အသက်တစ်ရာ မနေကြရပေမယ့် အမှုတစ်ရာပွေရတဲ့လောကကြီးမှာ အသက်ရေးနဲ့ပတ်သက်လာတဲ့ ဒုက္ခက အင်မတန်မှကြီးလွန်းလှပါတယ်။ ဆေးရုံပေါ်မှာ အရေးပေါ်အသက်လုရတဲ့ အခြေအနေမျိုးကို ကြုံဖူးကြသူတိုင်းသိကြမယ်ထင်ပါတယ်။ ချက်ချင်းသွေးသွင်းရမယ်ဆိုလို့ သွေးရှာရတဲ့ဒုက္ခ၊ ချက်ချင်း အသက်ရှူရခက်ခဲလာလို့ အရေးပေါ်အောက်စီဂျင်ပေးရမယ်ဟေ့ ဆိုတဲ့အခါ အောက်စီဂျင်ဗူးတွေ ချက်ချင်းဘယ်ကရနိုင်မလဲ၊ ဘယ်မှာသွားရှာရမလဲလို့ ခေါင်းခဲတဲ့ကိစ္စ၊ ရနိုင်တဲ့နေရာမှာလည်း လိုအပ်တဲ့ လူနာတွေကထပ်နေတော့ မလုံမလောက်မပြည့်မစုံနဲ့ ဒုက္ခ အဖုံဖုံကြုံရတဲ့ အဖြစ်တွေကတော့ ဒီနိုင်ငံသားတွေအတွက် ရတက်မအေးစရာတွေဖြစ်နေဆဲပါပဲ။ အဲ့လိုအခက်အခဲတွေနဲ့ သောကတွေပြေပျောက်စေဖို့ တစ်တပ်တစ်အားကြိုးစားလှူဒါန်းနေကြတဲ့ အဖွဲ့တစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊အရှေ့မြင်းပြိုင်ကွင်းလမ်းနဲ့(၁၆၆)လမ်းဒေါင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနံဘေးမှာတည်ရှိတဲ့ မုဒိတာ အောက်စီဂျင်(လေ) အလှူတော်အဖွဲ့ပဲဖြစ်ပါတယ်။
ဒီအဖွဲ့ကြီးကို ၂၀၁၅ ခုနှစ် မေလ(၂၆)ရက်နေ့မှာ အောက်ပါရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းခဲ့ကြပါတယ်။
(က) လူမျိုး၊ဘာသာ၊အသက်အရွယ်မရွေး ရောဂါဝေဒနာခံစားရပြီး အသက်ရှူရခက်ခဲသည့်ဘေးဒုကမှ သက်သာကင်းလွတ်ခွင့်ရရှိစေရန်။
(ခ) ဘဝ၏နောက်ဆုံးချိန်တွင် ညင်ညင်သာသာဖြင့် ဘဝကူးကောင်းစေရန်။
(ဂ) ဆင်းရဲချမ်းသာမရွေး ကျန်းမာရေးဆိုင်ရာလူမှုဒုကများသက်သာမှုရရှိစေရန်အတွက် လျင်မြန်စွာဖြင့် အဆင်ပြေ လွယ်ကူစွာ ကူညီပံ့ပိုးမှု ရရှိခံစားနိုင်စေရန် ဆိုတဲ့ အင်မတန်မွန်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲကြပြီး (၂၄)နာရီ အခမဲ့ ကုသိုလ်ဖြစ်လှူဒါန်းလျက်ရှိပါတယ်။
အဖွဲ့ရဲ့ နယကကြီးများအဖြစ် ဒေါက်တာဦးမြင့်စိုး၊ ဦးမျိုးလွင်၊ ဦးခင်မောင်ဌေးတို့က ဦးစီးဆောင်ရွက်ကာ အလုပ်အမှုဆောင်အဖွဲ့မှာတော့ ဥက္ကဌ ဦးညွန့်လှိုင်၊ အတွင်းရေးမှူးဦးသိန်းဦး၊ ဘဏ္ဍာရေးမှူး မအေးအေးမင်းနဲ့ စာရင်းကိုင်အဖြစ် ဦးဇော်မင်းထွန်းကဆောင်ရွက်ကာ အဖွဲ့ဝင်(၁၁)ဦး စုစုပေါင်း(၁၅)ဦးနဲ့ဖွဲ့စည်းပြီး နေ့ညမပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိကြပါတယ်။ ယခုအချိန်ထိ စေတနာရှင်များရဲ့အလှူထည့်ဝင်မှူတွေကြောင့် အောက်စီဂျင်လေအိုးကြီး(၄၂)လုံး၊ အောက်စီဂျင်လေအိုးအသေး(၅၂)လုံး၊ေ အောက်စီဂျင်လေရှူစက်(၄)လုံးနဲ့ လေရှူကိရိယာတွေ၊လေရှူပိုက်တွေလည်းအလုံအလောက်ဖြည့်တင်းထားပြီးဖြစ်ပါတယ်။ အဖွဲ့စတင်တည်ထောင်ခဲ့တဲ့ (၂)နှစ်တာကာလအတွင်း အောက်စီဂျင်လိုအပ်သော ဝေဒနာရှင်ပေါင်း (၁၅၆)ဦးသို့ လှူဒါန်းနိုင်ခဲ့ပြီးဖြစ်တဲ့အတွက် အတိုင်းမသိဝမ်းမြောက်ပီတိဖြစ်ရပါတယ်။
ကဲမိတ်ဆွေ၊လောကလူသားတစ်ယောက်အဖြစ်လောကကြီးအပေါ်တာဝန်ကျေဖို့ဆိုတာ လောကလူသားတွေရဲ့ ကာင်းကျိုးကို သယ်ပိုးပြီး လောကလူသားတွေရဲ့ ဒုကတွေကိုမျှဝေခံစားပေးနိုင်ဖို့လိုပါတယ်။ အခု မိတ်ဆွေဖတ်လိုက်ရတဲ့ မုဒိတာ တာမွေမိသားစုဟာ လောကအတွက်တာဝန်ကျေအောင် တာဝန်သိသိနဲ့ဆောင်ရွက်နေတဲ့ အဖွဲတစ်ခုဖြစ်ပါတယ်။ မိတ်ဆွေလည်း တာဝန်ကျေသူတစ်ယောက်အဖြစ်ပူးပေါင်းပါဝင်ချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်တွေကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ ဒါမှမဟုတ်မိတ်ဆွေအနေနဲ့ အရေးပေါ်အသက်ကယ်ဖို့ အောက်စီဂျင်လိုအပ်လာပြီဆိုရင်လည်း ဒီဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီးအကူအညီတောင်းခံနိုင်ပါတယ်။ တစ်ခုပဲတောင်းဆိုပါရစေ၊ဆန်းသစ်မြန်မာရဲ့ ဒီပိုစ့်လေးကိုဖတ်မိလို့ပါလို့ ပြောပေးရင်း ကုသိုလ်တွေမျှဝေပေးပါလို့။ နိဂုံးအနေနဲ့ မုဒိတာရဲ့ အတွေးဒသနတစ်ခုကိုဖေါ်ပြလိုက်ချင်ပါတယ်။
မိမိနှင့်တန်းတူဖြစ်သော ရုပ်နာမ်ကြီးပွားသည်ကို ဝမ်းပန်းတသာဖြစ်ခြင်း ပါတဲ့ဗျာ။
မုဒိတာသို့ဆက်သွယ်လှူဒါန်း၊ငှားရမ်းလိုပါက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များ
ဦးညွန့်လှိုင်-၀၉၄၂၁၀၀၅၃၃၅
ကိုသိန်းဦး-၀၉၅၁၄၆၇၉၈
ကိုဇော်ငယ်-၀၉၄၃၀၈၁၆၁၈
ကိုမျိုးဝင်းညွန့်-၀၉၇၉၈၁၆၂၃၇၀
ကိုမြတ်ထွန်း-၀၉၅၁၆၈၅၈၃
Zawgyi Font : အေရးေပၚအသက္ကယ္ႏိုင္ဖို႕ တာေမြမွ မုဒိတာ ေအာက္စီဂ်င္ အလွဴေတာ္
အသက္တစ္ရာ မေနၾကရေပမယ္႔ အမႈတစ္ရာေပြရတဲ႕ေလာကၾကီးမွာ အသက္ေရးနဲ႔ပတ္သက္လာတဲ႔ ဒုကၡက အင္မတန္မွၾကီးလြန္းလွပါတယ္။ ေဆးရံုေပၚမွာ အေရးေပၚအသက္လုရတဲ႔ အေျခအေနမ်ိဳးကို ၾကံဳဖူးၾကသူတိုင္းသိၾကမယ္ထင္ပါတယ္။ ခ်က္ခ်င္းေသြးသြင္းရမယ္ဆိုလို႔ ေသြးရွာရတဲ႔ဒုကၡ၊ ခ်က္ခ်င္း အသက္ရွဴရခက္ခဲလာလို႔ အေရးေပၚေအာက္စီဂ်င္ေပးရမယ္ေဟ႔ ဆိုတဲ႔အခါ ေအာက္စီဂ်င္ဗူးေတြ ခ်က္ခ်င္းဘယ္ကရႏိုင္မလဲ၊ ဘယ္မွာသြားရွာရမလဲလို႔ ေခါင္းခဲတဲ႔ကိစၥ၊ ရႏိုင္တဲ႔ေနရာမွာလည္း လိုအပ္တဲ့ လူနာေတြကထပ္ေနေတာ႔ မလံုမေလာက္မျပည္႔မစံုနဲ႔ ဒုကၡ အဖံုဖံုၾကံဳရတဲ႔ အျဖစ္ေတြကေတာ႔ ဒီႏိုင္ငံသားေတြအတြက္ ရတက္မေအးစရာေတြျဖစ္ေနဆဲပါပဲ။ အဲ႔လိုအခက္အခဲေတြနဲ႔ ေသာကေတြေျပေပ်ာက္ေစဖို႔ တစ္တပ္တစ္အားၾကိဳးစားလွဴဒါန္းေနၾကတဲ႔ အဖြဲ႔တစ္ခုကေတာ႔ ရန္ကုန္တိုင္းေဒသၾကီးတာေမြျမိဳ႔နယ္၊ တာေမြၾကီး(ခ)ရပ္ကြက္၊အေရွ႕ျမင္းျပိဳင္ကြင္းလမ္းနဲ႔(၁၆၆)လမ္းေဒါင္႔၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးနံေဘးမွာတည္ရွိတဲ႔ မုဒိတာ ေအာက္စီဂ်င္(ေလ) အလွဴေတာ္အဖြဲ႔ပဲျဖစ္ပါတယ္။
ဒီအဖြဲ႔ၾကီးကို ၂၀၁၅ ခုႏွစ္ ေမလ(၂၆)ရက္ေန႔မွာ ေအာက္ပါရည္ရြယ္ခ်က္ေတြနဲ႔ဖြဲ႔စည္းခဲ႔ၾကပါတယ္။
(က) လူမ်ိဳး၊ဘာသာ၊အသက္အရြယ္မေရြး ေရာဂါေ၀ဒနာခံစားရျပီး အသက္ရွဴရခက္ခဲသည္႔ေဘးဒုကမွ သက္သာကင္းလြတ္ခြင္႔ရရွိေစရန္။
(ခ) ဘ၀၏ေနာက္ဆံုးခ်ိန္တြင္ ညင္ညင္သာသာျဖင္႔ ဘ၀ကူးေကာင္းေစရန္။
(ဂ) ဆင္းရဲခ်မ္းသာမေရြး က်န္းမာေရးဆိုင္ရာလူမွဳဒုကမ်ားသက္သာမွဳရရွိေစရန္အတြက္ လ်င္ျမန္စြာျဖင္႔ အဆင္ေျပ လြယ္ကူစြာ ကူညီပံ႔ပိုးမွဳ ရရွိခံစားႏိုင္ေစရန္ ဆိုတဲ႕ အင္မတန္မြန္ျမတ္တဲ႔ရည္ရြယ္ခ်က္ေတြနဲ႔ ဖြဲ႕စည္းခဲၾကျပီး (၂၄)နာရီ အခမဲ႔ ကုသိုလ္ျဖစ္လွဴဒါန္းလ်က္ရွိပါတယ္။
အဖြဲ႔ရဲ႕ နယကၾကီးမ်ားအျဖစ္ ေဒါက္တာဦးျမင္႔စိုး၊ ဦးမ်ိဳးလြင္၊ ဦးခင္ေမာင္ေဌးတို႕က ဦးစီးေဆာင္ရြက္ကာ အလုပ္အမွဳေဆာင္အဖြဲ႔မွာေတာ႔ ဥကၠဌ ဦးညြန္႔လွိဳင္၊ အတြင္းေရးမွဴးဦးသိန္းဦး၊ ဘ႑ာေရးမွဴး မေအးေအးမင္းနဲ႔ စာရင္းကိုင္အျဖစ္ ဦးေဇာ္မင္းထြန္းကေဆာင္ရြက္ကာ အဖြဲ႔၀င္(၁၁)ဦး စုစုေပါင္း(၁၅)ဦးနဲ႔ဖြဲ႔စည္းျပီး ေန႔ညမျပတ္ ကူညီေဆာင္ရြက္ေပးလ်က္ရွိၾကပါတယ္။ ယခုအခ်ိန္ထိ ေစတနာရွင္မ်ားရဲ႕အလွဴထည္႔၀င္မွဴေတြေၾကာင္႔ ေအာက္စီဂ်င္ေလအိုးၾကီး(၄၂)လံုး၊ ေအာက္စီဂ်င္ေလအိုးအေသး(၅၂)လံုး၊ေ ေအာက္စီဂ်င္ေလရွဴစက္(၄)လံုးနဲ႕ ေလရွဴကိရိယာေတြ၊ေလရွဴပိုက္ေတြလည္းအလံုအေလာက္ျဖည္႔တင္းထားျပီးျဖစ္ပါတယ္။ အဖြဲ႔စတင္တည္ေထာင္ခဲ႔တဲ႔ (၂)ႏွစ္တာကာလအတြင္း ေအာက္စီဂ်င္လိုအပ္ေသာ ေ၀ဒနာရွင္ေပါင္း (၁၅၆)ဦးသို႕ လွဴဒါန္းႏိုင္ခဲ႔ျပီးျဖစ္တဲ႔အတြက္ အတိုင္းမသိ၀မ္းေျမာက္ပီတိျဖစ္ရပါတယ္။
ကဲမိတ္ေဆြ၊ေလာကလူသားတစ္ေယာက္အျဖစ္ေလာကၾကီးအေပၚတာ၀န္ေက်ဖို႔ဆိုတာ ေလာကလူသားေတြရဲ႕ ကာင္းက်ိဳးကို သယ္ပိုးျပီး ေလာကလူသားေတြရဲ႕ ဒုကေတြကိုမွ်ေ၀ခံစားေပးနိုင္ဖို႔လိုပါတယ္။ အခု မိတ္ေဆြဖတ္လိုက္ရတဲ႔ မုဒိတာ တာေမြမိသားစုဟာ ေလာကအတြက္တာ၀န္ေက်ေအာင္ တာ၀န္သိသိနဲ႔ေဆာင္ရြက္ေနတဲ႕ အဖြဲတစ္ခုျဖစ္ပါတယ္။ မိတ္ေဆြလည္း တာ၀န္ေက်သူတစ္ေယာက္အျဖစ္ပူးေပါင္းပါ၀င္ခ်င္တယ္ဆိုရင္ေတာ႔ ေအာက္ပါဖုန္းနံပါတ္ေတြကို ဆက္သြယ္လွဴဒါန္းႏိုင္ပါတယ္။ ဒါမွမဟုတ္မိတ္ေဆြအေနနဲ႔ အေရးေပၚအသက္ကယ္ဖို႔ ေအာက္စီဂ်င္လိုအပ္လာျပီဆိုရင္လည္း ဒီဖုန္းနံပါတ္ေတြကို ဆက္သြယ္ျပီးအကူအညီေတာင္းခံႏိုင္ပါတယ္။ တစ္ခုပဲေတာင္းဆိုပါရေစ၊ဆန္းသစ္ျမန္မာရဲ႕ ဒီပိုစ္႔ေလးကိုဖတ္မိလို႔ပါလို႔ ေျပာေပးရင္း ကုသိုလ္ေတြမွ်ေ၀ေပးပါလို႔။ နိဂံုးအေနနဲ႔ မုဒိတာရဲ႕ အေတြးဒသနတစ္ခုကိုေဖၚျပလိုက္ခ်င္ပါတယ္။
မိမိႏွင္႔တန္းတူျဖစ္ေသာ ရုပ္နာမ္ၾကီးပြားသည္ကို ၀မ္းပန္းတသာျဖစ္ျခင္း ပါတဲ႔ဗ်ာ။
မုဒိတာသို႕ဆက္သြယ္လွဴဒါန္း၊ငွားရမ္းလိုပါက ဆက္သြယ္ရမယ္႔ ဖုန္းနံပါတ္မ်ား
ဦးညြန္႔လွဳိင္-၀၉၄၂၁၀၀၅၃၃၅
ကိုသိန္းဦး-၀၉၅၁၄၆၇၉၈
ကိုေဇာ္ငယ္-၀၉၄၃၀၈၁၆၁၈
ကိုမ်ိဳး၀င္းညြန္႔-၀၉၇၉၈၁၆၂၃၇၀
ကိုျမတ္ထြန္း-၀၉၅၁၆၈၅၈၃