Home News လေယာဉ်အင်ဂျင်စက်ထဲသို့ အကြွေပြားပစ်ထည့်ခဲ့လို့ ခရီးစဉ်နှောက်နှေးခဲ့ရ

လေယာဉ်အင်ဂျင်စက်ထဲသို့ အကြွေပြားပစ်ထည့်ခဲ့လို့ ခရီးစဉ်နှောက်နှေးခဲ့ရ

0

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသက် ၈၀အရွယ် အဖွားအို တစ်ဦးဟာ China Southern လေကြောင်းလိုင်းမှ လေယာဉ် Airbus A320 ၏အင်ဂျင်စက်ထဲသို့ အကြွေပြား ၉ပြား တိတိကို ဇွန်လ ၂၇ရက်နေ့တွင် ပစ်ထည့်လိုက်ကြောင်း သိရှိရသည်။

အဆိုပါအဖွားအို၏ လုပ်ရပ်ကို ထူးဆန်းစွာ မြင်တွေ့ခဲ့ရတဲ့ ခရီးသည်တစ်ဦးက လေယာဉ်ကွင်းရှိ အစောင့် ရဲများကို သွားရောက်ပြောကြားလိုက်သဖြင့် ထိုအကြွေပြားထည့်လိုက်ခြင်းကိစ္စကို သိရတာဖြစ်ပါတယ်။ ရဲများက အဖွားအိုကို စစ်ဆေးမေးမြန်းတဲ့အခါ အဖွားအိုပြန်ပြောတာကတော့ ခရီးစဉ်မှာအန္တရာယ် ကင်းစေဖို့ ဆုတောင်းခြင်းဖြစ်ပါတယ်လို့ ပြန်လည်ဖြေကြားပါတယ်။

အဖွားအို အပြင် သူ၏ခင်ပွန်း၊ သမီး၊ သမက်တို့ပါ ထိုခရီးစဉ်ကို လိုက်ပါလာတယ်လို့လဲ သိရပါတယ်။ ရဲများအနေဖြင့် အဖွားအိုရဲ့လုပ်ရပ်ကို စွဲချက်တင်ရန် အခက်တွေ့နေပါတယ်။ အဖွားအိုက ကောင်းဖို့အတွက် သူရဲ့ခံယူချက်အတိုင်းလုပ်လိုက်ခြင်း ဖြစ်တာကြောင့် ဖြစ်ပါတယ်။

အဆိုပါခရီးစဉ် ဘေးကင်းရေးအတွက် China Southern လေကြောင်းလိုင်းမှ ပြုပြင်ထိန်းသိမ်းရေးဌာနက လေယာဉ် အင်ဂျင်ကို အပြည့်အဝပြန်လည်စစ်ဆေးခဲ့ရသဖြင့် မှုလသတ်မှတ်ထွက်ခွာချိန် နေ့လည်၁၂ း ၄၀ မှာ ထွက်ခွာလို့မရတော့ပဲ ညနေ ၆ း ၁၆ တွင်မှ စတင်ထွက်ခွာလိုက်ရသဖြင့် ခရီးသည် ၁၅၀ဦးတို့ အတွက် ၅နာရီလောက် အချိန် နောက်ကျပြီးမှ ခရီးစဉ်ပြန်လည်စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi Font : ေလယာဥ္အင္ဂ်င္စက္ထဲသို႕ အေၾကြျပားပစ္ထည့္ခဲ့လို႕ ခရီးစဥ္ေႏွာက္ေႏွးခဲ့ရ

တရုတ္ႏိုင္ငံ ရွန္ဟိုင္းျမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ အသက္ ၈၀အရြယ္ အဖြားအို တစ္ဦးဟာ China Southern ေလေၾကာင္းလိုင္းမွ ေလယာဥ္ Airbus A320 ၏အင္ဂ်င္စက္ထဲသို႔ အေၾကြျပား ၉ျပား တိတိကို ဇြန္လ ၂၇ရက္ေန႔တြင္ ပစ္ထည့္လိုက္ေၾကာင္း သိရွိရသည္။

အဆိုပါအဖြားအို၏ လုပ္ရပ္ကို ထူးဆန္းစြာ ျမင္ေတြ႔ခဲ့ရတဲ့ ခရီးသည္တစ္ဦးက ေလယာဥ္ကြင္းရွိ အေစာင့္ ရဲမ်ားကို သြားေရာက္ေျပာၾကားလိုက္သျဖင့္ ထိုအေၾကြျပားထည့္လိုက္ျခင္းကိစၥကို သိရတာျဖစ္ပါတယ္။ ရဲမ်ားက အဖြားအိုကို စစ္ေဆးေမးျမန္းတဲ့အခါ အဖြားအိုျပန္ေျပာတာကေတာ့ ခရီးစဥ္မွာအႏၱရာယ္ ကင္းေစဖို႔ ဆုေတာင္းျခင္းျဖစ္ပါတယ္လို႔ ျပန္လည္ေျဖၾကားပါတယ္။

အဖြားအို အျပင္ သူ၏ခင္ပြန္း၊ သမီး၊ သမက္တို႔ပါ ထိုခရီးစဥ္ကို လိုက္ပါလာတယ္လို႔လဲ သိရပါတယ္။ ရဲမ်ားအေနျဖင့္ အဖြားအိုရဲ႕လုပ္ရပ္ကို စြဲခ်က္္တင္ရန္ အခက္ေတြ႕ေနပါတယ္။ အဖြားအိုက ေကာင္းဖို႔အတြက္ သူရဲ႕ခံယူခ်က္အတိုင္းလုပ္လိုက္ျခင္း ျဖစ္တာေၾကာင့္ ျဖစ္ပါတယ္။

အဆိုပါခရီးစဥ္ ေဘးကင္းေရးအတြက္ China Southern ေလေၾကာင္းလိုင္းမွ ျပဳျပင္ထိန္းသိမ္းေရးဌာနက ေလယာဥ္ အင္္ဂ်င္ကို အျပည့္အ၀ျပန္လည္စစ္ေဆးခဲ့ရသျဖင့္ မႈလသတ္မွတ္ထြက္ခြာခ်ိန္ ေန႔လည္၁၂ း ၄၀ မွာ ထြက္ခြာလို႔မရေတာ့ပဲ ညေန ၆ း ၁၆ တြင္မွ စတင္ထြက္ခြာလိုက္ရသျဖင့္ ခရီးသည္ ၁၅၀ဦးတို႔ အတြက္ ၅နာရီေလာက္ အခ်ိန္ ေနာက္က်ျပီးမွ ခရီးစဥ္ျပန္လည္စတင္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: