Home Lifestyle Food ကျန်းမာရေးအတွက် မရှိမဖြစ်ဆောင်ထားရမယ့် ဂျင်း

ကျန်းမာရေးအတွက် မရှိမဖြစ်ဆောင်ထားရမယ့် ဂျင်း

0

ဂျင်းထည့်မယ်ဆိုလို့ ကျော်တော့မယ်၊ ခွတော့မယ်၊ ပါးပါးလှီးတော့မယ်လို့ မထင်လိုက်ပါနဲ့။ အခုပြောချင်တဲ့ ဂျင်းထည့်မယ်ဆိုတာက နေ့စဉ်စားနေ သောက်နေကြတဲ့ အစားအစာတွေမှာ ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ ဂျင်း ကိုထည့်စားဖို့ကို ဆိုလိုတာပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဂျင်းကို အတော်များများ နှစ်သက်ကြပါတယ်။ ဂျင်းကို မြန်မာ့ရိုးရာ အစားအသောက်ဖြစ်တဲ့ လက်ဖက်သုပ်မှာလည်း ထည့်လေ့ ရှိပါတယ်။

ဂျင်းမှာပါဝင်တဲ့ အာနိသင်တွေကတော့ အများကြီးရှိပါတယ်။ ဂျင်းကိုစားလိုက်ရင် ပူသလိုလို၊ စပ်သလိုလို နဲ့ ရှတတ အရသာလေး ဖြစ်နေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ရောဂါဝေဒနာ အတော်များများကို ပျောက်ကင်းစေပါတယ်။ ယခုလိုမိုးတွင်းမှာ မိုးမိလို့ အအေးမိပြီး ဖျားနာနေရင်တော့ ဂျင်းပါးပါး ၇လွှာကို ထန်းလျက် ၃လုံးထည့် ရေသုံးခွက် တစ်ခွက်တင်ကြိုပြီး သောက်ခြင်းဖြင့် မိုးတွင်းမှာအဖြစ်များကြတဲ့ တုပ်ကွေး၊ ချမ်းစိမ့်စိမ့်ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း အစရှိတဲ့ ရောဂါတွေကို မနက်တစ်ကြိမ် ညတစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ထမင်း ဟင်းလျှာများမှာ ဂျင်းကို အနည်းငယ်ထည့်ချက်ခြင်းဖြင့် ဂျင်းမှာပါဝင်တဲ့ အာနိသင်များကို ရရှိစေမှာဖြစ်ပါတယ်။

ginger-tea

ရေနွေးကြမ်းသောက်တတ်တဲ့ လူတွေက ရေနွေးကြမ်းနေရာမှာ ဂျင်းလက်ဖက်ရည် (Ginger Tea) ကိုပြောင်းလဲ သောက်သုံးတဲ့ အကျင့်လေးကိုလုပ်ချင်းဖြင့့် ကျန်းမာရေးကိုအထူးကောင်းမွန်စေမှာဖြစ်ပါတယ်။ ဈေးဝယ် Center ကြီးတွေမှာ အသင့်သောက်ဂျင်းလက်ဖက်ရည် ကိုပြုတ်သောက်လို့ ရသလို ဂျင်းတောင့် ကိုပြားအောင်ထောင်းပြီး ရေနွေးပူပူနဲ့ ရောသောက်လို့လဲရပါတယ်။ ဒီလိုသောက်ပေးရင် ကိုယ်ခံအား သိသိသာသာ တိုးတက်လာပြီး အစာအိမ်လေထိုးလေအောက် ဖြစ်ခြင်းကို ထိရောက်စွာကာကွယ် ပေးမှာဖြစ်ပါတယ်။

သွားကိုက်နေရင် ကိုက်နေတဲ့သွားနေရာမှာ ဂျင်းကိုကိုက်ထားပေးဖို့ သတိရလိုက်ပါ။ နားကိုက်ရင်လည်း ဂျင်းစိမ်း သတ္တုရည် နွေးနွေးလေးနဲ့ နားခတ်ပေးဖို့ မမေ့ပါနဲ့။ ဇက်ကြောတက်နေလား ဂျင်းကိုပါးပါးလှီးပြီး မီးအနည်းငယ်ပြကာ တက်နေတဲ့ ဇက်ကြောနေရာမှာ ကပ်ထားပေးလိုက်ပါ။ ဂျင်း၂ကျပ်သားခွဲ ကိုသေးသေးလှီး ပြီး အရက်တစ်ပုလင်းတွင် ထည့်စိမ်ထားပြီး နံနက်တစ်ဇွန်း ညတစ်ဇွန်း သောက်ခြင်းဖြင့် သွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း တို့ကိုကာကွယ်ပေးမှာဖြစ်ပါတယ်။

အမျိုးသမီးများမီးဖွားပြီးလို့ သားအိမ်မကျက်တဲ့ ဝေဒနာခံစားနေရရင် ထန်းလျက် ၂ကျပ်သား၊ ဂျင်း ၁ကျပ်သား ကို ရေတစ်ပိသာတွင် ထည့်ပြီး ရေတဝက်ခန့်ဖြစ်အောင်ကျိုပြီး တစ်ခါသောက် ၂အောင်စ(ရေတစ်ငုံ) ခန့် သောက်သံုံးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

Zawgyi Font : က်န္းမာေရးအတြက္ မရွိမျဖစ္ေဆာင္ထားရမယ့္ ဂ်င္း

ဂ်င္းထည့္မယ္ဆိုလို႔ ေက်ာ္ေတာ့မယ္၊ ခြေတာ့မယ္၊ ပါးပါးလွီးေတာ့မယ္လို႔ မထင္လိုက္ပါနဲ႔။ အခုေျပာခ်င္တဲ့ ဂ်င္းထည့္မယ္ဆိုတာက ေန႔စဥ္စားေန ေသာက္ေနၾကတဲ့ အစားအစာေတြမွာ က်န္းမာေရးအတြက္ အလြန္ေကာင္းတဲ့ ဂ်င္း ကိုထည့္စားဖို႔ကို ဆိုလိုတာပါ။ ကၽြန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြဟာ ဂ်င္းကို အေတာ္မ်ားမ်ား ႏွစ္သက္ၾကပါတယ္။ ဂ်င္းကို ျမန္မာ့ရိုးရာ အစားအေသာက္ျဖစ္္တဲ့ လက္ဖက္သုပ္မွာလည္း ထည့္ေလ့ ရွိပါတယ္။

ဂ်င္းမွာပါ၀င္တဲ့ အာနိသင္ေတြကေတာ့ အမ်ားၾကီးရွိပါတယ္။ ဂ်င္းကိုစားလိုက္ရင္ ပူသလိုလို၊ စပ္သလိုလို နဲ႔ ရွတတ အရသာေလး ျဖစ္ေနပါတယ္။ အစာအိမ္နဲ႕ အူလမ္းေၾကာင္းမွာရွိတဲ့ ေရာဂါေ၀ဒနာ အေတာ္မ်ားမ်ားကို ေပ်ာက္ကင္းေစပါတယ္။ ယခုလိုမိုးတြင္းမွာ မိုးမိလို႔ အေအးမိျပီး ဖ်ားနာေနရင္ေတာ့ ဂ်င္းပါးပါး ၇လႊာကို ထန္းလ်က္ ၃လံုးထည့္ ေရသံုးခြက္ တစ္ခြက္တင္ၾကိဳျပီး ေသာက္ျခင္းျဖင့္ မိုးတြင္းမွာအျဖစ္မ်ားၾကတဲ့ တုပ္ေကြး၊ ခ်မ္းစိမ့္စိမ့္ဖ်ားျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္း အစရွိတဲ့ ေရာဂါေတြကို မနက္တစ္ၾကိမ္ ညတစ္ၾကိမ္ ေသာက္သံုးေပးျခင္းျဖင့္ ေပ်ာက္ကင္းေစပါတယ္။ ကၽြန္ေတာ္တို႔ ေန႔စဥ္စားသံုးေနတဲ့ ထမင္း ဟင္းလွ်ာမ်ားမွာ ဂ်င္းကို အနည္းငယ္ထည့္ခ်က္ျခင္းျဖင့္ ဂ်င္းမွာပါ၀င္တဲ့ အာနိသင္မ်ားကို ရရွိေစမွာျဖစ္ပါတယ္။

ေရေႏြးၾကမ္းေသာက္တတ္တဲ့ လူေတြက ေရေႏြးၾကမ္းေနရာမွာ ဂ်င္းလက္ဖက္ရည္ (Ginger Tea) ကိုေျပာင္းလဲ ေသာက္သံုးတဲ့ အက်င့္ေလးကိုလုပ္ခ်င္းျဖင့့္ က်န္းမာေရးကိုအထူးေကာင္းမြန္ေစမွာျဖစ္ပါတယ္။ ေစ်း၀ယ္ Center ၾကီးေတြမွာ အသင့္ေသာက္ဂ်င္းလက္ဖက္ရည္ ကိုျပဳတ္ေသာက္လို႔ ရသလို ဂ်င္းေတာင့္ ကိုျပားေအာင္ေထာင္းျပီး ေရေႏြးပူပူနဲ႔ ေရာေသာက္လို႔လဲရပါတယ္။ ဒီလိုေသာက္ေပးရင္ ကိုယ္ခံအား သိသိသာသာ တိုးတက္လာျပီး အစာအိမ္ေလထိုးေလေအာက္ ျဖစ္ျခင္းကို ထိေရာက္စြာကာကြယ္ ေပးမွာျဖစ္ပါတယ္။

သြားကိုက္ေနရင္ ကိုက္ေနတဲ့သြားေနရာမွာ ဂ်င္းကိုကိုက္ထားေပးဖို႔ သတိရလိုက္ပါ။ နားကိုက္ရင္လည္း ဂ်င္းစိမ္း သတၱဳရည္ ေႏြးေႏြးေလးနဲ႔ နားခတ္ေပးဖို႔ မေမ့ပါနဲ႔။ ဇက္ေၾကာတက္ေနလား ဂ်င္းကိုပါးပါးလွီးျပီး မီးအနည္းငယ္ျပကာ တက္ေနတဲ့ ဇက္ေၾကာေနရာမွာ ကပ္ထားေပးလိုက္ပါ။ ဂ်င္း၂က်ပ္သားခြဲ ကိုေသးေသးလွီး ျပီး အရက္တစ္ပုလင္းတြင္ ထည့္စိမ္ထားျပီး နံနက္တစ္ဇြန္း ညတစ္ဇြန္း ေသာက္ျခင္းျဖင့္ ေသြးေၾကာက်ဥ္းျခင္း၊ ေသြးေၾကာပိတ္ျခင္း တို႔ကိုကာကြယ္ေပးမွာျဖစ္ပါတယ္။

အမ်ိဳးသမီးမ်ားမီးဖြားျပီးလို႔ သားအိမ္မက်က္တဲ့ ေ၀ဒနာခံစားေနရရင္ ထန္းလ်က္ ၂က်ပ္သား၊ ဂ်င္း ၁က်ပ္သား ကို ေရတစ္ပိသာတြင္ ထည့္ျပီး ေရတ၀က္ခန္႔ျဖစ္ေအာင္က်ိဳျပီး တစ္ခါေသာက္ ၂ေအာင္စ(ေရတစ္ငံု) ခန္႔ ေသာက္သံံုးျခင္းျဖင့္ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: