Home How To Macbook မှာ သင့်ရဲ့ Typing Skill မြန်ဖို့ အတွက် ဘုတုံးလေး သာ ထည့်လိုက်ပါ
Macbook မှာ သင့်ရဲ့ Typing Skill မြန်ဖို့ အတွက် ဘုတုံးလေး သာ ထည့်လိုက်ပါ
0
ကျနော့် မှာ ကျ နော် ဝယ်ထားတဲ့ MacBook ရဲ့ ခပ်ညံ့ညံ့ ကီး ကုတ် နဲ့ ပတ်သက် ပြီး ပြဿနာ တစ်ခု တစ်ခုရှိပါတယ်။ ကျနော်သိတာ တစ်ခုက Apple က ကျနော့် ရဲ့ အခက်အခဲ ကို ဖြေရှင်းပေးမှာတော့ မဟုတ်ပါဘူး။ အရင်ကဝယ်ထားတဲ့ Macbook ကီးဘုတ် ဟာဆိုရင် မြှားပြတဲ့ ခလုတ်တွေက အရွယ်အစားတူပြီး ဘယ် နဲ့ ညာ ရဲ့ ထိပ်ကြားမှာ ကွက်လပ်နှစ်ခု ရှိပါတယ်။ အဲ့ ကီးတွေက ထိတွေ့ မှု ကောင်းတဲ့ ခံစားမှုကိုပေးပြီး အရွယ်အစား အပြည့်ပါတဲ့ ကီး နဲ့ တစ်ဝက်ပါတဲ့ မြှား ကီးကြားမှာ ရှင်းလင်းတဲ့၊ ညီ မျှ တဲ့ အကွာအဝေးကို ပေးပါတယ်။ နောက်ဆုံးပေါ် Macbook တွေမှာ ဘယ် နဲ့ ညာ မြှား ခလုပ်တွေက အရွယ်အစား ကြီးတဲ့ ခလုပ်တွေဖြစ်ပြီး အရင်က အသားကျနေတဲ့ ကွက်လပ် ရှိနေတဲ့ ခံစားချက်ကို ဖယ်ရှားခံ လိုက်ရသလိုဖြစ်နေပါတယ်။
ဒီလိုပြောင်းလဲ လိုက်တာက မြှား ခလုပ်ကို အမှတ်တမဲ့ မှား မနှိပ်မိ ပဲနဲ့ အဆင်ပြေပြေ ဖြစ်သွားတာ မရှိပဲ အရင်က ထက် မှတ်သားရတာ ပိုခက်လာပါတယ်။ ဒါကြောင့် ဒီကိစ္စ ကို ကိုယ့်ဘာသာဖြေရှင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အနာဂတ်အတွက် ဒီလို ခလုုပ်တွေနဲ့ ကြုံရတိုင်း ကျော်လွှားနိုင်ဖို့အတွက် ကိုယ့် ဦးနှောက် ကို လေ့ကျင့်မှု တွေပြန်လုပ်ရပါတယ်။ ဒါကြောင့် ကျနော် ကီးဘုတ်မှာ ဘု တုံးလေးတွေလိုက်ထည့် လိုက်ပါတယ်။
mackeyboard
အလုပ် မှာ ဆိုရင်တော့ ကျနော် Macbook Pro ရဲ့ Touchbar ကို သုံးပါတယ် ဒါပေမယ့် အဲ့ဒါကို မသုံးမိဖို့ အတတ်နိုင်ဆုံးရှောင်ပါတယ်။ ဘာလို့လဲဆိုတော့ Apple ရဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ ဒီဇိုင်းက ညံ့လို့ ပါ။ ဒါကြောင့် ကျနော် ဘုတုံးလေးတွေ လိုက်ဝယ်ပါတယ်။ အသေးစိတ်ပြော ရရင်တော့ နာမည်က နည်းနည်း ရှုပ်ထွေးပါတယ်။ သူ့နာမည်က tactile marking pen လို့ ခေါ်ပြီး တစ်အောင်စ ပုလင်း မှာ ထူတဲ့ ဘုတုံးတွေ အပြည့် ပါပါတယ်။ ပလပ်စတစ် အရည်တွေ က နာရီ အနည်း ငယ်အတွင်းမှာ မာသွားပြီး သင် အမှတ်အသား ပြုလုပ်ချင်တဲ့ နေရာ ပေါ်မှာ တင်ထားလိုက်ပါ။
ရည်ညွှန်း တဲ့ ခလုပ်တွေ ကို ထည့်သွင်း ရင် အားသာလာမယ့် အချက် က သင်စာရိုက်နေစဉ် အတွင်းမှာ အမှား တွေကို လျော့ ချပေးနိုင်ပါတယ်။ သင်သာ ဘုတုံး အာရုံခံပြီး ကီးဘုတ် ကို သုံးတဲ့ သူဆိုရင်တော့ သင့် ကီးဘုတ်ကို ကြည့်လိုက်ပါ။ Home row မှာ ဘုတုံးနှစ်ခု ပဲရှိတာ တွေ့ရမှာပါ။ ဘုတုံးတွေက သင့်ကို ချောမွေ့ တဲ့ အမြင်သစ်တွေပေးပြီး လိုတာထက် အားပိုစိုက်ပြီး လုပ်နေရတာတွေ လျော့ ချပေးပါတယ်။
Apple ကီးဘုတ်တွေမှာ ထိတွေ့နိုင် တဲ့ ဘုတုံးတွေက F နဲ့ J မှာ ရှိပါတယ်။ တစ်ခြား ခလုပ်တွေ ချောချောမွတ်မွတ် ဖြစ်နေချိန်တုန်းက F နဲ့ J နဲ့ မြှားkey ဆီ သွား ဖို့က အရင် Macbook မှာ ဘယ်နဲ့ ညာ မြှား Key ကြားမှာ နှစ်ခု ဟနေပါတယ်။ သတ္တုနဲ့ လုပ်ထားတဲ့ အောက်ခံ က မြင်သာနေပါတယ်။ ကျနော့ ရဲ့ Macbook မှာ ဘုတုံးကို ဘယ်ဘက်မြှား Key မှာ ထားပါတယ်။
key
Macbook Pro Key အသစ်မှာ ကျတော့ မြားKeyလေးခုက အရင်က key သုံးခု အပြည့် ရှိတဲ့ နေရာမှာ နေရာယူလိုက်ပြီး ညာဘက် command နဲ့ option ကီးကို ရောထားလိုက်ပါတယ်။ ကွက်လပ် ကြောင့် တစ်ခြားခလုပ်တွေ ဆီသွားတဲ့ အခါမှာ ကျနော့ ရဲ့ ညာလက်ကို အခက်တွေ့စေပြီး option ကို ခဏခဏ နှိပ်မိနေတော့ ဒေါသ ထွက်လာပါတယ်။
ကျနော် ဘုတုံးထည့် ပြီးနှိပ်တာ ကို PC က ကီးဘုတ်မှာ စမ်းသပ်ခဲ့ တုန်းက အသေးစား ကိရိယာတွေမှာ လည်း ဒီလို ဘုတုံးလေးတွေ ထည့်လို ရတယ်ဆိုတာ ကျနော် စဉ်းစားဖူးပါတယ်။ ဒါကြောင့် သင်လဲဘဲ ထိတွေ့လို့ ရတဲ့ ဘုတုံးတွေကို ဝယ်ပြီး ကြိုက်နှစ်သက်ရာ ဘယ်ခလုပ်အစိတ်အပိုင်းမှာမဆို ထည့်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ ရဲ့ အရွယ်အစားက တစ်ခါတစ်လေကျရင် laptop ရဲ့ ကီးဘုတ်တွေမှာ ထည့်တဲ့ အခါ အံဝင်ခွင် ကျဖြစ်ဖို့ တော်တော်ခက်ပါတယ်။ tactile pen လိုပစ္စည်းက သင့်ကို အဖုအထစ်တွေနဲ့ ရင်းနှီးစေမှာဖြစ်ပြီး ဟိုရွေ့ ဒီရွေ့ လုပ်ဖို့အတွက် တော်ရုံလေးပဲ ထိုးထွက်နေ မှာပါ။
Zawgyi Font : Macbook မှာ သင့်ရဲ့ Typing Skill မြန်ဖို့ အတွက် ဘုတုံးလေး သာ ထည့်လိုက်ပါ
mackeyboard
key
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: