ဇွန်လ ၂၇ရက်နေ့ အင်္ဂါနေ့မှာ ယူကရိန်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၀အထိ ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ ယူကရိန်း ပညာရှင်အချို့က Not Petya ဟု အမည်ပေးထားသော ကွန်ပျူတာ အဖျက်ဆော့ဖ်ဝဲဖြင့် တိုက်ခိုက်ခဲ့မှုတွင် ရုရှားလုံခြုံရေးဌာနများ ပါဝင်နေသည်ဟု ပြောကြားလိုက်ပြီး အရေးကြီးသော အချက်အလက်များကို ဖျက်ဆီးကာ ကျယ်ပြန့်သောထိခိုက်မှုဖြစ်စေရန် ရည်ရွယ်သော တိုက်ခိုက်မှုဖြစ်သည် ဟုလည်းပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံတွင် စတင်ပြီး အင်္ဂါနေ့၌ ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလက ယူကရိန်းဓာတ်အားပေးစနစ်ကို တိုက်ခိုက်ခဲ့သည့် ဟက်ကာများက လုပ်ဆောင်ခဲ့သည်ဟု ယူကရိန်း အစိုးရလုံခြုံရေးဌာန SBU၏ ပြောကြားချက်အရသိရပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကို ယူကရိန်း နိုင်ငံရေးသမားများက ရုရှားကို အပြစ်တင်ခဲ့သော်လည်း ကရင်မလင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ကပြန်လည် ပယ်ချခဲ့တယ်လို့လဲ သိရပါတယ်။
ယူကရိန်းနှင့် အခြားနိုင်ငံများကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်မည့် ရုရှားအေးဂျင့်များပိုင်ဆိုင်သော ပစ္စည်း ကိရိယာများကို သိမ်းဆည်းရမိခဲ့သည်ဟု SBU ၏ဖော်ပြချက်အရသိရပါတယ်။ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယား ဒေသကို ရုရှားတို့က ၎င်းတို့ပိုင်နက်ထဲ သွတ်သွင်းပြီးကတည်းက ရုရှားနှင့် ယူကရိန်းတို့ ကြားတွင် အပြင်းအထန် သဘောထားကွဲလွဲမှုတွေ ဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။
နိုင်ငံတကာ ဗိုင်းရပ်စ်ကာကွယ်ရေး ကုမ္ပဏီများနှင့်ပူးပေါင်းရှာဖွေပြီး ရရှိသောအချက်အလက်များအပြင် မိမိတို့ ကိုယ်တိုင်ရှာဖွေရရှိထားသော အချက်အလက်များအရ ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ယူကရိန်း၏ ဘဏ္ဍာရေးစနစ်၊ ပို့ဆောင်ရေးနှင့် စွမ်းအင်ဆိုင်ရာကဏ္ဍတို့ကို တိုက်ခိုက်ခဲ့သူများကပဲ ပြုလုပ်သည်ဟု ယုံကြည်နေကြောင်း SBU ကပြောကြားခဲ့သည်။
Zawgyi Font : Not Petya ဆိုက္ဘာတိုက္ခိုက္မႈတြင္ ရုရွားပါ၀င္သည္ဟု ယူကရိန္းမွ စြပ္စြဲ
ဇြန္လ ၂၇ရက္ေန႔ အဂၤါေန႔မွာ ယူကရိန္းႏိုင္ငံအပါအ၀င္ ႏိုင္ငံေပါင္း ၆၀အထိ ဆိုက္ဘာတိုက္ခိုက္မႈကို ခံခဲ့ရပါတယ္။ ယူကရိန္း ပညာရွင္အခ်ိဳ႕က Not Petya ဟု အမည္ေပးထားေသာ ကြန္ပ်ဴတာ အဖ်က္ေဆာ့ဖ္၀ဲျဖင့္ တိုက္ခိုက္ခဲ့မႈတြင္ ရုရွားလံုျခံဳေရးဌာနမ်ား ပါ၀င္ေနသည္ဟု ေျပာၾကားလိုက္ျပီး အေရးၾကီးေသာ အခ်က္အလက္မ်ားကို ဖ်က္ဆီးကာ က်ယ္ျပန္႔ေသာထိခိုက္မႈျဖစ္ေစရန္ ရည္ရြယ္ေသာ တိုက္ခိုက္မႈျဖစ္သည္ ဟုလည္းေျပာၾကားခဲ့ပါတယ္။
ယူကရိန္းႏိုင္ငံတြင္ စတင္ျပီး အဂၤါေန႔၌ ကမၻာတစ္၀န္းသို႔ ပ်ံ႕ႏွံ႔ခဲ့သည့္ ဆိုက္ဘာတိုက္ခိုက္မႈကို ၂၀၁၆ခုႏွစ္ ဒီဇင္ဘာလက ယူကရိန္းဓာတ္အားေပးစနစ္ကို တိုက္ခိုက္ခဲ့သည့္ ဟက္ကာမ်ားက လုပ္ေဆာင္ခဲ့သည္ဟု ယူကရိန္း အစိုးရလံုျခံဳေရးဌာန SBU၏ ေျပာၾကားခ်က္အရသိရပါတယ္။ ဆိုက္ဘာတိုက္ခိုက္မႈကို ယူကရိန္း ႏိုင္ငံေရးသမားမ်ားက ရုရွားကို အျပစ္တင္ခဲ့ေသာ္လည္း ကရင္မလင္းအစိုးရ ေျပာေရးဆိုခြင့္ရွိသူ ကျပန္လည္ ပယ္ခ်ခဲ့တယ္လို႔လဲ သိရပါတယ္။
ယူကရိန္းႏွင့္ အျခားႏိုင္ငံမ်ားကို ဆိုက္ဘာတိုက္ခိုက္မႈျပဳလုပ္မည့္ ရုရွားေအးဂ်င့္မ်ားပိုင္ဆိုင္ေသာ ပစၥည္း ကိရိယာမ်ားကို သိမ္းဆည္းရမိခဲ့သည္ဟု SBU ၏ေဖာ္ျပခ်က္အရသိရပါတယ္။ ၂၀၁၄ ခုႏွစ္တြင္ ခရိုင္းမီးယား ေဒသကို ရုရွားတို႔က ၄င္းတို႔ပိုင္နက္ထဲ သြတ္သြင္းျပီးကတည္းက ရုရွားႏွင့္ ယူကရိန္းတို႔ ၾကားတြင္ အျပင္းအထန္ သေဘာထားကြဲလြဲမႈေတြ ျဖစ္ေနခဲ့ၾကတာျဖစ္ပါတယ္။
ႏိုင္ငံတကာ ဗိုင္းရပ္စ္ကာကြယ္ေရး ကုမၸဏီမ်ားႏွင့္ပူးေပါင္းရွာေဖြျပီး ရရွိေသာအခ်က္အလက္မ်ားအျပင္ မိမိတို႔ ကိုယ္တိုင္ရွာေဖြရရွိထားေသာ အခ်က္အလက္မ်ားအရ ၂၀၁၆ခုႏွစ္ ဒီဇင္ဘာလတြင္ ယူကရိန္း၏ ဘ႑ာေရးစနစ္၊ ပို႔ေဆာင္ေရးႏွင့္ စြမ္းအင္ဆိုင္ရာက႑တို႔ကို တိုက္ခိုက္ခ့ဲသူမ်ားကပဲ ျပဳလုပ္သည္ဟု ယံုၾကည္ေနေၾကာင္း SBU ကေျပာၾကားခဲ့သည္။