Home News ယူဂန်ဒါနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်အဖြစ် ကူးပြောင်းသော အမျိုးသားတစ်ယောက် ကို မွတ်စလင်အုပ်စုများမှ ကျောက်တုံးဖြင့်ထုသတ်

ယူဂန်ဒါနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်အဖြစ် ကူးပြောင်းသော အမျိုးသားတစ်ယောက် ကို မွတ်စလင်အုပ်စုများမှ ကျောက်တုံးဖြင့်ထုသတ်

0

ယူဂန်ဒါနိုင်ငံဟာ အာဖရိကအရှေ့ပိုင်းမှာ တည်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဥပဒေမစိုးမိုးသောနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ယူဂန်ဒါနိုင်ငံမှာ မွတ်စလင်အမျိုးသားတစ်ယောက်ဟာ ခရစ်ယာန်ဘာသာကို ကူးပြောင်းလိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်ခံလိုက်ရပါတယ်။

ဒါ့အပြင် အသတ်ခံလိုက်ရတဲ့ အမျိုးသားရဲ့ မိသားစုကိုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး မိသားစုတွေကိုပါ ရိုက်နှက်သွားပါသေးတယ်။ ဘာသာကူးပြောင်းတဲ့အပြင် အခြားသူတွေကိုပါ ခရစ်ယာန်ဘာသာအဖြစ် ကူးပြောင်းဖို့ ဆွဲဆောင်တယ်ဆိုပြီး မွတ်စလင်အကြမ်းဖက်များက စွပ်စွဲ၍ မသေမခြင်း ကျောက်တုံးဖြင့် ပစ်သတ်ခဲ့ပါတယ်။ ဒါ့အပြင် ခရစ်ယာန်ဘာသာဝင်အဖြစ် ပြောင်းသွားတဲ့ အမျိုးသားရဲ့ အိမ်ထောင်ဘက်အမျိုးသမီးလည်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာကြောင့် နာရီပိုင်းအကြာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

uganda-crime

ယူဂန်ဒါနိုင်ငံမှာ အများစုက ခရစ်ယာန်ဖြစ်သော်လည်း နိုင်ငံရဲ့ အချို့ဒေသတွေမှာရှိတဲ့ လူဦးရေအားလုံးနီးပါး မွတ်စလင်ဘာသာ ဖြစ်နေပြီး အဆိုပါဒေသတွေဟာ မွတ်စလင်များစုစည်းရာနေရာကဲ့သို့ ဖြစ်နေခဲ့ပါတယ်။ လက်ရှိမှာတော့ ယူဂန်ဒါနိုင်ငံရဲ့ တရားစီရင်ရေးဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ အပြောခံနေရပြီး နိုင်ငံရဲ့ မလုံခြုံမှုကိုလည်း မီးမောင်းထိုးပြလိုက်တာဘဲ ဖြစ်ပါတယ်။

Zawgyi Font : ယူဂန်ဒါနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်အဖြစ် ကူးပြောင်းသော အမျိုးသားတစ်ယောက် ကို မွတ်စလင်အုပ်စုများမှ ကျောက်တုံးဖြင့်ထုသတ်




 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: