Home News အိန္ဒိယ မိန်းကလေးတွေ ဘာဖြစ်လို့ နွားရုပ် မျက်နှာဖုံးကို ဝတ်ဆင်ထားကြတာလဲ

အိန္ဒိယ မိန်းကလေးတွေ ဘာဖြစ်လို့ နွားရုပ် မျက်နှာဖုံးကို ဝတ်ဆင်ထားကြတာလဲ

0

“ကျွန်တော် ဟာ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ နွားတွေ ဟာ မိန်းကလေး တွေထက် ပိုသာတယ်လို့ သတ်မှတ် ကြတဲ့ အပေါ် စိတ်အနှောင့် အယှက်ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတာဟာ မိန်းကလေး တွေက မုဒိန်း ကျင့် ခံ ရတာ နဲ့ ကိုယ်ထိလက်ရောက် စော်ကားခံ ရမှု စတဲ့ ကိစ္စ တွေမှာ သူတို့ ဘက်က တရားမျှတမှု ပြန်ရဖို့ အချိန်တော်တော်ကြာ ယူရပြီး ဒီလိုမျက်နှာဖုံးဝတ်ဆင်လာကြတာဟာ ဟိန္ဒူတွေရဲ့ အယူအဆ တစ်ခုဖြစ်တဲ့ နွားတွေ ဟာ သူတို့ အတွက် အထွဋ်အမြတ် သတ္တဝါလို့ ယူဆ ထားတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့” ဒေလီ အခြေစိုက် ဓါတ်ပုံဆရာဖြစ်တဲ့ Sujatro Ghosh က BBC ကို ပြောပါတယ်။

အိန္ဒိယ ဟာ အမျိုးသမီး တွေကို အနိုင်ကျင့် တဲ့ ပြစ်မှု တွေနဲ့ ပတ်သက်ပြီး သတင်းမှာ မကြာခဏဖော်ပြခံရပြီး အစိုးရရဲ့ သတင်းအချက်အလက်အရ မုဒိန်းမှု တွေ ဟာ ၁၅ မိနစ်မှာ တစ်ကြိမ်နှုန်းဖြစ်ပွားနေပါတယ်။ ဒီလိုကိစ္စ တွေက တရားရုံးမှာ ပြစ်ဒဏ် မပေးခင်မှာပဲ နှစ်စဉ်ဆိုသလို ဖြစ်ပွားနေပါတယ်။ တစ်ကယ်လို့သာ နွားတွေက သတ်ဖြတ်ခံရပြီဆိုရင် ဟိန္ဒူအစွန်းရောက်ဝါဒီတွေက ချက်ချင်းဆိုသလို နွားသတ်သမားလို့ ယူဆရသူတွေကို သတ်တာတို့ ရိုက်နှက်တာ တွေ ရှိပါတယ်။ နွားတွေကို ကာကွယ်ပေးနေတဲ့ အဖွ့ဲ ကို ကာကွယ်ပေးမှုတွေ ကြီးထွားလာတာက Narendra Modi ဝန်ကြီးချုပ် ဦးဆောင်တဲ့ အမျိုးသားရေးပါတီ ဖြစ်တဲ့ Bharatiya Janata က၂၀၁၄ မှာ အာဏာ ရလာလို့ဖြစ်တယ်လို့ သူကဆိုပါတယ်။

“Dardi က လူအုပ်ဖြင့်သတ်တဲ့အမှုမှာ ကျွန်တော်ပါဝင်ပတ်သက်ဖူးပြီး အဲ့ဒီအချိန်တုန်းက ကောလဟာလ တစ်ခုတောင်ရှိပါတယ်။ မူဆလင်တွေ ဟိန္ဒူ လူအုပ်စုနဲ့ သတ်ခံရတာက အမဲသားတွေကို သိုလှောင်တာနဲ့ သိမ်းဆည်းထားမှုကြောင့်ဖြစ်ပြီး အခြား ဘာသာတူတွေ မူဆလင်ကို တိုက်ခိုက်တာက နွားတွေကို စောင့်ရှောက်တဲ့ အဖွဲ့တွေ ဖြစ်တယ်လို့ ” Ghosh က ပြောပါတယ်။ မကြာသေးခင်တုန်းက လည်း လိမ္မာတဲ့ နွားတစ်ကောင် တိရစ္ဆာန်ချစ်သူတွေကြားမှာ ရေပန်းစားလာပါတယ်။

BJP အဖွဲ့ကတော့ တိရိစ္ဆာန်တွေဟာ မြင့်မြတ်ပြီး ကာကွယ်ပေးမှုတွေပြုလုပ်ပေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ နွားတွေသတ်ဖြတ်မှု ကို မြို့ နယ်တော်တော်များများ မှာ တားမြစ်ထားပြီး ကန့်ကွက်တဲ့ သူတွေကို လည်း တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြစ်မှု တွေကို သိရှိအောင်လုပ်ထားပြီး လွှတ်တော်က တော့ ဒီလိုပြစ်မှု ကျူးလွန်ရင် ငွေ ဒဏ် သို့ မဟုတ် သေဒဏ်အထိ အပြစ်ပေးရဖွယ် ရှိတယ်ဆိုတာပါ ထည့်သွင်းစဉ်းစားဖို့ လုပ်နေပါတယ်။

ဒါပေမယ့် ခရစ်ယာန်၊ မူဆလင် နဲ့ သန်းပေါင်းများ စွာသော ဝင်ငွေနည်းတဲ့ သူတွေအတွက် အမဲသားက အရေးပါတဲ့ အရာဖြစ်နေပြီး သူတို့ အတွက် နွားကို စောင့်ရှောက်တဲ့ အဖွဲ့ တွေက ပြစ်မှုကျုးလွန်တဲ့ သူတွေလို့ သတ်မှတ်ကြပါတယ်။ နွား တွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ဒါဇင်နီးပါးလောက်ရှိတဲ့ သူတွေ အသတ်ခံခဲ့ရပါတယ်။ သူတို့တွေ ပစ်မှတ်ထားကြတာက ကောလာဟလ ပြောတဲ့ သူတွေနဲ့ မူလဆင်တွေ နွား နို့အတွက် ကုန်သွယ်မှု လုပ်ရင်တောင် တိုက်ခိုက် ဖို့ အတွက် ပစ်မှတ်ထားခံ ကြရပါတယ်။

Kolkata မှာ ရှေ့ ပိုင်းက မြို့ မှာ နေတဲ့ Ghosh ပြောတာက ” ကျွန်တော် ဒီ နိုင်ငံရေးနဲ့ ဘာသာရေးရောထွေးလာတဲ့ ကိစ္စ”ကို ဒေလီကို ပြောင်းပြီး ၂ နှစ်အကြာမှ သတိထားမိလာတာပါ။ ဒီပရောဂျက် က တိတ်တဆိတ်နဲ့ ဆန့် ကျင်တဲ့ လှုပ်ရှားမှု တစ်ခု ဖြစ်ပြီး အကျိုးသက်ရောက်မှု ရှိမယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ဒီလအစောပိုင်းက ကျွန်တော် နယူးယောက်ကို သွားတုန်းက နွား မျက်နှာဖုံးတွေကို အရုပ်ဆိုင်တွေကနေ ဝယ်လာပါတယ်။ ကျွန်တော်ပြန်ရောက်တော့ မိန်းကလေးတွေ ဒီလိုဝတ်ဆင်ထားတဲ့ ပုံတွေကို ဟော့ပေါ့ ဆိုင်ရှေ့တွေနဲ့ အစိုးရအဆောက်အအုံ တွေရှေ့ မှာ ရော၊လမ်းတွေမှာ ရော၊ သူတို့ အိမ်မှာ ရှိနေတဲ့ ပုံတွေရော နောက်ပြီး လှေပေါ်မှာ နဲ့ ရထားတွေပေါ်မှာပါ မျက်နှာ ဖုံးဝတ်ထားတဲ့ ဓါတ်ပုံတွေကို ရိုက်ဖြစ်ခဲ့ပါတယ်။ ဒီလိုလုပ်ရတာတာ မိန်းကလေးတွေဟာ နေရာတိုင်းမှာ နေရာတိုင်းမှာ အားနည်း တဲ့ သူတွေဖြစ်ကြောင်းကို ပြချင်လို့ ဖြစ်ကြောင်း သူက ဆိုပါတယ်။

ကျွန်တော် လူတန်စားပေါင်းစုံ ရဲ့ ဒီလို ဝတ်ဆင်ထားတဲ့ သူတွေရဲ့ ဓါတ်ပုံတွေကို လိုက်ရိုက်ပါတယ်။ ဒီလုပ်ငန်းကို စတင်ခဲ့ရတာဟာ Delhi က အရာအားလုံးရဲ့ စုဝေးရာဖြစ်ပြီး ပဋိပက္ခတွေ၊ နိုင်ငံရေး လုပ်သူတွေနဲ့၊ ဘာသာ ဝင် အများကြီး တွေက ဒီမှာ စုံစုံလင်လင် နဲ့ ရှိနေတာကြောင့်ဖြစ်ပါတယ်။ ကျွန်တော် ပထမဆုံး နိုင်ငံ ခြားသားတွေ လည်ပတ်မှု အများဆုံး နေရာတစ်ခုဖြစ်တဲ့ အိန္ဒိယကိုကိုယ်စားပြုတဲ့ ဂိတ်မှာ စတင်ရိုက်ပါတယ်။ နောက်ပြီး မော်ဒယ်တစ်ယောက်ငှားပြီး အစိုးရနဲ့သက်ဆိုင်တဲ့ နေရာတွေ၊ Hooghly မြစ်ကလှေပေါ် နဲ့ Kolkata က Howrah ကရေကျ တဲ့ ရှုခင်းကို နောက်ခံထားပြီး ရိုက်ပါတယ်။

“သူ့မော်ဒယ် က သူနဲ့ အခု ချိန်ထိ ခင်နေတဲ့ သူဖြစ်ပြီး သူ့ကို ပဲ မော်ဒယ်အဖြစ်ငှားရတာဟာ ဒီကိစ္စက ထိလွယ်ရှလွယ် ကိစ္စ ဖြစ်ပြီး သူစိမ်းတွေကို လွယ်ကူစွာ နဲ့ ချဉ်းကပ်နိုင်အောင်ဖြစ်တယ်လို့”သူ ကပြောပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ဒီ အစီစဉ်ကို Instagram မှာ တင်တုန်းက တုန့်ပြန်မှုတွေက အကောင်းဘက်ကဖြစ်နေပြီး ဒီကိစ္စကို ထောက်ခံ တဲ့သူတွေနဲ့ သ့ူကိုမသိတဲ့ သူတွေတောင် ထောက်ခံ ကြပါတယ်။

ဒါပေမယ့် ဒီဟာကို အိန္ဒိယ သတင်းစာက ဖော်ပြလိုက်တဲ့ အချိန်နဲ့ Facebook နဲ့ Twitter တွေမှာ လူပြောများ လာတဲ့ အခါ တုန့် ပြန်မှုတွေက အဆိုးဘက်ကို ရောက်သွားပါတယ်။ “တစ်ချို့ က ကျွန်တော့ကို ခြိမ်းခြောက်တဲ့ ကွန်မန့် ရေးလာပါတယ်။ တွစ်တာမှာ လူတွေ ကျနော့ကိုစတင်လှောင်ပြောင်လာပါတယ်။ တစ်ချို့ ကပြောသေးတယ်။ ကျနော်နဲ့ အတူတူ ဓါတ်ပုံ တွဲ ရိုက်တဲ့ မော်ဒယ် ဟာ Delhi’s Jama Masjid [mosque] မှာ အသတ်ခံ ရဖို့ ရှိပြီး ကျနော်တို့ ရဲ့ အသားတွေကို မိန်းကလေး သတင်းသမားတွေကို ကျွေးပစ်လိုက်ဖို့ ကောင်းတယ်လို့ ပြောလာပါတယ်။ နောက်ပြီး ကျနော့ အမေ က ကျနော့် ရှေ့ မှာ ငိုနေစေရမယ်လို့ လည်း ခြိမ်းခြောက်ပါသေးတယ်။

တစ်ချို့ တွေဆိုရင် Delhi ကရဲတွေကို ဖုန်းဆက်အကြောင်းကြားပြီး ကျနော်က အဓိကရုဏ် ဖြစ်အောင် လုပ်နေတယ်လို့ စွပ်စွဲ ပြီး ဖမ်းခိုင်းပါသေးတယ်။ Ghosh က ဒီလိုဝေဖန်မှုတွေကို ဂရုမစိုက် ပဲ သူလုပ် တဲ့ အလုပ်က BJP နဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ “ကျွန်တော်က နိုင်ငံ ရေး အခြေအနေ အတွက် လုပ်ဆောင်နေရတာဖြစ်ပြီး ဒီဟာ ကလည်း နိုင်ငံရေး နဲ့ ဆိုင်တဲ့ အကြောင်းအရာဖြစ်နေတာလည်း ပါပါတယ်။ တစ်ကယ်လို့သာ အနက်ရှိုင်းဆုံးထိလေ့လာကြည့်မယ်ဆိုရင် ဟိန္ဒူ အာဏာ ရတဲ့ သူတွေက သူတို့ ဘက်မှာ ရှိနေပြီး လွန်ခဲ့ တဲ့ ၂ နှစ်က စပြီး ဒီ အစိုးရလက်ထက် ကျမှ ဒီလို ပေါ်ပေါ်ထင်ထင် လုပ်လို့ ရလာတာဖြစ်ပါတယ်။

“နိုင်ငံကောင်းအောင်လုပ်နေတာ မို့ ကျနော့်ကို ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်ခြောက် ကျနော်မကြောက်ပါဘူး”။ အဆိုးထဲက နေ အကောင်းဖြစ်အောင် လုပ် နေတဲ့ ဒီ ပရောဂျက် က ဗိုင်းရပ်စ် ပြန့် ပွားသလို တဖြည်းဖြည်း လူသိများလာပြီး ကမ္ဘာတစ်ဝှမ်းက မိန်းကလေးတွေ လည်း ဒီလှုပ် ရှားမှု မှာ တစ်စိတ်တစ်ပိုင်းဖြင့် ပါဝင်ချင်ပါတယ်လို့ ဆိုလာ သူတွေလည်း ဒုနဲ့ ဒေးရှိလာပါပြီ။ ဒါကြောင့် နောက်ဆုံး ကျနော်ပြောမယ့် စကားတစ်ခွန်းက နွားတွေ ခရီး ဆက်နေ ဦးမှာ ပါ တဲ့။

Zawgyi Font : အိႏၵိယ မိန္းကေလးေတြ ဘာျဖစ္လို႔ ႏြားရုပ္ မ်က္ႏွာဖံုးကို ၀တ္ဆင္ထားၾကတာလဲ။

“ကၽြန္္ေတာ္ ဟာ ကၽြန္ေတာ္တို႔ ႏိုင္ငံမွာ ရွိတဲ့ ႏြားေတြ ဟာ မိန္းကေလး ေတြထက္ ပိုသာတယ္လို႔ သတ္မွတ္ ၾကတဲ့ အေပၚ စိတ္အေႏွာင့္ အယွက္ျဖစ္ေနပါတယ္။ ဒီလိုျဖစ္ရတာဟာ မိန္းကေလး ေတြက မုဒိန္း က်င့္ ခံ ရတာ နဲ႔ ကိုယ္ထိလက္ေရာက္ ေစာ္ကားခံ ရမႈ စတဲ့ ကိစၥ ေတြမွာ သူတုိ႔ ဘက္က တရားမွ်တမႈ ျပန္ရဖို႔ အခ်ိန္ေတာ္ေတာ္ၾကာ ယူရၿပီး ဒီလိုမ်က္ႏွာဖံုး၀တ္ဆင္လာၾကတာဟာ ဟိႏၵဴေတြရဲ႕ အယူအဆ တစ္ခုျဖစ္တဲ့ ႏြားေတြ ဟာ သူတို႔ အတြက္ အထြဋ္အျမတ္ သတၱ၀ါလို႔ ယူဆ ထားတဲ့ အတြက္ေၾကာင့္ ျဖစ္တယ္လို႔” ေဒလီ အေျခစိုက္ ဓါတ္ပံုဆရာျဖစ္တဲ့ Sujatro Ghosh က BBC ကို ေျပာပါတယ္။

အိႏၵိယ ဟာ အမိ်ဳးသမီး ေတြကို အႏိုင္က်င့္ တဲ့ ျပစ္မႈ ေတြနဲ႔ ပတ္သက္ၿပီး သတင္းမွာ မၾကာခဏေဖာ္ျပခံရၿပီး အစိုးရရဲ႕ သတင္းအခ်က္အလက္အရ မုဒိန္းမႈ ေတြ ဟာ ၁၅ မိနစ္မွာ တစ္ႀကိမ္ႏႈန္းျဖစ္ပြားေနပါတယ္။ ဒီလိုကိစၥ ေတြက တရားရံုးမွာ ျပစ္ဒဏ္ မေပးခင္မွာပဲ ႏွစ္စဥ္ဆိုသလို ျဖစ္ပြားေနပါတယ္။ တစ္ကယ္လို႔သာ ႏြားေတြက သတ္ျဖတ္ခံရၿပီဆုိရင္ ဟိႏၵဴအစြန္းေရာက္၀ါဒီေတြက ခ်က္ခ်င္းဆိုသလို ႏြားသတ္သမားလို႔ ယူဆရသူေတြကို သတ္တာတုိ႔ ရိုက္ႏွက္တာ ေတြ ရွိပါတယ္။ ႏြားေတြကို ကာကြယ္ေပးေနတဲ့ အဖြ႔႔ဲ ကို ကာကြယ္ေပးမႈေတြ ႀကီးထြားလာတာက Narendra Modi ၀န္ႀကီးခ်ဳပ္ ဦးေဆာင္တဲ့ အမ်ိဳးသားေရးပါတီ ျဖစ္တဲ့  Bharatiya Janata က၂၀၁၄ မွာ အာဏာ ရလာလို႔ျဖစ္တယ္လို႔ သူကဆိုပါတယ္။

“Dardi က လူအုပ္ျဖင့္သတ္တဲ့အမႈမွာ ကၽြန္ေတာ္ပါ၀င္ပတ္သက္ဖူးၿပီး အဲ့ဒီအခိ်န္တုန္းက ေကာလဟာလ တစ္ခုေတာင္ရွိပါတယ္။ မူဆလင္ေတြ ဟိႏၵဴ လူအုပ္စုနဲ႔ သတ္ခံရတာက  အမဲသားေတြကို သိုေလွာင္တာနဲ႔ သိမ္းဆည္းထားမႈေၾကာင့္ျဖစ္ၿပီး အျခား ဘာသာတူေတြ မူဆလင္ကို တိုက္ခိုက္တာက ႏြားေတြကို ေစာင့္ေရွာက္တဲ့ အဖြဲ႔ေတြ ျဖစ္တယ္လို႔ ” Ghosh က ေျပာပါတယ္။ မၾကာေသးခင္တုန္းက လည္း လိမၼာတဲ့ ႏြားတစ္ေကာင္ တိရစၦာန္ခ်စ္သူေတြၾကားမွာ ေရပန္းစားလာပါတယ္။

BJP အဖြဲ႔ကေတာ့ တိရိစၦာန္ေတြဟာ ျမင့္ျမတ္ၿပီး ကာကြယ္ေပးမႈေတြျပဳလုပ္ေပးသင့္တယ္လုိ႔ တုိက္တြန္းထားပါတယ္။ ႏြားေတြသတ္ျဖတ္မႈ ကို ၿမိဳ႕ နယ္ေတာ္ေတာ္မ်ားမ်ား မွာ တားျမစ္ထားၿပီး ကန္႔ကြက္တဲ့ သူေတြကို လည္း တင္းၾကပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ျပစ္မႈ ေတြကို သိရွိေအာင္လုပ္ထားၿပီး လႊတ္ေတာ္က ေတာ့ ဒီလိုျပစ္မႈ က်ဴးလြန္ရင္ ေငြ ဒဏ္ သို႔ မဟုတ္ ေသဒဏ္အထိ အျပစ္ေပးရဖြယ္ ရွိတယ္ဆုိတာပါ ထည့္သြင္းစဥ္းစားဖို႔ လုပ္ေနပါတယ္။

ဒါေပမယ့္  ခရစ္ယာန္၊ မူဆလင္ နဲ႔ သန္းေပါင္းမ်ား စြာေသာ ၀င္ေငြနည္းတဲ့ သူေတြအတြက္ အမဲသားက အေရးပါတဲ့ အရာျဖစ္ေနၿပီး သူတို႔ အတြက္ ႏြားကို ေစာင့္ေရွာက္တဲ့ အဖြဲ႔ ေတြက ျပစ္မႈက်ဳးလြန္တဲ့ သူေတြလို႔ သတ္မွတ္ၾကပါတယ္။ ႏြား ေတြနဲ႔ ပတ္သက္ၿပီး လြန္ခဲ့တဲ့ ၂ ႏွစ္က ဒါဇင္နီးပါးေလာက္ရွိတဲ့ သူေတြ အသတ္ခံခဲ့ရပါတယ္။ သူတုိ႔ေတြ ပစ္မွတ္ထားၾကတာက ေကာလာဟလ ေျပာတဲ့ သူေတြနဲ႔ မူလဆင္ေတြ ႏြား ႏို႔အတြက္ ကုန္သြယ္မႈ လုပ္ရင္ေတာင္ တုိက္ခုိက္ ဖို႔ အတြက္ ပစ္မွတ္ထားခံ ၾကရပါတယ္။

Kolkata မွာ ေရွ႕ ပိုင္းက ၿမိဳ႕ မွာ ေနတဲ့ Ghosh ေျပာတာက ” ကၽြန္ေတာ္ ဒီ ႏိုင္ငံေရးနဲ႔ ဘာသာေရးေရာေထြးလာတဲ့ ကိစၥ”ကို ေဒလီကို ေျပာင္းၿပီး ၂ ႏွစ္အၾကာမွ သတိထားမိလာတာပါ။ ဒီပေရာဂ်က္ က တိတ္တဆိတ္နဲ့ ဆန္႔ က်င္တဲ့ လႈပ္ရွားမႈ တစ္ခု ျဖစ္ၿပီး အက်ိဳးသက္ေရာက္မႈ ရွိမယ္လို႔ ကၽြန္ေတာ္ကေတာ့ ထင္ပါတယ္။ ဒီလအေစာပို္င္းက ကၽြန္ေတာ္ နယူးေယာက္ကို သြားတုန္းက ႏြား မ်က္နွာဖံုးေတြကို အရုပ္ဆိုင္ေတြကေန ၀ယ္လာပါတယ္။ ကၽြန္ေတာ္ျပန္ေရာက္ေတာ့ မိန္းကေလးေတြ ဒီလို၀တ္ဆင္ထားတဲ့ ပံုေတြကုိ  ေဟာ့ေပါ့ ဆိုင္ေရွ႕ေတြနဲ႔ အစိုးရအေဆာက္အအံု ေတြေရွ႕ မွာ ေရာ၊လမ္းေတြမွာ ေရာ၊ သူတို႔ အိမ္မွာ ရွိေနတဲ့ ပံုေတြေရာ ေနာက္ၿပီး ေလွေပၚမွာ နဲ႔ ရထားေတြေပၚမွာပါ မ်က္ႏွာ ဖံုး၀တ္ထားတဲ့ ဓါတ္ပံုေတြကို ရိုက္ျဖစ္ခဲ့ပါတယ္။ ဒီလိုလုပ္ရတာတာ မိန္းကေလးေတြဟာ ေနရာတိုင္းမွာ ေနရာတိုင္းမွာ အားနည္း တဲ့ သူေတြျဖစ္ေၾကာင္းကို ျပခ်င္လို႔ ျဖစ္ေၾကာင္း သူက ဆိုပါတယ္။

ကၽြန္ေတာ္ လူတန္စားေပါင္းစံု ရဲ႕ ဒီလို ၀တ္ဆင္ထားတဲ့ သူေတြရဲ႕ ဓါတ္ပံုေတြကို လိုက္ရိုက္ပါတယ္။ ဒီလုပ္ငန္းကို စတင္ခဲ့ရတာဟာ Delhi က အရာအားလံုးရဲ့ စုေ၀းရာျဖစ္ၿပီး ပဋိပကၡေတြ၊ ႏိုင္ငံေရး လုပ္သူေတြနဲ႔၊ ဘာသာ ၀င္ အမ်ားႀကီး ေတြက ဒီမွာ စံုစံုလင္လင္ နဲ႔ ရွိေနတာေၾကာင့္ျဖစ္ပါတယ္။ ကၽြန္ေတာ္ ပထမဆံုး ႏိုင္ငံ ျခားသားေတြ လည္ပတ္မႈ အမ်ားဆံုး ေနရာတစ္ခုျဖစ္တဲ့ အိႏိၵယကိုကိုယ္စားျပဳတဲ့ ဂိတ္မွာ စတင္ရိုက္ပါတယ္။ ေနာက္ၿပီး ေမာ္ဒယ္တစ္ေယာက္ငွားၿပီး အစိုးရနဲ႔သက္ဆိုင္တဲ့ ေနရာေတြ၊ Hooghly ျမစ္ကေလွေပၚ နဲ႔ Kolkata က Howrah ကေရက် တဲ့ ရႈခင္းကို ေနာက္ခံထားၿပီး ရိုက္ပါတယ္။

“သူ႔ေမာ္ဒယ္ က သူနဲ႔ အခု ခ်ိန္ထိ ခင္ေနတဲ့ သူျဖစ္ၿပီး သူ႔ကို ပဲ ေမာ္ဒယ္အျဖစ္ငွားရတာဟာ ဒီကိစၥက ထိလြယ္ရွလြယ္ ကိစၥ ျဖစ္ၿပီး သူစိမ္းေတြကို လြယ္ကူစြာ နဲ့ ခ်ဥ္းကပ္ႏိုင္ေအာင္ျဖစ္တယ္လို႔”သူ ကေျပာပါတယ္။ လြန္ခဲ့တဲ့ ၂ ပတ္ေလာက္က ဒီ အစီစဥ္ကို Instagram မွာ တင္တုန္းက တုန္႔ျပန္မႈေတြက အေကာင္းဘက္ကျဖစ္ေနၿပီး ဒီကိစၥကို ေထာက္ခံ တဲ့သူေတြနဲ႔ သ႔ူကိုမသိတဲ့ သူေတြေတာင္ ေထာက္ခံ ၾကပါတယ္။

ဒါေပမယ့္ ဒီဟာကို အိႏၵိယ သတင္းစာက ေဖာ္ျပလိုက္တဲ့ အခ်ိန္နဲ႔ Facebook နဲ့ Twitter ေတြမွာ လူေျပာမ်ား လာတဲ့ အခါ တုန္႔ ျပန္မႈေတြက အဆုိးဘက္ကို ေရာက္သြားပါတယ္။ “တစ္ခ်ဳိ႕ က ကၽြန္ေတာ့ကို ျခိမ္းေျခာက္တဲ့ ကြန္မန္႔ ေရးလာပါတယ္္။ တြစ္တာမွာ လူေတြ က်ေနာ့ကိုစတင္ေလွာင္ေျပာင္လာပါတယ္။ တစ္ခိ်ဳ႕ ကေျပာေသးတယ္။ က်ေနာ္နဲ႔ အတူတူ  ဓါတ္ပံု  တြဲ ရိုက္တဲ့ ေမာ္ဒယ္ ဟာ  Delhi’s Jama Masjid [mosque] မွာ အသတ္ခံ ရဖို႔ ရွိၿပီး က်ေနာ္တို႔ ရဲ႕ အသားေတြကို မိ္န္းကေလး သတင္းသမားေတြကို ေကၽြးပစ္လိုက္ဖို႔ ေကာင္းတယ္လို႔ ေျပာလာပါတယ္။ ေနာက္ၿပီး က်ေနာ့ အေမ က က်ေနာ့္ ေရွ႕ မွာ ငိုေနေစရမယ္လို႔ လည္း ၿခိမ္းေျခာက္ပါေသးတယ္။

တစ္ခ်ိဳ႕ ေတြဆိုရင္ Delhi ကရဲေတြကို ဖုန္းဆက္အေၾကာင္းၾကားၿပီး က်ေနာ္က အဓိကရုဏ္ ျဖစ္ေအာင္ လုပ္ေနတယ္လို႔ စြပ္စြဲ ၿပီး ဖမ္းခိုင္းပါေသးတယ္။ Ghosh က ဒီလုိေ၀ဖန္မႈေတြကို ဂရုမစိုက္ ပဲ သူလုပ္ တဲ့ အလုပ္က BJP နဲ႔ တိုက္ရိုက္ဆက္စပ္မႈ မရွိဘူးလို႔ ၀န္ခံေျပာၾကားလိုက္ပါတယ္။ “ကၽြန္ေတာ္က ႏုိင္ငံ ေရး အေျခအေန အတြက္ လုပ္ေဆာင္ေနရတာျဖစ္ၿပီး ဒီဟာ ကလည္း ႏုိင္ငံေရး နဲ႔ ဆိုင္တဲ့ အေၾကာင္းအရာျဖစ္ေနတာလည္း ပါပါတယ္။ တစ္ကယ္လို႔သာ အနက္ရႈိင္းဆံုးထိေလ့လာၾကည့္မယ္ဆိုရင္ ဟိႏၵဴ အာဏာ ရတဲ့ သူေတြက သူတို႔ ဘက္မွာ ရွိေနၿပီး လြန္ခဲ့ တဲ့ ၂ ႏွစ္က စၿပီး ဒီ အစိုးရလက္ထက္ က်မွ ဒီလို ေပၚေပၚထင္ထင္ လုပ္လို႔ ရလာတာျဖစ္ပါတယ္။

“ႏုိင္ငံေကာင္းေအာင္လုပ္ေနတာ မို႔ က်ေနာ့္ကို ဘယ္လိုပဲ ၿခိမ္းေျခာက္ ၿခိမ္ေျခာက္ က်ေနာ္မေၾကာက္ပါဘူး”။ အဆိုးထဲက ေန အေကာင္းျဖစ္ေအာင္ လုပ္ ေနတဲ့ ဒီ ပေရာဂ်က္ က ဗိုင္းရပ္စ္ ျပန္႔ ပြားသလုိ တျဖည္းျဖည္း လူသိမ်ားလာၿပီး ကမၻာတစ္၀ွမ္းက မိန္းကေလးေတြ လည္း ဒီလႈပ္ ရွားမႈ မွာ တစ္စိတ္တစ္ပိုင္းျဖင့္ ပါ၀င္ခ်င္ပါတယ္လို႔ ဆိုလာ သူေတြလည္း ဒုနဲ႔ ေဒးရွိလာပါၿပီ။ ဒါေၾကာင့္ ေနာက္ဆံုး က်ေနာ္ေျပာမယ့္ စကားတစ္ခြန္းက ႏြားေတြ ခရီး ဆက္ေန ဦးမွာ ပါ တဲ့။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: