Home News နယူးယောက်မြို့ရှိဆေးရုံအတွင်းတွင် ပစ်ခတ်မှုဖြစ်ပွား

နယူးယောက်မြို့ရှိဆေးရုံအတွင်းတွင် ပစ်ခတ်မှုဖြစ်ပွား

0

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Bronx Lebenon ဆေးရုံ တွင် ဇွန်လ ၃၀ရက်နေ့တွင် ပစ်ခတ်မှုတစ်ခု ကြောင့် ဆရာဝန်တစ်ဦး သေဆုံးပြီး လူ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရိုင်ဖယ်သေနတ် ဝင်ရောက်ပစ်ခတ်ခဲ့သူ ဟာလည်း Bello လို့ခေါ်တဲ့ Bronx Lebenon ဆေးရုံမှဆရာဝန် တစ်ယောက်ပဲဖြစ်ပါတယ်။

Bello ဟာပြီးခဲ့တဲ့ ၂နှစ်လောက်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့် ဆေးရုံမှ အလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အလုပ်ထုတ်ခံ ရသည့်နေ့တွင်လဲ အလုပ်ထုတ်ခံရသည့်အတွက်ကြောင့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တွေကို သတ်ပစ်မယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

Bello ဟာသူပြောထားတဲ့အတိုင်း ကလဲ့စားချေဖို့ ဆေးရုံကို ပြန်လာခဲ့ပြီး ရိုင်ဖယ်သေနတ်ကို သူ၏ ကျူတီ ကုတ်အကျီ ၤအောက်မှာ ဖွက်ပြီး ၁၆လွှာအထိတက်ကာ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်ပြီးနောက် သူ့ကိုယ်သူလဲ ထိုနေရာမှာပင် အဆုံးစီရင်ခဲ့ပါတယ်။

သူဟာ ၁၆လွှာထိတက်လာပြီးမှ ပစ်ခတ်မှုကို ဘာလို့လုပ်ရတာလဲ၊ တစ်ဦးတယောက်ကို ပစ်ဖို့လိုက်ရှာခဲ့လို့ ၁၆လွှာထိရောက်လာသလား ဆိုတာကိုအတိအကျ သိဖို့ရန်အတွက် စုံစမ်းစစ်ဆေးရေးသမားတွေက ဆက်လက်စုံစမ်းနေပါတယ်လို့လဲ သိရပါတယ်။

Zawgyi Font: နယူးေယာက္ၿမိဳ႕ရွိေဆး႐ုံအတြင္းတြင္ ပစ္ခတ္မႈျဖစ္ပြား

အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ျမိဳ႕ရွိ Bronx Lebenon ေဆးရံု တြင္ ဇြန္လ ၃၀ရက္ေန႔တြင္ ပစ္ခတ္မႈတစ္ခု ေၾကာင့္ ဆရာ၀န္တစ္ဦး ေသဆံုးျပီး လူ၆ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ရိုင္ဖယ္ေသနတ္ ၀င္ေရာက္ပစ္ခတ္ခဲ့သူ ဟာလည္း Bello လို႔ေခၚတဲ့ Bronx Lebenon ေဆးရံုမွဆရာ၀န္ တစ္ေယာက္ပဲျဖစ္ပါတယ္။

Bello ဟာျပီးခဲ့တဲ့ ၂ႏွစ္ေလာက္က လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေၾကာင့္ ေဆးရံုမွ အလုပ္ထုတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။ အလုပ္ထုတ္ခံ ရသည့္ေန႔တြင္လဲ အလုပ္ထုတ္ခံရသည့္အတြက္ေၾကာင့္ သူ႕ရဲ႕လုပ္ေဖာ္ကိုင္ဖက္ ေတြကို သတ္ပစ္မယ္လို႔ ေၾကြးေၾကာ္သြားခဲ့ပါတယ္။

Bello ဟာသူေျပာထားတဲ့အတိုင္း ကလဲ့စားေခ်ဖို႕ ေဆးရံုကို ျပန္လာခဲ့ျပီး ရိုင္ဖယ္ေသနတ္ကို သူ၏ က်ဴတီ ကုတ္အက်ီ ၤေအာက္မွာ ဖြက္ျပီး ၁၆လႊာအထိတက္ကာ ပစ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။ ပစ္ခတ္ျပီးေနာက္ သူ႕ကိုယ္သူလဲ ထိုေနရာမွာပင္ အဆံုးစီရင္ခဲ့ပါတယ္။

သူဟာ ၁၆လႊာထိတက္လာျပီးမွ ပစ္ခတ္မႈကို ဘာလို႔လုပ္ရတာလဲ၊ တစ္ဦးတေယာက္ကို ပစ္ဖို႔လိုက္ရွာခဲ့လို႔ ၁၆လႊာထိေရာက္လာသလား ဆိုတာကိုအတိအက် သိဖို႔ရန္အတြက္ စံုစမ္းစစ္ေဆးေရးသမားေတြက ဆက္လက္စံုစမ္းေနပါတယ္လို႔လဲ သိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: