Home News Facebook မှ YouTube နှင့်ဆင်တူသော Video Feature အသစ်များကို စမ်းသပ်
Facebook မှ YouTube နှင့်ဆင်တူသော Video Feature အသစ်များကို စမ်းသပ်
0
Facebook က App အတွင်းမှာ video feature အသစ်တစ်ခုကို ထည့်သွင်းစမ်းသပ်နေပြီး အဆိုပါ App အတွင်းမှာ ပြန်လည်မွန်းမံထားတဲ့ Video Feature ဒီဇိုင်းဟာ Google ရဲ့ YouTube ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက်ပါ Facebook က မျှော်မှန်းထားပါတယ်။
လက်ရှိမှာတော့ အိန္ဒိယ က အသုံးပြုသူတွေ ဦးဆောင်ဦးရွက် ပြုပြီး ဆောင်ရွက် နေတဲ့ ကန့် သတ်ထား တဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်က video ဖွင့် လို့ ရတဲ့ အကွက် ကိုပဲ ခလုပ် ပုံစံ လုပ်ထားတာပါ။ ( play icon ကို အမှတ်အသား ပြထားတာကို Facebook app မှာ မြင်တွေ့ နို်င်ပါတယ်)။ ဒီ စွမ်းဆောင်ချက် က သင့်ကွန်ယက် ရဲ့ အဆုံးအစ မရှိတဲ့ video တွေ ဝင်ရောက်ရာလမ်းကြောင်းတစ်ခုဖြစ် ပါတယ်။ သင် follow လုပ်ထားတဲ့ page ကနေ ရော သင့်သူငယ်ချင်း ရဲ့ like နဲ့ share လုပ်ထားတဲ့ နေရာတွေကနေ ပေါ် နေမှာ ပါ။ Video တွေအပြင် တစ်ခြားအမျိုး အစားတွေဖြစ်တဲ့ ဖျော်ဖြေရေး၊ ဟာသ၊ လူနေမှုဘဝ၊ တိရိစ္ဆာန်များ၊ အားကစား နဲ့ သတင်းနဲ့ ပတ်သက်တဲ့ ခလုပ်တွေ လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
facebook-new-video-feature
Facebook ကပထမ ဆုံး ထုတ်လုပ်လိုက် တဲ့ video ခလုပ် ကို ပြန်စဉ်းစား ကြည့်မယ်ဆိုရင် လွန်ခဲ့ တဲ့ ၂၀၁၆ ဧပြီလ ကဖြစ်ပါတယ်။ အဲ့ ဒါက သုံးစွဲ သူတွေ အတွက် live videos ပဲ ပါဝင်ထားတာဖြစ်ပါတယ်။ ဖြတ် ကနဲ ရိုက်ချက် ရဲ့ အရွေ့ က ကြည့်ရှု သူတွေ ရဲ့ အမြင် မှာ မကြာသေးခင် က ဖွံ့ ဖြိုး မှု ပုံ ရိပ်တစ်ခုလို ပါပဲ။ တစ်ချို့ Andriod ဖုန်းတွေကို ကျွန်တော် စမ်းသပ် ကြည့်လိုက် တဲ့ အခါမှာ ဒီလို ခလုပ် လုံးဝမပါတာ တွေ့ ရပါတယ်။ တစ်ချို့ Andriod တွေ ကျတော့ လည်း ခလုပ် ရှိပြီး အမျိုးအစား အများ ကြီး ပါတဲ့ Video Tab မရှိတာကို လည်းတွေ့ ရပါတယ်။ Facebook မှာ ပါတဲ့ video Tab Feature က နောက်ဆုံး ပေါ် မဟုတ်သေးပါဘူး။ တစ်ချို့ ဆိုရင် လွန်ခဲ့ တဲ့ ၄ လ လောက် က ပုံစံ ဖြစ်နေတာတွေ့ ရပါတယ်။ ဒါပေမယ့် ကြည့်ရတဲ့ ပုံက တော့ Facebook က YouTube ရဲ့ ဦးဆောင် မှု နောက်ကို လိုက်နေသလို မျိုး ဖြစ်ပြီး သုံးစွဲ သူတွေကို ဖြတ်၊ ညှပ်၊ ကပ် လုပ်လို့ ရတဲ့ video ကို ဝန်ဆောင်မှု ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။
အကယ်လို့ Facebook က ဒီလို ခလုပ် တွေကို လုပ်ဆောင်ချက် အသစ် တွေနဲ့ တစ်ကယ်သာ ထည့် သွင်းနိုင်ခဲ့မယ် ဆိုရင် Google ရဲ့ video ကိုလည်း ယှဉ်ပြိုင် လာနိုင်မှာ ဖြစ် ပြီး စိတ်ဝင်စားဖို့ ကောင်းလာမှာ တေ့ာ အသေအချာ ပါပဲ။ History ကို ပြန်ကြည့်တာ နဲ့ အစဉ်လိုက် ကြည့် ခဲ့တာတွေ ပါဝင်မှာ ပါ။ ပြီးတော့ သူ့ရဲ့ app မှာ ဒီလို video ထည့်သွင်းပြီး အဆင့် မြှင့် တင်လိုက်ခြင်းအားဖြင့် အကျိုးအမြတ်တွေလည်း အများ ကြီး ရလာမှာ ပါ။ ကုမ္ပဏီ က ၂၀၁၇ မှာ ၈ ဘီလီယံ လောက် အမြတ်ရခဲ့ ပြီး လွန်ခဲ့ တဲ့ နှစ်က သူ့ ရဲ့ ကြွယ် ၀ မှု နဲ့ video ကြောငြာတွေ ကနေ ဝင်ငွေတွေ တဖြည်းဖြည်း တိုးပွားလာခဲ့ ပါတယ်။
ဒါ့အပြင် တစ်ချိန်ထဲမှာလည်း Facebook ဆယ်လီတွေအနေနဲ့ Video တွေလွှင့်တင်ခြင်း၊ ပြုလုပ်ခြင်းအပေါ်မှာလည်း ဝင်ငွေလမ်းကြောင်းတစ်ခုကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Zawgyi Font : Facebook မှ YouTube ကဲ့သို့ Video Feature အသစ်များကို စမ်းသပ်
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: