Home Knowledge လမ်းသွားရင်းအအေးသောက်လို့ အဆင်ပြေတဲ့ ကမ္ဘာပေါ် က အကောင်းဆုံးနိုင်ငံတွေ

လမ်းသွားရင်းအအေးသောက်လို့ အဆင်ပြေတဲ့ ကမ္ဘာပေါ် က အကောင်းဆုံးနိုင်ငံတွေ

0

ခရီး သွားတာကို ကြိုက်ရတဲ့ အကြောင်းအရာ အများကြီး ရှိတဲ့ အနက် လမ်းသွားရင်း အအေးသောက်တဲ့ အလေ့အထက ခရီးသွားရင်း လုပ်ရတဲ့ လှုပ်ရှားမှု တွေထဲမှာ ကျွန်တော် အကြိုက် ဆုံးတစ်ခုဖြစ်လာပါတယ်။ တစ်ကယ်လို့သင်သာ လမ်းသွားရင်း ဘီယာသောက်တာ တရားဝင်တယ်ဆိုတဲ့ နိုင်ငံတွေမှာ နေတယ်ဆိုရင် ဘာတွေ ပျော်စရာ ရှိလဲဆိုတာ သင်စဉ်းစားကြည့်လို့ ရမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အဖို့ ကတော့ အရမ်းကို ပျော်စရာကောင်းတဲ့ ကိစ္စပါ။

တစ်စုံတစ်ယောက်အတွက်တော့ လမ်းမှာ ဝယ်သောက်လို့ ရတဲ့ အအေးက ဈေးပေါပါတယ်။ဘားနဲ့ စားသောက်ဆိုင်တွေမှာ ဈေးကြီးပေးဝယ်ရတဲ့ အချိုရည်တွေလိုမျိုး ၊အပြင်မှာ ကျတော့ အဲ့လို ကန့် သတ်ချက်တွေမရှိပါဘူး။ ဈေးမကြီးတဲ့ အရာတွေကို 7-11 ဆိုင်တွေမှာ လမ်းလျှောက်ရင်းနဲ့ ဝယ်လို့ ရနိုင်ပြီး လူအုပ်တွေ ကြားထဲမှာ ရှုခင်းတွေကို လည့်ပတ်ကြည့်ရှုလို့ လည်းဖြစ်ပါတယ်။

နောက်တစ်ခု က ပျော်ပွဲစားထွက်တာ။ ပျော်ပွဲစားထွက်တာက ပြီးပြည့်စုံတဲ့ ခရီးသွား လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ သင် ပျော်ပွဲစားထွက်နေ စဉ်အတွင်းမှာ လွတ်လပ်စွာ အနားယူနိုင်ပြီး ကိုယ် ရောက်နေတဲ့ မြို့ ရဲ အလှ အပ တွေကို ပြန်ခံစားပြီး အတွေးတွေ နဲ့ စိတ်ညစ်စရာတွေကို ဖြေဖျောက်လို့ ရပါတယ်။ အရက် သောက်တာထက်စာရင် ပျော်ပွဲစားထွက်တာက ပိုပျော်စရာကောင်းပြီး သူငယ်ချင်းတွေ နဲ့ လည်း ဂိမ်းတွေ အမျာကြီး ဆော့ လို့ ရပါတယ်။ သင် အဲ့ဒီ အပျော် တွေ ကြားထဲ မှာ ပဲ ရှိနေတဲ့ အချိန်မှာ အိမ်တောင် ပြန်ချင်မှာ မဟုတ်တာ တော့ သေချာပါတယ်။

ဒီ့အပြင် နေရာအသစ်တစ်ခုကို ပထမဆုံး သွား ရတာက ပျော်စရာတွေတစ်ဝက်လောက် ရှိနေတယ်လို့ သင်မထင်ဘူးလား။ Vegas ကနေ Germany၊ လမ်းသွား ရင်း အအေးကို ဇိမ်ကျကျ သောက်လို့ ရတဲ့ နိုင်ငံ အနည်းအကျဉ်းသာ ရှိပါတယ်။ ကျွန်တော့ ရဲ့ အကြိုက်တွေထဲက အနည်းငယ်ကို ဖော်ပြလိုက်ပါတယ်။

New Orleans, Louisiana

New Orleans နိုင်ငံက လမ်းသွား ရင်း အအေးသောက်လို့ မရတဲ့ တင်းကြပ်တဲ့ စည်းကမ်းမရှိပါဘူး။ သင် လမ်းလျှောက် ရင်းနဲ့ ဒါမှမဟုတ် လမ်းရဲ့ နဘေးနားမှာ သင် ကြိုက်သလိုပုံစံနဲ့ သောက်လို့ ရပါတယ်။ ဒါပေမယ့်လည်း ပေါ်ပေါ် တင်တင်သောက်တာကို တော့ တားမြစ်ထားပါတယ်။ ဒါကြောင့် ပလပ် စတစ် အုပ် ပြီး သောက်ပါ။ New Orleans က ကျွန်တော့ရဲ့ အနှစ်သက် ဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် Vegas ရဲ့ မြောက်အရပ်လို့လည်း ခေါ်ပါတယ်။ Vegas ကသီးသန့် နယ်မြေအဖြစ်တည်ရှိနေပြီး နိုင်ငံခြားသားတွေကြားမှာ ပဲပေးလမ်းလျှောက် ပြီး အအေးသောက်တာက Ok တယ်လို့ ပြောပါရစေ။ တစ်ခြား Vegas မှာ ရှိတဲ့ နေရာတွေမှာ တော့ ဟိုတယ်မှာ ပဲ ပျော်စရာတွေက ပိုများနေပါတယ်။ နိုက်ကလပ် ၊ ရေကူးကန် နဲ့ ကာစီနိုလောင်းက စားရုံတွေ က သင့် ကို ဟိုတယ်မှာ ပဲ နေစေဖို့ ဆွဲဆောင်ထားပြီး လမ်းသွား ရင်း အအေးသောက်တဲ့ လှုပ်ရှားမှုက အနည်းငယ်သာ စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်။ New Orleans မှာ ခရီးသွားတဲ့ သူတွေနဲ့ ပတ်သက် ပြီးလုပ်စရာ အများကြီး ရှိတဲ့ အနက် လမ်းလျှောက်ရင်း အအေး သောက် တဲ့ ခံစားချက် ကတော့ တစ်ခြား ဟာတွေ ထက် ပိုပျော်ဖို့ ကောင်းနေတာကတော့ အသေအချာပါပဲ။

New-Orleans-Louisiana

Tokyo, Japan

ဂျပန်လည်း လမ်းသွား ရင်း အအေးသောက် တဲ့ အလေ့အထကို ဥပဒေ မသတ်မှတ်ထားပေမယ့် လူထုထဲ အဲ့လို လုပ်တာက လူမှုရေးအရလက် ခံနိုင်စရာ မရှိပါဘူး။ လမ်းသွားရင်း အအေးသောက်တဲ့သူကို အများကြီး မတွေ့ ရပေမယ့် အအေး တစ်မျိုးမျိုးနဲ့ ပန်းခြံထဲမှာ ထိုင်သောက် နေတဲ့ သူကိုတော့ တွေ့နိုင်ပါသေးတယ်။

tokyo

ပြောကြတာက လူထုထဲ လမ်းလျှောက်ရင်း အအေး သောက် တဲ့ အလေ့အထက ပျော်စရာဖြစ်ပြီး နိုင်ငံခြားသားတွေနဲ့ အဝင်အထွက်များနေတာက သူတို့ အတွက် မျက်မှောင် ကြုတ်စရာကိစ္စ တစ်ခုဖြစ်နေပါတယ်။ ကောလာဟလ ပြောတဲ့ သူတွေ မှန်ပါတယ်။ အရက် ရောင်းတဲ့ အော်တိုစက်တွေ က ဂျပန်တစ်ဝိုက်မှာ အလွန်ရှား ပါတယ်။

Copenhagen, Denmark

Scandinavian နိုင်ငံတွေမှာလိုမျိုး Denmark နိုင်ငံက လမ်းပေါ်မှာ အအေး သောက်လို့မရဥပဒေ ကို တင်းတင်းကြပ်ကြပ်ထုတ်ပြန်ထားတာမရှိပါဘူး။ Denmark က အခြား Scandinavia နိုင်ငံတွေထက် ဒီကိစ္စ နဲ့ ပတ်သက်ပြီး သက်သက် သာသာ ရှိပါတယ်။ အဲ့လိုမျိုး ဥပဒေ ထုတ်ထားတာ မရှိရုံ မက ဒီလိုမျိုးသောက်တာ ကတရားဝင်ပြီး လူမှု ရေးအရလည်း တွန်းအား ပေးပြီး ပတ်ဝန်းကျင်က လည်း လက်ခံနိုင်စွမ်း ရှိပါတယ်။ Nyhavn ကို သွား လည်မယ်ဆို ရင် တူးမြောင်းတစ်လျှောက်မှာ ရှိတဲ့ စားသောက်ဆိုင် တွေမှာ $ ၁၅ ကနေ ၂၀ $ တန် အအေးတွေ ကို ဝယ်သောက်လို့ ရပါတယ်။ သင်က ကုန် စုံဆိုင်တွေမှာ ပဲ တိတ်တိတ်လေး ဝယ်သောက် ချင်ပြီး အချိန်ကုန်ချင်မယ်လို့ ထင်ပါတယ်။ ရေတံ ခွန်ရှေ့ က ရှုခင်းက လည်း သင့် အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာဖြစ်မှာ ပါ။ နောက်တစ်ချက်က Copenhagen ရဲ့ ကောင်းတဲ့ အချက် က အဲ့ အပေါ် တင်းကြပ်တဲ့ ဥပဒေ ထုတ်ပြန်ထားတာ မရှိပါဘူး။ Sweden မှာ သာဆိုရင် ၃.၅% ထက် ပိုတဲ့ အရက်ပါ ဝင်တဲ့ အအေး ဝယ်ပါက ကုန်ဆုံ ဆိုင်တွေမှာ သာ ရနိုင်တာပါ။ အစိုး ရက တရားဝင် ဖွင့် ထားတဲ့ ဆိုင်တွေ က အမြဲတမ်းတော့ မဖွင့် ထားပါဘူး ။ အအေးသောက်ရင်း လမ်းလျှောက် တဲ့ ကိစ္စ က Copenhagen မှာ လွယ်ကူ ပြီး ပျော်စရာကောင်းတဲ့ ကိစ္စ တစ်ခုပါ။

denmark

အထက်မှာ ဖော်ပြထားတဲ့ နိုင်ငံတွေက ကျွန်တော် အကြိုက်ဆုံးနိုင်ငံတွေ ဖြစ်ပြီး တစ်ခြား နိုင်ငံ တွေမှာ လည်း နိုင်ငံ ခြား သားတွေ ဒီလို လုပ်လို့ ရတဲ့ နိုင်ငံတွေရှိပါတယ်။ အဲ့ဒါတွေကတော့ ပြင်သစ်၊ ဂျာမနီ၊ အင်ဂလန်၊ ဝေလ်၊ နယူးဇီလန်၊ ဟောင်ကောင် နဲ့ တရုတ်နိုင်ငံတွေဖြစ်ပါတယ်။ US မှာလည်း ဒီလို လုပ်လို့ ရတဲ့င်ငံတွေ ရှိပါတယ်။ အဲ့ ဒီနေရာတွေကတော့ Ferdericksburg၊ Texas တွေဖြစ်ပါတယ်။ နောက်ပြီး Butte နဲ့ Montana မြို့ တွေမှာလည်း ၂ နာရီ နဲ့ ၈ နာရီကလွဲပြီး တစ်ခြားအချိန် တွေမှာ ဒီလိုမျိုးလုပ်တာ ခွင့် ပြုထားပါတယ်။

Zawgyi Font : လမ်းသွားရင်းအအေးသောက်လို့ အဆင်ပြေတဲ့ ကမ္ဘာပေါ် က အကောင်းဆုံးနိုင်ငံတွေ





New Orleans, Louisiana


Tokyo, Japan



Copenhagen, Denmark



 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: