Home News အိမ်မှုကိစ္စတွေကိုလုပ်ဖို့ TOYOTA မှ တီထွင်လိုက်တဲ့ စက်ရုပ်

အိမ်မှုကိစ္စတွေကိုလုပ်ဖို့ TOYOTA မှ တီထွင်လိုက်တဲ့ စက်ရုပ်

0

TOYOTA မှ ကျွန်တော်တို့အတွက် အဖော်မွန်ကောင်းဖြစ်စေမဲ့ Human Support Robot (HSR) လို့ခေါ်တဲ့ စက်ရုပ်လေးကို တီထွင် လိုက်ပါပြီး။ အဓိကရည်ရွယ်ချက်ကတော့ ဒုက္ခိတဖြစ်နေတဲ့ သူတွေအတွက် ဖြစ်ပါတယ်။ အဆိုပါ စက်ရုပ်ကလေးမှာ လက်တံတစ်ခုပါပါတယ်။ သူ့မှာ sensor ဖတ်နိုင်တဲ့ မျက်လုံး (camera) ပါဝင်ပါတယ်။ ဒီစက်ရုပ်ကလေးဟာ sensor နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက် သူ့ကိုမခိုင်းမီမှာ သတ်မှတ်ထားတဲ့ QR ကုတ်ကို မိမိခိုင်းစေလိုတဲ့နေရာမှာ ကပ်ထားပေးဖို့တော့ လိုပါတယ်။ ဥပမာ ရေဘူးကို ယူခိုင်းစေချင်တယ်ဆိုပါစို့ ဒါဆို ရေဘူးနဲ့သက်ဆိုင်တဲ့ QR ကုတ်ကို ရေဘူးမှာ အရင်ဦးဆုံး ကပ်ထားပေးရမှာ ဖြစ်ပါတယ်။

HSR စက်ရုပ်ကလေးကို အသံဖြင့်ခိုင်းလို့ရသလို remove control နဲ့လည်းခိုင်းလို့ရပါတယ်။ သူ့မှာ Video Call ပြောလို့ရဖို့အတွက် Screen တစ်ခုလည်းပါဝင်ပါတယ်။ ဒီစက်ရုပ်ကလေးရဲ့လုပ်ဆောင်ချက်ကို US စစ်တပ်ရဲ့ အငြိမ်းစား Romy ရဲ့နေအိမ်မှာ စမ်းသပ်ခဲ့ပါတယ်။ Romy ဟာအာဖကန်နစ်စတန် တိုက်ပွဲမှာ ဒဏ်ရာရသွားသဖြင့် လည်ပင်းအောက်ပိုင်းတစ်ခုလုံး သေသွားသောကြောင့် အငြိမ်းစားယူထားရတဲ့ စစ်သား တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Font : အိမ္မႈကိစၥေတြကိုလုပ္ဖို႔ TOYOTA မွ တီထြင္လိုက္တဲ့ စက္ရုပ္

TOYOTA မွ ကၽြန္ေတာ္တို႔အတြက္ အေဖာ္မြန္ေကာင္းျဖစ္ေစမဲ့ Human Support Robot (HSR) လို႔ေခၚတဲ့ စက္ရုပ္ေလးကို တီထြင္ လိုက္ပါျပီး။ အဓိကရည္ရြယ္ခ်က္ကေတာ့ ဒုကၡိတျဖစ္ေနတဲ့ သူေတြအတြက္ ျဖစ္ပါတယ္။ အဆိုပါ စက္ရုပ္ကေလးမွာ လက္တံတစ္ခုပါပါတယ္။ သူ႔မွာ sensor ဖတ္ႏိုင္တဲ့ မ်က္လံုး (camera) ပါ၀င္ပါတယ္။ ဒီစက္ရုပ္ကေလးဟာ sensor နဲ႔အလုပ္လုပ္တာျဖစ္တဲ့အတြက္ သူ႕ကိုမခိုင္းမီမွာ သတ္မွတ္ထားတဲ့  QR ကုတ္ကို မိမိခိုင္းေစလိုတဲ့ေနရာမွာ ကပ္ထားေပးဖို႔ေတာ့ လိုပါတယ္။ ဥပမာ ေရဘူးကို ယူခိုင္းေစခ်င္တယ္ဆိုပါစို႔ ဒါဆို ေရဘူးနဲ႔သက္ဆိုင္တဲ့ QR ကုတ္ကို ေရဘူးမွာ အရင္ဦးဆံုး ကပ္ထားေပးရမွာ ျဖစ္ပါတယ္။

HSR စက္ရုပ္ကေလးကို အသံျဖင့္ခိုင္းလို႔ရသလို remove control နဲ႔လည္းခိုင္းလို႔ရပါတယ္။ သူ႔မွာ Video Call ေျပာလို႔ရဖို႔အတြက္ Screen တစ္ခုလည္းပါ၀င္ပါတယ္။ ဒီစက္ရုပ္ကေလးရဲ႕လုပ္ေဆာင္ခ်က္ကို US စစ္တပ္ရဲ႕ အျငိမ္းစား Romy ရဲ႕ေနအိမ္မွာ စမ္းသပ္ခဲ့ပါတယ္။ Romy ဟာအာဖကန္နစ္စတန္ တိုက္ပြဲမွာ ဒဏ္ရာရသြားသျဖင့္ လည္ပင္းေအာက္ပိုင္းတစ္ခုလံုး ေသသြားေသာေၾကာင့္ အျငိမ္းစားယူထားရတဲ့ စစ္သား တစ္ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: