Home Knowledge သင်မသိသေးတဲ့ လူသားမျိုးနွယ်တို့ရဲ့ အစ

သင်မသိသေးတဲ့ လူသားမျိုးနွယ်တို့ရဲ့ အစ

0

ကျွန်တော်တို့ သိထားကြတာကလူဆိုတာ မျောက်ကဆင်းသက်လာကြတယ်ဆိုတာ ပါပဲ။ ဒါပေမဲ့ မျောက်ကနေ တိုက်ရိုက်ဆင်းသက်လာတယ်လို့ ပြောရင်မှားနေတာကိုတွေ့ရပါတယ်။ မျောက်ကတော့ လူတွေ ထပ်စောပြီး ပေါ်ပေါက်ခဲ့တာမှန်ပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ငါးသန်းခန့်လောက်ထဲက လူသားနဲ့ အလွန်နီးစပ်တဲ့ မျောက်၊မျောက်ဝံနဲ့ လူဝံတွေ ပေါ်ပေါက်ခဲ့လို့ပါပဲ။ အဓိကအားဖြင့် လူဝံမျိုးနွယ်ကနေတစ်ဆင့် တိုးတက်ပြောင်းလဲလာခဲ့တယ်လို့ ယူဆရပါတယ်။ ကမ္ဘာဦးက လီမာ၊ လော်ရီ၊ ပေါ်တို စတဲ့ အဆင့်နိမ့် လူတူ မျိုးနွယ်တွေ ရဲ့ ရုပ်အသွင်အပြင်ဟာ လူဝံတွေနဲ့ မတိမ်းမယိမ်းတူနေလို့ ဖြစ်ပါတယ်။

မနုဿဗေဒပညာရှင်များရဲ့ တွေ့ရှိချက်အရတော့ လူသား အဆင့်ဆင့်ပြောင်းလဲပုံက(၆)မျိုးဖြစ်ပါတယ်။

၁။ ဂျာဗားလူ

ဂျာဗားလူဟာ သက်တန်းအားဖြင့်ရှေးအကျဆုံးတွေ့ရှိတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းရှိ ဆိုလိုမြစ်ကမ်းမှာ ၁၈၉၁-၉၂ခုနှစ်လောက်က Dr.F.Duvoy မှ ရုပ်ကြွင်းအဖြစ် တွေ့ရှိခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း (၄)သန်းကျော်ရှိနေပြီးဖြစ်ပါတယ်။

၂။ ပီကင်းလူ

ပီကင်းလူကတော့ တရုတ်လူမျိုးလို့ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ၎င်းလူကို တရုတ်နိုင်ငံ၊ ပီကင်းမြို့ အနီး Chucoutien (ချောင်းကောင်းတီယံ (ခေါ်) ဇောင်းရိုးဒီးယမ်း) ဂူတွင် ၁၉၆၂ ခုနှစ်က ရုပ်ကြွင်း အဖြင့် တွေ့ရှိခဲ့ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း (၄)သိန်းကျော်ရှိလို့ ဖြစ်ပါတယ်။

၃။ ဟိုက်ဒက်လ်ဘာ့ဂ်လူ

သူကတော့ ဂျာမနီနိုင်ငံ၊ ဟိုက်ဒက်လ်ဘာ့ဂ် အနီးတွင် ၁၉၀၇ခုနှစ်ကတွေ့ခဲ့တဲ့ရုပ်ကြွင်းဖြစ်ပြီး သက်တမ်း ကတော့ နှစ်(၄)သိန်းခန့်ရှိနေပြီးဖြစ်ပါတယ်။

၄။ ဆပ်ဆက်လူ

ဆပ်ဆက်လူကို အင်္ဂလန်နိုင်ငံ၊ ဆပ်ဆက်နယ်တွင် အလုပ်သမားများတွေ့ခဲ့တဲ့ ရုပ်ကြွင်းဖြစ်ပြီး သက်တမ်း အားဖြင့် နှစ်(၃)သိန်းခန့် ရှိတယ်လို့ သိရပါတယ်။

၅။ နီအန်ဒါသာလ်လူ

နီအန်ဒါသာလ်လူ၏ ရုပ်ကြွင်းကို ဂျာမနီနိုင်ငံ နီအန်ဒါသာလ်ဂူအတွင်းမှ တွေ့ရှိခဲ့လို့ နီအန်ဒါသာလ်လူဟု မှည့်ခေါ်ခဲ့တာဖြစ်ပြီး သက်တမ်းကတော့ နှစ်ပေါင်း (၇)သောင်းခန့်ရှိပါတယ်။

၆။ ကရိုမက်ဂနွန်လူ

ကရိုမက်ဂနွန်လူကတော့ နောက်အကျဆုံးတွေ့ခဲ့ရတာဖြစ်ပါတယ်။ ၎င်းကို ၁၈၆၄ ခုနှစ်ကစပြီး အီတလီပြည် အနောက်မြောက်ဘက်၊ ပြင်သစ်ပြည်၊ ချက်ကိုစလိုဗားကီးယားပြည်နှင့် ပိုလန်ပြည်တို့တွင် တွေ့ရှိခဲ့ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း (၃၅၀၀၀)ခန့် သက်တမ်းရှိပါတယ်။

Source: National Museum

Zawgyi Font : သင္မသိေသးတဲ့ လူသားမ်ိဳးႏြယ္တို႕ရဲ႕ အစ

ကၽြန္ေတာ္တို႔ သိထားၾကတာကလူဆိုတာ ေမ်ာက္ကဆင္းသက္လာၾကတယ္ဆိုတာ ပါပဲ။ ဒါေပမဲ့ ေမ်ာက္ကေန တိုက္ရိုက္ဆင္းသက္လာတယ္လို႔ ေျပာရင္မွားေနတာကိုေတြ႕ရပါတယ္။ ေမ်ာက္ကေတာ့ လူေတြ ထပ္ေစာျပီး ေပၚေပါက္ခဲ့တာမွန္ပါတယ္။ ဘာလို႔လဲဆိုေတာ့ လြန္ခဲ့တဲ့ ႏွစ္ငါးသန္းခန္႔ေလာက္ထဲက လူသားနဲ႔ အလြန္နီးစပ္တဲ့ ေမ်ာက္၊ေမ်ာက္၀ံနဲ႔ လူ၀ံေတြ ေပၚေပါက္ခဲ့လို႔ပါပဲ။ အဓိကအားျဖင့္ လူ၀ံမ်ိဳးႏြယ္ကေနတစ္ဆင့္ တိုးတက္ေျပာင္းလဲလာခဲ့တယ္လို႔ ယူဆရပါတယ္။ ကမၻာဦးက လီမာ၊ ေလာ္ရီ၊ ေပၚတို စတဲ့ အဆင့္နိမ့္ လူတူ မ်ိဳးႏြယ္ေတြ ရဲ႕ ရုပ္အသြင္အျပင္ဟာ လူ၀ံေတြနဲ႔ မတိမ္းမယိမ္းတူေနလို႔ ျဖစ္ပါတယ္။

မႏုႆေဗဒပညာရွင္မ်ားရဲ႕ ေတြ႕ရွိခ်က္အရေတာ့ လူသား အဆင့္ဆင့္ေျပာင္းလဲပံုက(၆)မ်ိဳးျဖစ္ပါတယ္။

၁။ ဂ်ာဗားလူ

ဂ်ာဗားလူဟာ သက္တန္းအားျဖင့္ေရွးအက်ဆံုးေတြ႕ရွိတာျဖစ္ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ာဗားကၽြန္းရွိ ဆိုလိုျမစ္ကမ္းမွာ ၁၈၉၁-၉၂ခုႏွစ္ေလာက္က Dr.F.Duvoy မွ ရုပ္ၾကြင္းအျဖစ္ ေတြ႕ရွိခဲ့တာျဖစ္ျပီး သက္တမ္းအားျဖင့္ ႏွစ္ေပါင္း (၄)သန္းေက်ာ္ရွိေနျပီးျဖစ္ပါတယ္။

၂။ ပီကင္းလူ

ပီကင္းလူကေတာ့ တရုတ္လူမ်ိဳးလို႔ကၽြန္ေတာ္ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ၄င္းလူကို တရုတ္ႏိုင္ငံ၊ ပီကင္းျမိဳ႕ အနီး Chucoutien (ေခ်ာင္းေကာင္းတီယံ (ေခၚ) ေဇာင္းရိုးဒီးယမ္း) ဂူတြင္ ၁၉၆၂ ခုႏွစ္က ရုပ္ၾကြင္း အျဖင့္ ေတြ႔ရွိခဲ့ျပီး သက္တမ္းအားျဖင့္ ႏွစ္ေပါင္း (၄)သိန္းေက်ာ္ရွိလို႔ ျဖစ္ပါတယ္။

၃။ ဟိုက္ဒက္လ္ဘာ့ဂ္လူ

သူကေတာ့ ဂ်ာမနီႏိုင္ငံ၊ ဟိုက္ဒက္လ္ဘာ့ဂ္ အနီးတြင္ ၁၉၀၇ခုႏွစ္ကေတြ႕ခဲ့တဲ့ရုပ္ၾကြင္းျဖစ္ျပီး သက္တမ္း ကေတာ့ ႏွစ္(၄)သိန္းခန္႔ရွိေနျပီးျဖစ္ပါတယ္။

၄။ ဆပ္ဆက္လူ

ဆပ္ဆက္လူကို အဂၤလန္ႏိုင္ငံ၊ ဆပ္ဆက္နယ္တြင္ အလုပ္သမားမ်ားေတြ႕ခဲ့တဲ့ ရုပ္ၾကြင္းျဖစ္ျပီး သက္တမ္း အားျဖင့္ ႏွစ္(၃)သိန္းခန္႔ ရွိတယ္လို႔ သိရပါတယ္။

၅။ နီအန္ဒါသာလ္လူ

နီအန္ဒါသာလ္လူ၏ ရုပ္ၾကြင္းကို ဂ်ာမနီႏိုင္ငံ နီအန္ဒါသာလ္ဂူအတြင္းမွ ေတြ႕ရွိခဲ့လို႔ နီအန္ဒါသာလ္လူဟု မွည့္ေခၚခဲ့တာျဖစ္ျပီး သက္တမ္းကေတာ့ ႏွစ္ေပါင္း (၇)ေသာင္းခန္႔ရွိပါတယ္။

၆။ ကရိုမက္ဂႏြန္လူ

ကရိုမက္ဂႏြန္လူကေတာ့ ေနာက္အက်ဆံုးေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ၄င္းကို ၁၈၆၄ ခုႏွစ္ကစျပီး အီတလီျပည္ အေနာက္ေျမာက္ဘက္၊ ျပင္သစ္ျပည္၊ ခ်က္ကိုစလိုဗားကီးယားျပည္ႏွင့္ ပိုလန္ျပည္တို႔တြင္ ေတြ႕ရွိခဲ့ပါတယ္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၃၅၀၀၀)ခန္႔ သက္တမ္းရွိပါတယ္။

From: National Museum

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: