ကမ္ဘာလှည့်ခရီးသည်တွေအတွက် သွားစရာနေရာကလေးတစ်ခုပေါ်လာပါပြီ။ Carolina မြောက်ပိုင်းရှိ Cape Hatteras အမျိုးသားကမ်းခြေ အနီးရှိ သမုဒ္ဒရာထဲမှာ သဲတောင်ပြင်ကျွန်းကလေးတစ်ခုဟာ ဇွန်လ၁၇ရက် ညအချိန်တွင် ပေါ်ပေါက်လာပါတယ်။
အဲဒီသဲကျွန်းကလေးရဲ့ အမည်ကိုတော့ Shelly လို့သွားရောက်ခဲ့သူက အမည်ပေးထားတာဖြစ်ပါတယ်။ ဒီကျွန်းကလေးဟာ ပင်လယ်ဘက်မှာသေးသွယ်ပြီး ကုန်းမြေမကြီးဘက်ကို ကျယ်သွားတဲ့ပုံသဏ္ဍာန်ရှိပါတယ်။ အဆိုပါကျွန်းကလေးပေါ်မှာ ခရုကောက်လို့ အရမ်းကောင်းပါတယ်လို့လဲ သွားရောက်ခဲ့သူ Chad Koczera က ပြောပါတယ်။ ကမ်းခြေရှိရဲမှူး Dave Haliac ပြောတာကတော့ အဆိုပါကျွန်းဟာ ကမ်းခြေမီးပြတိုက်ကနေ တစ်မိုင်လောက် အကွာအဝေးတွင်ရှိပြီး ရေကူးသွားဖို့ကို ကန့်သတ်ထားပါတယ်။ ရေကလဲအရမ်းနက်ပြီး သမုဒ္ဒရာ အစပ်မှာရှိနေတဲ့အတွက် ရေစီးကြမ်းလို့ အန္တရာယ်အရမ်းများပါတယ်။ သွားရောက်လည်ပတ်လို သူတွေကတော့ ကျွမ်းကျင်တဲ့လှေမောင်းသမားတွေကို ခေါ်ပြီး လှေနဲ့သွားလို့ရပါတယ်။
သမုဒ္ဒရာထဲမှာ ခဏခဏပေါ်လိုက်ပျောက်လိုက်ဖြစ်နေတတ်တဲ့ ရွေ့လျားကျွန်းတွေရှိနေတဲ့အတွက် ယခုပေါ် လာတဲ့ သဲတောင်ကျွန်းကိုလဲ အတည်တကျမှတ်ယူလို့ မရသေးပါဘူး။ သူလဲရွေ့လျားကျွန်းဖြစ်နေလျှင်တော့ အနှေးနဲ့ အမြန်တော့ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ အဆိုပါကျွန်းကို ရှာဖွေတွေ့ရှိပြီး Drone ဖြင့် မှတ်တမ်း တင်နိုင်ခဲ့တဲ့ Koczera ကတော့ ဆုကြေးတွေ ရသွားပြီးလို့လဲသိရပါတယ်
Zawgyi Font : Carolina ေျမာက္ဘက္တြင္ လွပေသာသဲကၽြန္းတစ္ခုေပၚလာ
ကမၻာလွည့္ခရီးသည္ေတြအတြက္ သြားစရာေနရာကေလးတစ္ခုေပၚလာပါျပီ။ Carolina ေျမာက္ပိုင္းရွိ Cape Hatteras အမ်ိဳးသားကမ္းေျခ အနီးရွိ သမုဒၵရာထဲမွာ သဲေတာင္ျပင္ကၽြန္းကေလးတစ္ခုဟာ ဇြန္လ၁၇ရက္ ညအခ်ိန္တြင္ ေပၚေပါက္လာပါတယ္။
အဲဒီသဲကၽြန္းကေလးရဲ႕ အမည္ကိုေတာ့ Shelly လို႔သြားေရာက္ခဲ့သူက အမည္ေပးထားတာျဖစ္ပါတယ္။ ဒီကၽြန္းကေလးဟာ ပင္လယ္ဘက္မွာေသးသြယ္ျပီး ကုန္းေျမမၾကီးဘက္ကို က်ယ္သြားတဲ့ပံုသ႑ာန္ရွိပါတယ္။ အဆိုပါကၽြန္းကေလးေပၚမွာ ခရုေကာက္လို႔ အရမ္းေကာင္းပါတယ္လို႔လဲ သြားေရာက္ခဲ့သူ Chad Koczera က ေျပာပါတယ္။ ကမ္းေျခရွိရဲမွဴး Dave Haliac ေျပာတာကေတာ့ အဆိုပါကၽြန္းဟာ ကမ္းေျခမီးျပတိုက္ကေန တစ္မိုင္ေလာက္ အကြာအေ၀းတြင္ရွိျပီး ေရကူးသြားဖို႔ကို ကန္႔သတ္ထားပါတယ္။ ေရကလဲအရမ္းနက္ျပီး သမုဒၵရာ အစပ္မွာရွိေနတဲ့အတြက္ ေရစီးၾကမ္းလို႔ အႏၱရာယ္အရမ္းမ်ားပါတယ္။ သြားေရာက္လည္ပတ္လို သူေတြကေတာ့ ကၽြမ္းက်င္တဲ့ေလွေမာင္းသမားေတြကို ေခၚျပီး ေလွနဲ႔သြားလို႔ရပါတယ္။
သမုဒၵရာထဲမွာ ခဏခဏေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနတတ္တဲ့ ေရြ႕လ်ားကၽြန္းေတြရွိေနတဲ့အတြက္ ယခုေပၚ လာတဲ့ သဲေတာင္ကၽြန္းကိုလဲ အတည္တက်မွတ္ယူလို႔ မရေသးပါဘူး။ သူလဲေရြ႕လ်ားကၽြန္းျဖစ္ေနလွ်င္ေတာ့ အေႏွးနဲ႔ အျမန္ေတာ့ေပ်ာက္ကြယ္သြားမွာျဖစ္ပါတယ္။ အဆိုပါကၽြန္းကို ရွာေဖြေတြ႕ရွိျပီး Drone ျဖင့္ မွတ္တမ္း တင္ႏိုင္ခဲ့တဲ့ Koczera ကေတာ့ ဆုေၾကးေတြ ရသြားျပီးလို႔လဲသိရပါတယ္