Home News အသင်းရဲ့ တတိယဦးစားပေး အသင်းခေါင်းဆောင် ဖြစ်လာမယ့် ဘန်ဇီမာ

အသင်းရဲ့ တတိယဦးစားပေး အသင်းခေါင်းဆောင် ဖြစ်လာမယ့် ဘန်ဇီမာ

0

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ကာရင်ဘန်ဇီမာကို ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းကနေ ထွက်ခွာသွားတော့မယ် ဝါရင့်နောက်ခံလူ ပီပီရဲ့တာဝန်ဖြစ်တဲ့ အသင်းရဲ့တတိယဦးစားပေး အသင်းခေါင်းဆောင်ရာထူးကို လွဲပြောင်းပေးအပ်သွားတော့မယ်လို့ သိရှိရပါတယ်။

ပီပီဟာ ရီးရဲလ်အသင်းမှာ ဆယ်နှစ်တာ ပါဝင်ကစားပေးခဲ့ပြီး ဆာဂျီယိုရာမို့စ်နဲ့ မာဆယ်လိုတို့ရဲ့နောက် တတိယဦးစားပေး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွှက်ခဲ့တာဖြစ်ပါတယ်။ ယခု ပီပီဟာ ရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပြီး စာချုပ်မတိုးတော့တာကြောင့် အသင်းပြောင်းဖို့ စီစဉ်နေတာပြီး ရီးရဲလ်အသင်းရဲ့ တာဝန်ရှိသူများအနေနဲ့ ပီပီရဲ့တာဝန်ကို အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဆီ လွဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ဒီတာဝန်ဟာ အသင်းရဲ့အဓိက ကစားသမား စီရိုနယ်ဒိုအတွက် ပိုသင့်လျော်တယ်ဆိုပေမယ့် ရိုနယ်ဒိုဟာ အခွန်ကိစ္စများကြောင့် အသင်းကနေ ထွက်ခွာသွားဖို့ အခြေအနေများနေတာကြောင့် အခုလို ဘန်ဇီမာကိုသာ တာဝန်လွဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။

အသက် ၂၉နှစ်အရွှယ်ရှိ ပြင်သစ်ကစားသမား ဘန်ဇီမာဟာ ၂၀၀၉ခုနှစ်ကတည်းက ရီးရဲလ်အသင်းကို လိုင်ယွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရီးရဲလ်အတွက် ပွဲပေါင်း ၂၄၄ ပွဲကစားပေးထားကာ ၁၂၂ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး လာလီဂါပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာပါ ပါဝင်ထားနိုင်ခဲ့ပါတယ်ခင်ဗျာ။

Zawgyi Font : အသင္းရဲ႕ တတိယဦးစားေပး အသင္းေခါင္းေဆာင္ ျဖစ္လာမယ့္ ဘန္ဇီမာ

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕ တုိက္စစ္မွဴး ကာရင္ဘန္ဇီမာကုိ ဒီႏွစ္ေဘာလုံးရာသီအတြင္း အသင္းကေန ထြက္ခြာသြားေတာ့မယ္ ဝါရင့္ေနာက္ခံလူ ပီပီရဲ႕တာဝန္ျဖစ္တဲ႔ အသင္းရဲ႕တတိယဦးစားေပး အသင္းေခါင္းေဆာင္ရာထူးကုိ လြဲေျပာင္းေပးအပ္သြားေတာ့မယ္လုိ႔ သိရွိရပါတယ္။

ပီပီဟာ ရီးရဲလ္အသင္းမွာ ဆယ္ႏွစ္တာ ပါဝင္ကစားေပးခဲ႔ၿပီး ဆာဂ်ီယုိရာမုိ႔စ္နဲ႔ မာဆယ္လုိတုိ႔ရဲ႕ေနာက္ တတိယဦးစားေပး အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူ ေဆာင္ရႊက္ခဲ႔တာျဖစ္ပါတယ္။ ယခု ပီပီဟာ ရီးရဲလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားၿပီျဖစ္ၿပီး စာခ်ဳပ္မတုိးေတာ့တာေၾကာင့္ အသင္းေျပာင္းဖုိ႔ စီစဥ္ေနတာျပီး ရီးရဲလ္အသင္းရဲ႕ တာဝန္ရွိသူမ်ားအေနနဲ႔ ပီပီရဲ႕တာဝန္ကုိ အသင္းရဲ႕ဝါရင့္တုိက္စစ္မွဴး ဘန္ဇီမာဆီ လြဲေျပာင္းေပးလုိက္တာျဖစ္ပါတယ္။ တကယ္ေတာ့ ဒီတာဝန္ဟာ အသင္းရဲ႕အဓိက ကစားသမား စီရုိနယ္ဒုိအတြက္ ပုိသင့္ေလ်ာ္တယ္ဆုိေပမယ့္ ရုိနယ္ဒုိဟာ အခြန္ကိစၥမ်ားေၾကာင့္ အသင္းကေန ထြက္ခြာသြားဖုိ႔ အေျခအေနမ်ားေနတာေၾကာင့္ အခုလုိ ဘန္ဇီမာကုိသာ တာဝန္လြဲေျပာင္းေပးလုိက္တာျဖစ္ပါတယ္။

အသက္ ၂၉ႏွစ္အရႊယ္ရွိ ျပင္သစ္ကစားသမား ဘန္ဇီမာဟာ ၂၀၀၉ခုႏွစ္ကတည္းက ရီးရဲလ္အသင္းကုိ လုိင္ယြန္အသင္းကေန ေျပာင္းေရႊ႕လာခဲ႔တာျဖစ္ၿပီး ရီးရဲလ္အတြက္ ပြဲေပါင္း ၂၄၄ ပြဲကစားေပးထားကာ ၁၂၂ဂုိးအထိ သြင္းယူေပးထားႏုိင္ခဲ႔ၿပီး လာလီဂါၿပိဳင္ပြဲရဲ႕ ဂုိးသြင္းအမ်ားဆုံးစာရင္းမွာပါ ပါဝင္ထားႏုိင္ခဲ႔ပါတယ္ခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: