Home Knowledge အမျိုးသမီးတွေအတွက် အန္တရာယ်ရှိဆုံး ၁၀ နိုင်ငံ
အမျိုးသမီးတွေအတွက် အန္တရာယ်ရှိဆုံး ၁၀ နိုင်ငံ
0
ယနေ့ခေတ်မှာ မိန်းကလေးတွေအတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဥပဒေအသီးသီးနဲ့ ကာကွယ်ပေးထားပါသော်လည်း အမျိုးသမီးတွေအတွက် မလုံခြုံသေးပါဘူး။ နေ့စဉ်နဲ့ အမျှ မုဒိန်းမှုတွေ လူကုန်ကူးမှုတွေ ဆက်လက်ရှင်သန်နေဆဲပါဘဲ။ ဒီလိုဒုစရိုက်မှုတွေ ရှိနေတဲ့ ဒီကမ္ဘာကြီးမှာ ဘယ်နိုင်ငံတွေက ပိုပြီးအန္တရာယ် များပြီး ကြောက်စရာ အကောင်းဆုံးလဲဆိုတာကို သိသွားပါပြီ။ အဲဒီအန္တရာယ်အရှိ ဆုံးနိုင်ငံ ၁၀ နိုင်ငံကတော့
၁။ ကိုလန်ဘီယာ
ကိုလန်ဘီယာကတော့ နံပါတ် ၁လို့ပြောလို့ရပါတယ်။ သူ့နိုင်ငံက အမျိုးသမီးတွေဟာ များသောအားဖြင့် အက်စစ်နဲ့ အပက်ခံရပြီး နှိပ်စက်ခံရပါတယ်။ အဲလိုအမှုတွေမှာလဲ တရားမျှတမှုစွာ ဆုံးဖြတ်ပေး တာတွေလဲ မရှိဘူးလို့သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမျိုးသမီးနဲ့ပတ်သက်ပြီး အကြမ်းဖက်ခံရမှု ပေါင်း ၄၅၀၀၀ ဝန်းကျင် ရှိခဲ့ ပါတယ်။
colombia_acid_attack2
၂။ အာဖကန်နစ္စတန်
အာဖကန်နစ္စတန်နိုင်ငံမှာရှိတဲ့ ၈၇%လောက်သော အမျိုးအသီးများဟာ ပညာမတတ်တဲ့သူများဖြစ်ကြပါတယ်။ ထို့အပြင် အသက် ၁၅နှစ်မှ ၁၉နှစ်ကြားလူငယ် အမျိုးသမီးတွေရဲ့ ၇၀%မှ၈၀%လောက်ထိဟာ အိမ်ထောင်ပြုဖို့ကို အပြင်းအထန် တိုက်တွန်းခံထိနေကြရပါတယ်။ ဒီလိုအသက် ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုခံရပြီးတော့ ကလေးမွေးတဲ့ ပြဿနာကြောင့် အသက်ဆုံးရှုံးနေရတဲ့အမှုဟာ ၁သိန်းမှာ ၄၀၀လောက်ရှိနေပါတယ်။
Afghan Women
၃။ အိန္ဒိယ
အာရှမှာ မုဒိန်းမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာလူဦးရေ အထူထပ်ဆုံးသောနိုင်ငံဖြစ်သော်လည်း အမျိူးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ နိုင်ငံမဟုတ်ပါဘူး။ မုဒိန်းမှုတွေ၊ လူကုန်ကူးမှုတွေ၊ မိန်းကလေး တွေနဲ့ ကလေးငယ်တွေကို သတ်ဖြတ်မှုတွေဟာ တိုးနေပါတယ်။ ပြီးခဲ့တဲ့ အနှစ်၃၀အတွင်းမှာ အိန္ဒိယရဲ့ မြို့တစ်မြို့ခြင်းမှာ မိန်းကလေး ကလေးငယ်သတ်ဖြတ်မှု ပေါင်း သန်း၅၀ကျော်ရှိခဲ့ပါတယ်။
india-women
၄။ ကွန်ဂို
ကွန်ဂိုရဲ့အဓိကအဖြစ်အများဆုံးကတော့ လိင်ပြဿနာပဲဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း အမျိုးသမီးတွေဟာ မုဒိန်းကျင့်ခံနေရပြီး တစ်နှစ်ကို ၄၂၀၀၀၀ လောက် မုဒိန်းကျင့်ခံနေရတာဖြစ်ပါတယ်။ ဒီလိုနဲ့ ကျန်းမာရေးတွေလဲ ထိခိုက်လာပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၅၇%ဟာ သွေးအားနည်းတဲ့ ရောဂါကိုရင်ဆိုင်နေ ကြရပါတယ်။
congo
၅။ဆိုမားလီးယား
ဒီနိုင်ငံကတော့ ဥပဒေမဲ့ နိုင်ငံဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ပြဿနာ၊ သတ်ဖြတ်မှုများ၊ ကလေးငယ်များ အရွယ်မတိုင်မီ အိမ်ထောင်ပြုခြင်းများစတဲ့ အမှုတွေဟာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရပါတယ်။
Somalia-women
၆။ ပါကစ်စတန်
ပါကစ်စတန်မှာကတော့ အရွယ်မတိုင်ခင် အတင်းအိမ်ထောင်ပြုခြင်းခံရမှု၊ အက်စစ်ဖြင့် တိုက်ခိုက်ခြင်းခံရမှု၊ ကျောက်ခဲဖြင့် နှိပ်စက်ခံရမှုတွေဟာ အမျိုးသမီးတွေအများဆုံးကြုံတွေ့နေရတာဖြစ်ပါတယ်။ တစ်နှစ်မှာ ၁၀၀၀ကျော် သော မိန်းကလေးတွေဟာ အရှက်နဲ့ အသက်ကိုလဲနေကြပါတယ်။ ၉၀%လောက်ကတော့ မျက်နှာ မှာသေရာပါဒဏ်ရာတွေ နဲ့ဖြစ်နေကြပါတယ်။
Pakistan-women
၇။ ကင်ညာ
ဒီနိုင်ငံက အမျိုးသမီးတွေကတော့ ဆင်းရဲတဲ့ဒုက္ခကို ခံနေရတာဖြစ်ပါတယ်။ သူတို့ဟာ စိုက်ပျိုးရေးကို အဓိက လုပ်ကြပါတယ်။ ပညာရေးကလည်း အရမ်းကိုအားနည်းတဲ့ အနေအထားမှာရှိနေပါတယ်။ HIV ရောဂါဟာ သူတို့အတွက် ကဒ်ဆိုးကြီးတစ်ခုဖြစ်ပြီး မိန်းကလေးတွေဟာ သူတို့ဘဝကိုသူတို့ မပိုင်ကြပါဘူး။
kenya-women-girls
၈။ ဘရာဇီး
ဘောလုံးလောကမှာ နာမည်ကြီးတဲ့ ဘရာဇီးကတော့ ၁၅စက္ကန့်တိုင်းမှာ အမျိုးသမီးတစ်ယောက် မုဒိန်းကျင့် ခံနေရပြီး ၂နာရီပြီးတိုင်းမှာ အမျိုးသမီးတစ်ယောက် သေနေရပါတယ်။ ဒါကြောင့် အဆိုပါမုဒိန်းမှုတွေနဲ့ ကိုယ်ဝန် ဆောင်ကလေးငယ်တွေ အတွက် အမြဲဆန္ဒပြနေကြပါတယ်။
brazi-woman
၉။ အီဂျစ်
အီဂျစ်မှာကတော့ အမျိုးသမီးတွေကို မုဒိန်းကျင့်မှု၊ နှောက်ယှက်မှုတွေက လူမြင်ကွင်းမှာကိုဖြစ်နေရပါတယ်။ အမျိုးသမီးတွေဟာ သူတို့ရဲ့ အိမ်ထောင်ပြုရေး၊ ကွာရှင်းရေး၊ ကလေးယူခြင်းအစရှိတဲ့ အခွင့်အရေးတွေအားလုံး ဆုံးရှုံးနေရပါတယ်။
Egypt
၁၀။မက်စီကို
၂၀၁၁-၂၀၁၂ ခုနှစ်တွင် မက်စ်စီကိုမှာ အမျိုးသမီးပျောက်မှုပေါင်း ၄၀၀၀ ရှိခဲ့ပါတယ်။ ဥပဒေကလဲ ကာကွယ်မှုမပေးနိုင်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေဟာ အစဉ်ဖြစ်နေရပါတယ်။
mexico-women
Zawgyi Font : အမျိုးသမီးတွေအတွက် အန္တရာယ်ရှိဆုံး ၁၀ နိုင်ငံ
၁။  ကိုလန်ဘီယာ
၂။ အာဖကန်နစ္စတန်
၃။ အိန္ဒိယ
၎။ ကွန်ဂို
၅။ဆိုမားလီးယား
၆။ ပါကစ်စတန်
၇။ ကင်ညာ
၈။ ဘရာဇီး
၉။ အီဂျစ်
၁၀။မက်စီကို
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: