း၏ ကိုကင္း ေတြ အဓိကေပးသြင္းေနျပီး အေမရိကန္ ႏွင့္ ဥေရာပႏိုင္ငံေတြကိုပါ ျဖန္႔ခ်ီေနတာျဖစ္တယ္လို႔ အာဏာပိုင္ေတြ ေျပာၾကားခ်က္အရသိရပါတယ္။

အဆိုပါ မူးယစ္ရာဇာရဲ႕ ပိုင္ဆိုင္မႈကို အနည္းဆံုး ေဒၚလာသန္း ၁၀၀ေလာက္ရွိမယ္လို႔ ခန္႔မွန္းယူဆရျပီး လက္ရွိမွာ ၄င္း၏ ဇိမ္ခံကားမ်ား၊ ေလယာဥ္၊ ေျမယာႏွင့္ တျခားအိမ္ျခံေျမ စုစုေပါင္း ေဒၚလာ ၁၀သန္းေလက္ကို သိမ္းဆည္းထား ျပီးျပီျဖစ္ပါတယ္။ က်န္ရွိ ပိုင္ဆိုင္မႈမ်ားကိုေတာ့ ဒုတိယ အေက်ာ့ စစ္ဆင္ေရးမွာ ဆက္လက္ စစ္ေဆးရွာေဖြသြားမွာျဖစ္တယ္လို႔ ဘရာဇီးလ္ ရဲတပ္ဖြဲ႕ကေျပာပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: