လူရယ်လို့ဖြစ်လာရတဲ့ ဘဝမှာ သုခဆိုတာထက် ဒုက္ခဆင်းရဲနဲ့သာ နဘန်းလုံးနေရတာဟာ လောကလူသားတွေအတွက် အမှန်တရားတစ်ခုပါပဲ။ မအိုချင်ပေမယ့် အိုလာကြရသလို မနာချင်ပဲနဲ့လည်း နာနေကြရတာ လူ့ဘဝပါပဲ။ နာတယ်ဆိုတဲ့ လူသားတွေထဲမှာမှ ဆေးဝါးကုသမှုတောင် ကောင်းစွာမခံစားရတဲ့နိုင်ငံတွေမှာ လူဖြစ်ရတာက ဘယ်လောက်တောင်ဆိုးလိုက်လေမလဲ။
တစ်နေ့တစ်နေ့ တောင်ဆူဒန်တို့၊ဆီးရီးယားတို့ကလာတဲ့သတင်းတွေဖတ်ပြီး လောကကြီးလူဖြစ်လာရတာ တကယ့်ဒုက္ခသစ္စာဆိုတာ အမှန်ပါလားလို့ ပိုထင်ရှားသိလာရပါတယ်။ နာလာပြီဆိုရင် ချမ်းသာကြွယ်ဝပြီး စနစ်ကောင်းတဲ့နိုင်ငံသားတွေကတော့ သိပ်ပြီးပူပင်စရာမရှိပေမယ့် ဆင်းရဲတဲ့ နိုင်ငံသားတွေရဲ့ ဒုက္ခကတော့ ရင်နာစရာတွေများလွန်းလှပါတယ်။ ဆေးဝါးမပြည့်စုံ၊ဆေးပညာရှင်မလုံလောက်၊ဝန်ဆောင်မှုဆိုတာဗလာနတ္ထိနဲ့ နာရတဲ့လူနာမှာ ရင်နာစရာတွေကများလှပါတယ်။ ကျွန်တော်တို့နိုင်ငံဟာလည်း အခုမှ ဆင်းရဲတွင်းကလွတ်ဖို့ ကြိုးစားရုန်းကန်လာတဲ့ အချိန်မို့ နိုင်ငံဆင်းရဲသလို ပြည်သူအများစုကလည်းဆင်းရဲတယ်ဆိုတာေ ပြောစရာတောင်မလိုပါဘူး။
ဒါကြောင့် ပြည်သူအများစုအတွက် ကျန်းမာရေးဝန်ဆောင်မှုကတော့ လိုအပ်ချက်တွေများစွာရှိနေပါသေးတယ်။ ဒီလိုလိုအပ်ချက်တွေကို အစိုးရတစ်ခုတည်း အားကိုးနေမယ့်အစား ငွေကြေးပြည့်စုံပြီး စေတနာကောင်းတဲ့ပြည်သူတွေကလည်း ဘဝတူ လောကလူသားတွေအတွက် ပါဝင်ပူးပေါင်းနေကြတာကိုလည်း တွေ့မြင်နေရတဲ့အတွက် ဝမ်းသာအားရဖြစ်ရပါတယ်။ နာရေးကူညီမှုအသင်းတွေ၊သွေးအလှူ၊ဆေးအလှူ၊လေအလှူ စတဲ့ အလှူဒါနတွေကို တွေ့မြင်နေရတဲ့အတွက်အားရစရာပါ။
အခုတစ်ခါ မမျှော်လင့်ပဲ ကြုံတွေ့လိုက်ရတာကတော့ ရန်ကုန်ဆေးရုံကြီးနဲ့ ကုတင် ၅၀၀ အထူးကုဆေးရံကြီး(ဆီးနှင့်ကျောက်ကပ်အထူးကုဆေးရုံ) ပေါ်ကိုတက်ရောက်ကုသနေကြရတဲ့ အတွင်းလူနာတွေအတွက် အစာအာဟာရလှူဒါန်းပေးနေတဲ့ တန်ဖိုးသင့် နေ့လည်စာ ပရဟိတ အဖွဲ့ ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ လူနာတွေအတွက် ချက်ပြုတ်စီမံရာမှာ အချိုမှုန့်လုံးဝမသုံးတဲ့အပြင် နေကြာဆီနဲ့ အိမ်ကြိတ်ငြုပ်သီးမှုန့်စစ်စစ်ကိုသာသုံးပြီး ရေကိုလည်း သောက်ရေသန့်ကိုသာ သုံးတယ်လို့ဆိုပါတယ်။ တန်ဖိုးသင့်ပြီး လူနာတွေအတွက်လည်းအာဟာရဖြစ်စေဖို့ လူနာတစ်ဦးလျှင် ကျပ်တစ်ထောင်နှုန်းနဲ့ မည်သူမဆိုပါဝင်လှူဒါန်းနိုင်တယ်လို့လည်းသိရပါတယ်။
ဒီအဖွဲ့ကိုဆက်သွယ်ပြီးလှူဒါန်းချင်တယ်ဆိုရင်တော့ ဒေါက်တာ သန္တာဝင်း၊ ဖုန်း-၀၉၅၁၇၇၀၆၂၊ဒေါက်တာလဲ့လဲ့ဌေး၊ဖုန်း-၀၉၅၁၇၀၅၆၃၊မလေးနွယ်၊ ဖုန်း၀၉၄၂၅၂၉၇၂၅၅၊ဦးဖေစန်း၊ ဖုန်း-၀၉၇၆၇၉၀၀၈၂၈ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့သိရပါတယ်။
တစ်ခုတော့ တောင်းဆိုပါရစေ။ မိတ်ဆွေ ဒီပိုစ့်လေးဖတ်ပြီး လှူဒါန်းချင်တယ်ဆိုရင်တော့ ဆန်းသစ်မြန်မာလည်း ကုသိုလ်ရအောင် ဆန်းသစ်မြန်မာရဲ့ ပိုစ့်ကိုဖတ်မိလို့ပါဆိုတာလေးတော့ တန်ဖိုးသင့်နေ့လည်စာပရဟိတအဖွဲ့ကို ပြောပြပေးစေချင်ပါတယ်။ ဆန်းသစ်မြန်မာဟာ မြန်မာပြည်သူတွေအတွက် ကောင်းကျိုးသုခကို ဆောင်ဖို့ ကြိုးစားနေပါတယ်။ပြည်သူအပေါင်း ဘဝတူလူသားတို့ရဲ့ ဒုက္ခတွေကို မျှဝေခံစားနိုင်ကြပါစေ။
Zawgyi Font : လွဴဒါန္းမႈကို လက္ကမ္းၾကိဳေနတဲ႔ တန္ဖိုးသင္႔ေန႔လည္စာပရဟိတအဖြဲ႕
လူရယ္လို႔ျဖစ္လာရတဲ့ ဘ၀မွာ သုခဆိုတာထက္ ဒုကၡဆင္းရဲနဲ႔သာ နဘန္းလံုးေနရတာဟာ ေလာကလူသားေတြအတြက္ အမွန္တရားတစ္ခုပါပဲ။ မအိုခ်င္ေပမယ့္ အိုလာၾကရသလို မနာခ်င္ပဲနဲ႔လည္း နာေနၾကရတာ လူ႕ဘ၀ပါပဲ။ နာတယ္ဆိုတဲ့ လူသားေတြထဲမွာမွ ေဆး၀ါးကုသမွဳေတာင္ ေကာင္းစြာမခံစားရတဲ့ႏိုင္ငံေတြမွာ လူျဖစ္ရတာက ဘယ္ေလာက္ေတာင္ဆိုးလိုက္ေလမလဲ။
တစ္ေန႔တစ္ေန႔ ေတာင္ဆူဒန္တို႕၊ဆီးရီးယားတို႕ကလာတဲ႕သတင္းေတြဖတ္ျပီး ေလာကၾကီးလူျဖစ္လာရတာ တကယ္႔ဒုကၡသစၥာဆိုတာ အမွန္ပါလားလို႕ ပိုထင္ရွားသိလာရပါတယ္။ နာလာျပီဆိုရင္ ခ်မ္းသာၾကြယ္၀ျပီး စနစ္ေကာင္းတဲ႔ႏိုင္ငံသားေတြကေတာ႔ သိပ္ျပီးပူပင္စရာမရွိေပမယ္႔ ဆင္းရဲတဲ႔ ႏိုင္ငံသားေတြရဲ႕ ဒုကၡကေတာ႔ ရင္နာစရာေတြမ်ားလြန္းလွပါတယ္။ ေဆး၀ါးမျပည္႔စံု၊ေဆးပညာရွင္မလံုေလာက္၊၀န္ေဆာင္မွဳဆိုတာဗလာနတၳိနဲ႔ နာရတဲ႔လူနာမွာ ရင္နာစရာေတြကမ်ားလွပါတယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံဟာလည္း အခုမွ ဆင္းရဲတြင္းကလြတ္ဖို႔ ၾကိဳးစားရုန္းကန္လာတဲ႔ အခ်ိန္မို႕ ႏိုင္ငံဆင္းရဲသလို ျပည္သူအမ်ားစုကလည္းဆင္းရဲတယ္ဆိုတာေ ေျပာစရာေတာင္မလိုပါဘူး။
ဒါေၾကာင့္ ျပည္သူအမ်ားစုအတြက္ က်န္းမာေရး၀န္ေဆာင္မွဳကေတာ႔ လိုအပ္ခ်က္ေတြမ်ားစြာရွိေနပါေသးတယ္။ ဒီလိုလိုအပ္ခ်က္ေတြကို အစိုးရတစ္ခုတည္း အားကိုးေနမယ္႔အစား ေငြေၾကးျပည္႔စံုျပီး ေစတနာေကာင္းတဲ႔ျပည္သူေတြကလည္း ဘ၀တူ ေလာကလူသားေတြအတြက္ ပါ၀င္ပူးေပါင္းေနၾကတာကိုလည္း ေတြ႔ျမင္ေနရတဲ႕အတြက္ ၀မ္းသာအားရျဖစ္ရပါတယ္။ နာေရးကူညီမွဳအသင္းေတြ၊ေသြးအလွဴ၊ေဆးအလွဴ၊ေလအလွဴ စတဲ႔ အလွဴဒါနေတြကို ေတြ႔ျမင္ေနရတဲ႔အတြက္အားရစရာပါ။
အခုတစ္ခါ မေမွ်ာ္လင္႔ပဲ ၾကံဳေတြ႔လိုက္ရတာကေတာ႔ ရန္ကုန္ေဆးရံုၾကီးနဲ႔ ကုတင္ ၅၀၀ အထူးကုေဆးရံၾကီး(ဆီးႏွင္႔ေက်ာက္ကပ္အထူးကုေဆးရံု) ေပၚကိုတက္ေရာက္ကုသေနၾကရတဲ႕ အတြင္းလူနာေတြအတြက္ အစာအာဟာရလွဴဒါန္းေပးေနတဲ႔ တန္ဖိုးသင္႔ ေန႔လည္စာ ပရဟိတ အဖြဲ႔ ပဲ ျဖစ္ပါတယ္။ ဒီအဖြဲ႔ဟာ လူနာေတြအတြက္ ခ်က္ျပဳတ္စီမံရာမွာ အခ်ိဳမွဳန္႔လံုး၀မသံုးတဲ႔အျပင္ ေနၾကာဆီနဲ႔ အိမ္ၾကိတ္ျငဳပ္သီးမွဳန္႔စစ္စစ္ကိုသာသံုးျပီး ေရကိုလည္း ေသာက္ေရသန္႔ကိုသာ သံုးတယ္လို႔ဆိုပါတယ္။ တန္ဖိုးသင္႔ျပီး လူနာေတြအတြက္လည္းအာဟာရျဖစ္ေစဖို႔ လူနာတစ္ဦးလွ်င္ က်ပ္တစ္ေထာင္ႏွဳန္းနဲ႔ မည္သူမဆိုပါ၀င္လွဴဒါန္းႏိုင္တယ္လို႔လည္းသိရပါတယ္။
ဒီအဖြဲ႔ကိုဆက္သြယ္ျပီးလွဴဒါန္းခ်င္တယ္ဆိုရင္ေတာ႔ ေဒါက္တာ သႏၱာ၀င္း၊ ဖုန္း-၀၉၅၁၇၇၀၆၂၊ေဒါက္တာလဲ႔လဲ႔ေဌး၊ဖုန္း-၀၉၅၁၇၀၅၆၃၊မေလးႏြယ္၊ ဖုန္း၀၉၄၂၅၂၉၇၂၅၅၊ဦးေဖစန္း၊ ဖုန္း-၀၉၇၆၇၉၀၀၈၂၈ တို႔သို႔ ဆက္သြယ္လွဴဒါန္းႏိုင္တယ္လို႕သိရပါတယ္။ တစ္ခုေတာ႔ ေတာင္းဆိုပါရေစ။ မိတ္ေဆြ ဒီပိုစ္႔ေလးဖတ္ျပီး လွဴဒါန္းခ်င္တယ္ဆိုရင္ေတာ႔ ဆန္းသစ္ျမန္မာလည္း ကုသိုလ္ရေအာင္ ဆန္းသစ္ျမန္မာရဲ႕ ပိုစ္႔ကိုဖတ္မိလို႕ပါဆိုတာေလးေတာ႕ တန္ဖိုးသင့္ေန႔လည္စာပရဟိတအဖြဲ႔ကို ေျပာျပေပးေစခ်င္ပါတယ္။ ဆန္းသစ္ျမန္မာဟာ ျမန္မာျပည္သူေတြအတြက္ ေကာင္းက်ိဳးသုခကို ေဆာင္ဖို႔ ၾကိဳးစားေနပါတယ္။ျပည္သူအေပါင္း ဘ၀တူလူသားတို႕ရဲ႕ ဒုကၡေတြကို မွ်ေ၀ခံစားႏိုင္ၾကပါေစ။