Home News ကွန်ဖရက်ဒေးရှင်းဖလားကို အရယူရန် တိုက်တွန်းလိုက်တဲ့ စီရိုနယ်ဒို

ကွန်ဖရက်ဒေးရှင်းဖလားကို အရယူရန် တိုက်တွန်းလိုက်တဲ့ စီရိုနယ်ဒို

0

ကွန်ဖရက်ဒေးရှင်းဖလားပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ အဓိကတိုက်စစ်မှူး ခရစ္စတီယာနိုရိုနယ်ဒိုက အသင်းများအနေနဲ့ လက်ကျန်ပြိုင်ပွဲနှစ်ခုလုံးကို အနိုင်ယူပြီး ဖလားကို အရယူကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ စနေညက အုပ်စုအေရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် သမုဒ္ဒရာပိုင်းဇုန်ချန်ပီယံ နယူးဇီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ရိုနယ်ဒိုရဲ့အဖွင့်ဂိုးအပါအဝင် လေးဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ်ခုနှစ်မှတ် ( မက္ကဆီကိုနဲ့ ရမှတ်တူ ရဂိုးအသာဖြင့် ) အုပ်စုဗိုလ်နဲ့ ဆီးမီဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ” ဆီးမီးရောက်သွားလို့ အရမ်းဝမ်းသာနေရပါတယ်။ တကယ်တော့ မြက်ခင်းပြင်ကြောင့် ကျွန်တော်တို့တွေ ကစားရ တော်တော်ခက်ခဲရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အကောင်းဆုံးတွေကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်မှာတော့ ဂျာမနီဖြစ်ဖြစ် ချီလီနဲ့ပဲဖြစ်ဖြစ် ဘယ်အသင်းကိုမဆို အနိုင်ယူသွားဖို့ ယုံကြည်ချက်အပြည့်ရှိပါတယ် ” လို့ ရိုနယ်ဒိုက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

၂၀၁၆ ဥရောပ ယူရိုဖလားချန်ပီယံ ပေါ်တူဂီအသင်းဟာ စီရိုနယ်ဒို ၊ ဘာနာဒိုဆေးဗား ၊ အန်ဒရီဆေးဗားနဲ့ လူးဝဇ်နာနီတို့ရဲ့ သွင်းဂိုးများနဲ့ နယူးဇီလန်ကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ကွန်ဖရက်ဒေးရှင်းဖလားရဲ့ ဆီးမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တတ်ရောက်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

Zawgyi Font : ကြန္ဖရက္ေဒးရွင္းဖလားကုိ အရယူရန္ တုိက္တြန္းလုိက္တဲ႔ စီရုိနယ္ဒု္ိ

ကြန္ဖရက္ေဒးရွင္းဖလားၿပိဳင္ပြဲရဲ႕ ဆီးမီးဖုိင္နယ္အဆင့္ကုိ တက္ေရာက္သြားခဲ႔တဲ႔ ေပၚတူဂီအသင္းရဲ႕ အဓိကတုိက္စစ္မွဴး ခရစၥတီယာႏုိရုိနယ္ဒုိက အသင္းမ်ားအေနနဲ႔ လက္က်န္ၿပိဳင္ပြဲႏွစ္ခုလုံးကုိ အႏုိင္ယူၿပီး ဖလားကုိ အရယူၾကဖုိ႔ တုိက္တြန္းႏႈိးေဆာ္လုိက္ပါတယ္။

ေပၚတူဂီအသင္းဟာ ၿပီးခဲ႔တဲ႔ စေနညက အုပ္စုေအရဲ႕ ေနာက္ဆုံးပြဲစဥ္အျဖစ္ သမုဒၵရာပုိင္းဇုန္ခ်န္ပီယံ နယူးဇီလန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ႔ရတာျဖစ္ၿပီး ရုိနယ္ဒုိရဲ႕အဖြင့္ဂုိးအပါအဝင္ ေလးဂုိးဂုိးမရွိနဲ႔ အႏုိင္ရရွိခဲ့ၿပီး ႏွစ္ပြဲႏုိင္ တစ္ပြဲသေရ ရမွတ္ခုႏွစ္မွတ္ ( မကၠဆီကုိနဲ႔ ရမွတ္တူ ရဂုိးအသာျဖင့္ ) အုပ္စုဗုိလ္နဲ႔ ဆီးမီဖုိင္နယ္အဆင့္ကုိ တက္ေရာက္သြားခဲ႔တာျဖစ္ပါတယ္။ ” ဆီးမီးေရာက္သြားလုိ႔ အရမ္းဝမ္းသာေနရပါတယ္။ တကယ္ေတာ့ ျမက္ခင္းျပင္ေၾကာင့္ ကြ်န္ေတာ္တုိ႔ေတြ ကစားရ ေတာ္ေတာ္ခက္ခဲရပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္တုိ႔ေတြ အေကာင္းဆုံးေတြကုိ ေဖာ္ေဆာင္သြားႏုိင္ခဲ႔ပါတယ္။ ဆီးမီးဖုိင္နယ္မွာေတာ့ ဂ်ာမနီျဖစ္ျဖစ္ ခ်ီလီနဲ႔ပဲျဖစ္ျဖစ္ ဘယ္အသင္းကုိမဆုိ အႏုိင္ယူသြားဖုိ႔ ယုံၾကည္ခ်က္အျပည့္ရွိပါတယ္ ” လုိ႔ ရုိနယ္ဒုိက ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာဆုိသြားခဲ႔ပါတယ္။

၂၀၁၆ ဥေရာပ ယူရုိဖလားခ်န္ပီယံ ေပၚတူဂီအသင္းဟာ စီရုိနယ္ဒုိ ၊ ဘာနာဒုိေဆးဗား ၊ အန္ဒရီေဆးဗားနဲ႔ လူးဝဇ္နာနီတုိ႔ရဲ႕ သြင္းဂုိးမ်ားနဲ႔ နယူးဇီလန္ကုိ ဂုိးျပတ္အႏုိင္ရခဲ႔တာျဖစ္ၿပီး ကြန္ဖရက္ေဒးရွင္းဖလားရဲ႕ ဆီးမီးဖိုင္နယ္ကုိ ပထမဆုံးအႀကိမ္ တတ္ေရာက္လာခဲ႔တာျဖစ္ပါတယ္ခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: