Home Lifestyle Food အရေပြားယားယံတတ်သူတွေ အရက်၊ဘီယာ သောက်ခြင်းကို ရပ်တန့်ပစ်သင့်သလား
အရေပြားယားယံတတ်သူတွေ အရက်၊ဘီယာ သောက်ခြင်းကို ရပ်တန့်ပစ်သင့်သလား
0
တစ်ကယ်လို့ သင် ဘားမှာထိုင်ပြီး သင့်သူငယ်ချင်းတွေနဲ့ ကော့တေး သောက်နေတဲ့အချိန်မှာ ယားယံမှု ကို ခံစားရပြီဆိုရင် ဒီအကြောင်းအရာကနေ သင်ဘာကို သောက်နေတာလဲ ဆိုတာ ပြောပြပါလိမ့်မယ်။
တစ်ချို့ ဝိုင်နဲ့ ဘီယာတွေမှာ ခန္ဓာကိုယ် အတွင်း ရှိ ဒြပ်ပေါင်းကို အန္တရာယ်ပေးတဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ အဲ့ဒါက သင့် ခန္ဓာကိုယ်ထဲ ကို ဝင်သွားပြီး ဆိုးရွားတဲ့ ဓါတ်မတည့် မှု ဖြစ်စေတဲ့ အလားအလာ အများကြီးရှိနေပါတယ်။ မတည့် တဲ့ အရာနှင့် ထိတွေ့လို့ ဖြစ်ပေါ် လာတဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ဒြပ်ပေါင်းဟာ အရက် စွဲလန်းသူတွေမှာ ပေါ်လာတတ်ပြီး အဲ့ ဒီဒြပ်ပေါင်းဟာ သင်လမ်းလျှောက်ရင်း ရှုရှိက်မိတဲ့ ပန်းဝတ်မှုန်တွေ ကြောင့်လည်း ထွက်ပေါ်လာတတ်ပါတယ်။ UK မှာ ရှိတဲ့ ပန်းနာရင်ကြပ် ဆိုင်ရာသုတေသန အဖွဲ့ ပြောထားတာက အဖြူရောင် ဝိုင်၊ ဘီယာ နဲ့ ပန်းသီး အရက် ပြီး ရင် အနီရောင် ဝိုင် က အဆိုးဆုံးဖြစ် ပါတယ်တဲ့။ ရီဝေေ၀ ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာရှိတတ်တဲ့ သူတွေက ဒီလို သောက်စား ခြင်း က ပန်းနာရင် ကြပ် အမောဆို့ တဲ့ ရောဂါကို ပိုဖြစ်စေပါတယ်။
ဒီလိုဖြစ်ခြင်းကြောင့် သင်အရက်သောက်ခြင်းကို ယားယံမှု ရောဂါဖြစ်နေ စဉ် အတွင်း ရပ်တန့် ပစ်သင့် တယ်လို့ ထင်ပါသလား။ ဒီလိုလုံးဝမဟုတ်ပါဘူး။ ဒီလို စဉ်းစားတာက ရူးသွပ်တာပါပဲ။ လူတစ်ဦး နဲ့ တစ်ဦး မတူတဲ့ အတွက်ကြောင့် အရက်အပေါ် ခန္ဓ္ဓာကိုယ်ရဲ့ တုန့် ပြန်ပုံကလည်း မတူပါဘူး။ သင်သောက်နေကျ အရက်ကို ရွေးသောက်ဖို့ ပဲလိုပါတယ်။ အကယ်လို့ သင်ဝေဒနာ ခံစားနေရပြီဆိုရင် သင်မသောက်ခင်နဲ့ သောက်ပြီးတဲ့ အချိန်အတွင်း ဘယ်လိုခံစားရလဲ ဆိုတာ သေချာ သတိထားနေဖို့ လိုပါတယ်။
တစ်ကယ်လို့ သင် သောက်နေကျ ဟာတွေနဲ့ တစ်ခုခုဖြစ်လာပြီဆိုရင် အရက်သန့် တွေဖြစ်တဲ့ ဗော်ကာနဲ့ ဂျင် ကို ပြောင်းသောက်ပေးဖို့ UK မှာ ရှိတဲ့ ပန်းနာရပ်ကျပ်ဆိုင်ရာ အဖွဲ့ အစည်း က အကြံပြုထားပါတယ်။ အဆိုပါ အကြံပြုထားတဲ့ အရက်နှစ်မျိုးလုံးမှာ ခန္ဓ္ဓာကိုယ်ကို ဒုက္ခပေးတတ်တဲ့ ဒြပ်ပေါင်းနဲ့ ဆာလဖိုက် အနည်း ငယ်သာ ပါဝင်ပါတယ်။
Zawgyi Font : အရေပြားယားယံတတ်သူတွေ အရက်၊ဘီယာ သောက်ခြင်းကို ရပ်တန့်ပစ်သင့်သလား
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: