Home Featured သင့်စမတ်ဖုန်းက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို ကျစေတယ်ဆိုတာ သိပါသလား

သင့်စမတ်ဖုန်းက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို ကျစေတယ်ဆိုတာ သိပါသလား

0

သင့်ကို သင် စာကြည့်တိုက် မှာ သော့ပိတ်ထားပြီး ဖုန်ထူထူ စာအုပ်ပုံ တွေကြား နဲ့ ဒါမှမဟုတ် အပြင်မှာဘဲ စာလုပ်ချင်တဲ့ သူနဲ့ သင့်ရဲ့ ဘွဲ့ ကိစ္စ အတွက် စာတမ်းလုပ်နေတယ်ဆိုပါဆို့။ ကံမကောင်းစွာနဲ့ ပဲ ကြီးမား တဲ့ အနှောင့် အယှက် တစ်ခု ကို သင် မရှင်းထုတ်နိုင်ပါဘူး။ အဲ့ဒါကတော့ သင့် ရဲ့ ဖုန်းပါ။ စက်ပိတ်ထားတယ်ဆိုရင်တောင် သင့်ကို နှောင့်ယှက်နေဦး မှာဖြစ်ပြီး ပြတင်းပေါက်ကနေ လွှင့် ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

နောက်အကြံ တစ်ခုကတော့ သင့်ရဲ့ ဖုန်းကို အိမ်မှာ ထား ခဲ့ပါ။

ချီကာဂိုက တက္ကသိုလ်တစ်ခုက လေ့လာမှုတွေအပြီး အကြံပြုထားတာကတော့ သင့် ဖုန်းကို သင်နဲ့ အနီး စပ်ဆုံး ထားတာက သင်လုပ်နေတဲ့ လက်ရှိအလုပ်ကို အနှောင့်အယှက်ဖြစ်နေရုံမက သင့် ရဲ့ ခက်ခဲရှုပ်ထွေးမှု တွေကိုဖြေရှင်းနိုင်စွမ်း၊ မှတ်သားမှုစွမ်းရည်နဲ့ အချက်အလက်မှတ်သား မှု ကို လျော့ကျစေပါတယ်။ ဖုန်းအပေါ် ကိစ္စတော်တော်များများအတွက် မှီခိုတဲ့ သူတွေအဖို့တော့ သူတို့ ရဲ့ သိမြင် မှတ်သား နိုင်စွမ်းကို လျော့ကျ မှုနှုန်းပို များစေပါတယ်။

face-smartphone

သုတေသနပညာရှင်တွေက ဖုန်းနဲ့ ပတ်သက်ပြီး စမ်းသပ်ချက် တွေလုပ်ဖို့ အတွက် ပါဝင်သူတွေကို သူတို့ရဲ့ ဖုန်းကို silent လုပ်ခိုင်းပြီး စားပွဲပေါ်မှာ၊ ပိုက်ဆံအိတ်ထဲ ဒါမှမဟုတ် ဘောင်းဘီ အိတ်ထဲမှာ ဒါမှမဟုတ် တစ်ခြားအခန်းထဲမှာ ထည့်ထားခိုင်းလိုက်ပါတယ်။ နောက်ပြီး သူတို့ ရဲ့ သိမြင်နိုင်စွမ်းတွေကို ကွန်ပြူတာမှာ စစ်ဆေးပါတယ်။ ပထမတစ်ခုကို Automated Operation Span စစ်ဆေးမှုလို့ ခေါ်ပြီး မှတ်သားမှု စွမ်းရည်တွေကို စစ်ဆေးပါတယ်။ နောက်တစ်ခုကျတော့ Raven’s Standard Progressive Matrices လို့ခေါ်ပြီး ဉာဏ်ရည်စီးဆင်းမှု ကို စစ်ဆေးပါတယ်။

နေ့စဉ်ဘဝမှာ ဖုန်း နဲ့ ဘဝကို ပေါင်းစပ်လိုက်ခြင်းကြောင့် ငွေကြေးကုန်ကျနိုင်ဖွယ်ရှိတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပြီး စမတ်ဖုန်းက နိုင်ငံတော်အတွက် အရည်အချင်းရှိတဲ့ လူသားအရင်းအမြစ်ဆုံးရှုံးစေ တယ်လို့ လက်ရှိသုတေသန ပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ သာမာန်ဖုန်းသုံးစွဲသူတွေမှာ ကြာရှည်စွာ အာရုံစူးစိုက်မှု နဲ့ ဖုန်းနဲ့ ပတ်သက်ပြီးစဉ်းစားနေတာတွေ မရှိပေမယ့် စွမ်းရည်ကို တိုင်းတာတဲ့ မှတ်သားမှု စွမ်းရည် အလုပ်လုပ်ခြင်း နဲ့ လက်တွေ့ အသုံးဝင်တဲ့ ဉာဏ်ရည်စီးဆင်းမှု စွမ်းရည်ကို ဆိုးကျိုးသက်ရောက်မှု တွေရှိပါတယ်။

ပြဿနာကသင့် ဆီကနေစတင်တာဖြစ်ပြီး သင့်ဖုန်း သင့်ဘေးနားမှာ ရှိနေတဲ့ အချိန်မှာ သင့် ရဲ့ အသိစိတ်ကို နည်းနည်းလေး အသုံးချလိုက်ပါ။ သင်ဖုန်းကို ထိချင်တဲ့ စိတ်စိတ် တဖွားဖွား ဖြစ်နေတယ်ဆိုတာ သိလာရမှာပါ။ သင့်ဖုန်း မှာ notification တက်လာတဲ့ အခါ သင့်ရဲ့ စိတ်အာရုံကိုဖမ်းစားလိုက်ပြီး အဲ့ဒီ notification က ဘာများဖြစ် နေမလဲဆိုတာ(စာတိုက မိသားစုဝင် တွေဆီကနေလား၊ သူငယ်ချင်းဆီကလား၊ ချစ်သူဆီကလား၊ သူဌေးဆီကလား စသဖြင့်) သင့်ကို စဉ်းစားနေစေပြီး သင့် ဦးနှောက်ကို သင်မူလ စီစဉ်ထားတဲ့ ပန်းတိုင် ဆီက နေ ထိတွေ့ ကိုင်တွယ်လို့ ရတဲ့အရာဆီကို ပို့ဆောင်လိုက်ပါတယ်။

သင့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်ချင်တဲ့ အခါ သင့်ဖုန်းကို တစ်ခြားနေရာမှာ ထားပြီး လုပ်ဆောင်တဲ့ ရလာဒ်က အံ့သြစရာကောင်းလောက် အောင် အလုပ်တွေပြီးမြောက်တာကို တွေ့ရမှာပါ။ စားပွဲပေါ်မှာ ဖုန်းကို silent ထားပြီးတင်ထားတဲ့အဖွဲ့ ရော၊ အိတ်ထဲထည့်ထားတဲ့ အဖွဲ့ရော၊ အနားမှာ ထားတဲ့ အဖွဲ့ ရော မှတ်သားမှု စွမ်းရည် အလုပ်လုပ်ခြင်း(သတင်းအချက်အလက်တွေကို ခဏအတွင်း မှတ်ထားနိုင်မှု) နဲ့ လက်တွေ့ အသုံးဝင်တဲ့ ဉာဏ်ရည်စီးဆင်းမှု စွမ်းရည်(ပြဿနာအသစ်တွေကို ဖြေရှင်း နိုင်မှု နဲ့ ပုံစံတွေကို မြင်နိုင်မှု) လျော့ကျသွားတာကို ပြသနေပါတယ်။

ဖုန်း ကို အဝေးမှာ ထား တဲ့ အဖွဲ့ ကတော့ သိမြင်နိုင်မှု စွမ်းရည် မြင့်တက်လာတာကို တွေ့ရပါတယ်။ ဖုန်းကို တစ်ခြား အခန်းမှာ ထားတဲ့ အဖွဲ့ကတော့ ဖုန်းကို ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ အဖွဲ့ နဲ့ စားပွဲပေါ် တင်ထားတဲ့ အဖွဲ့ထက် လုပ်ဆောင်မှု တွေသာလွန်နေတာကို တွေ့ရပါတယ်။

Zawgyi Font :သင့္စမတ္ဖုန္းက သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြး ကို က်ေစတယ္ဆိုတာ သိပါသလား။

သင့္ကို သင္ စာၾကည့္တုိက္ မွာ ေသာ့ပိတ္ထားၿပီး ဖုန္ထူထူ စာအုပ္ပံု ေတြၾကား နဲ႔ ဒါမွမဟုတ္ အျပင္မွာဘဲ စာလုပ္ခ်င္တဲ့ သူနဲ႔ သင့္ရဲ႕ ဘြဲ႔ ကိစၥ အတြက္ စာတမ္းလုပ္ေနတယ္ဆိုပါဆို႔။ ကံမေကာင္းစြာနဲ႔ ပဲ ႀကီးမား တဲ့ အေႏွာင့္ အယွက္ တစ္ခု ကို သင္ မရွင္းထုတ္ႏိုင္ပါဘူး။ အဲ့ဒါကေတာ့ သင့္ ရဲ႕ ဖုန္းပါ။ စက္ပိတ္ထားတယ္ဆိုရင္ေတာင္ သင့္ကို ေႏွာင့္ယွက္ေနဦး မွာျဖစ္ၿပီး ျပတင္းေပါက္ကေန လႊင့္ ပစ္လိုက္တာ အေကာင္းဆံုးပါပဲ။

ေနာက္အႀကံ တစ္ခုကေတာ့ သင့္ရဲ႕ ဖုန္းကို အိမ္မွာ ထား ခဲ့ပါ။

ခ်ီကာဂိုက တကၠသိုလ္တစ္ခုက ေလ့လာမႈေတြအၿပီး အႀကံျပဳထားတာကေတာ့ သင့္ ဖုန္းကို သင္နဲ႔ အနီး စပ္ဆံုး ထားတာက သင္လုပ္ေနတဲ့ လက္ရွိအလုပ္ကို အေႏွာင့္အယွက္ျဖစ္ေနရုံမက သင့္ ရဲ႕  ခက္ခဲရႈပ္ေထြးမႈ ေတြကိုေျဖရွင္းႏိုင္စြမ္း၊ မွတ္သားမႈစြမ္းရည္နဲ႔ အခ်က္အလက္မွတ္သား မႈ ကို ေလ်ာ့က်ေစပါတယ္။  ဖုန္းအေပၚ ကိစၥေတာ္ေတာ္မ်ားမ်ားအတြက္ မွီခိုတဲ့ သူေတြအဖို႔ေတာ့ သူတို႔ ရဲ႕ သိျမင္ မွတ္သား ႏိုင္စြမ္းကို ေလ်ာ့က် မႈႏႈန္းပို မ်ားေစပါတယ္။

သုေတသနပညာရွင္ေတြက ဖုန္းနဲ႔ ပတ္သက္ၿပီး စမ္းသပ္ခ်က္ ေတြလုပ္ဖို႔ အတြက္ ပါ၀င္သူေတြကို သူတို႔ရဲ႕ ဖုန္းကို silent လုပ္ခိုင္းၿပီး စားပြဲေပၚမွာ၊ ပိုက္ဆံအိတ္ထဲ ဒါမွမဟုတ္ ေဘာင္းဘီ အိတ္ထဲမွာ ဒါမွမဟုတ္ တစ္ျခားအခန္းထဲမွာ ထည့္ထားခိုင္းလိုက္ပါတယ္။ ေနာက္ၿပီး သူတို႔ ရဲ႕ သိျမင္ႏိုင္စြမ္းေတြကို ကြန္ျပဴတာမွာ စစ္ေဆးပါတယ္။ ပထမတစ္ခုကို Automated Operation Span စစ္ေဆးမႈလို႔ ေခၚၿပီး မွတ္သားမႈ စြမ္းရည္ေတြကို စစ္ေဆးပါတယ္။ ေနာက္တစ္ခုက်ေတာ့ Raven’s Standard Progressive Matrices လို႔ေခၚၿပီး ၪာဏ္ရည္စီးဆင္းမႈ ကို စစ္ေဆးပါတယ္။

ေန႔စဥ္ဘ၀မွာ ဖုန္း န႔ဲ ဘ၀ကို ေပါင္းစပ္လိုက္ျခင္းေၾကာင့္ ေငြေၾကးကုန္က်ႏိုင္ဖြယ္ရွိတဲ့ ဆိုးက်ိဳးသက္ေရာက္မႈေတြ ရွိလာႏိုင္ၿပီး စမတ္ဖုန္းက ႏိုင္ငံေတာ္အတြက္ အရည္အခ်င္းရွိတဲ့ လူသားအရင္းအျမစ္ဆံုးရႈံးေစ တယ္လို႔ လက္ရွိသုေတသန ပညာရွင္ေတြက ေဖာ္ထုတ္ထားပါတယ္။ သာမာန္ဖုန္းသံုးစြဲသူေတြမွာ ၾကာရွည္စြာ အာရံုစူးစိုက္မႈ နဲ႔ ဖုန္းနဲ႔ ပတ္သက္ၿပီးစဥ္းစားေနတာေတြ မရွိေပမယ့္  စြမ္းရည္ကို တိုင္းတာတဲ့ မွတ္သားမႈ စြမ္းရည္ အလုပ္လုပ္ျခင္း နဲ႔ လက္ေတြ႔ အသံုး၀င္တဲ့ ဥာဏ္ရည္စီးဆင္းမႈ စြမ္းရည္ကို ဆိုးက်ိဳးသက္ေရာက္မႈ ေတြရွိပါတယ္။

ျပႆနာကသင့္ ဆီကေနစတင္တာျဖစ္ၿပီး သင့္ဖုန္း သင့္ေဘးနားမွာ ရွိေနတဲ့ အခ်ိန္မွာ သင့္ ရဲ႕ အသိစိတ္ကို နည္းနည္းေလး အသံုးခ်လိုက္ပါ။ သင္ဖုန္းကို ထိခ်င္တဲ့ စိတ္စိတ္ တဖြားဖြား ျဖစ္ေနတယ္ဆိုတာ သိလာရမွာပါ။ သင့္ဖုန္း မွာ notification တက္လာတဲ့ အခါ သင့္ရဲ႕ စိတ္အာရုံကိုဖမ္းစားလိုက္ၿပီး အဲ့ဒီ notification က ဘာမ်ားျဖစ္ ေနမလဲဆိုတာ(စာတိုက မိသားစု၀င္ ေတြဆီကေနလား၊ သူငယ္ခ်င္းဆီကလား၊ ခ်စ္သူဆီကလား၊ သူေဌးဆီကလား စသျဖင့္) သင့္ကို စဥ္းစားေနေစၿပီး သင့္ ဦးေႏွာက္ကို သင္မူလ စီစဥ္ထားတဲ့ ပန္းတိုင္ ဆီက ေန ထိေတြ႔ ကိုင္တြယ္လို႔ ရတဲ့အရာဆီကို ပို႔ေဆာင္လိုက္ပါတယ္။

သင့္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းေကာင္းလုပ္ေဆာင္ခ်င္တဲ့ အခါ သင့္ဖုန္းကို တစ္ျခားေနရာမွာ ထားၿပီး လုပ္ေဆာင္တဲ့ ရလာဒ္က အံ့ၾသစရာေကာင္းေလာက္ ေအာင္ အလုပ္ေတြၿပီးေျမာက္တာကို ေတြ႔ရမွာပါ။ စားပြဲေပၚမွာ ဖုန္းကို silent ထားၿပီးတင္ထားတဲ့အဖြဲ႔ ေရာ၊ အိတ္ထဲထည့္ထားတဲ့ အဖြဲ႔ေရာ၊ အနားမွာ ထားတဲ့ အဖြဲ႔ ေရာ မွတ္သားမႈ စြမ္းရည္ အလုပ္လုပ္ျခင္း(သတင္းအခ်က္အလက္ေတြကို ခဏအတြင္း မွတ္ထားနိုင္မႈ)  နဲ႔ လက္ေတြ႔ အသံုး၀င္တဲ့ ဥာဏ္ရည္စီးဆင္းမႈ စြမ္းရည္(ျပႆနာအသစ္ေတြကို ေျဖရွင္း ႏိုင္မႈ နဲ႔ ပံုစံေတြကို ျမင္ႏုိင္မႈ) ေလ်ာ့က်သြားတာကို ျပသေနပါတယ္။

ဖုန္း ကို အေ၀းမွာ ထား တဲ့ အဖြဲ႕ ကေတာ့ သိျမင္ႏိုင္မႈ စြမ္းရည္ ျမင့္တက္လာတာကို ေတြ႔ရပါတယ္။ ဖုန္းကို တစ္ျခား အခန္းမွာ ထားတဲ့ အဖြဲ႔ကေတာ့ ဖုန္းကို ပိုက္ဆံအိတ္ထဲ ထည့္ထားတဲ့ အဖြ႔ဲ နဲ႔ စားပြဲေပၚ တင္ထားတဲ့ အဖြ႔ဲထက္ လုပ္ေဆာင္မႈ ေတြသာလြန္ေနတာကို ေတြ႔ရပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: