Home News တီမောနိုင်ငံတွင် ကျင်းပမည့် စက်ဘီးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို နေပြည်တော်တွင် ရွေးချယ်မည်

တီမောနိုင်ငံတွင် ကျင်းပမည့် စက်ဘီးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို နေပြည်တော်တွင် ရွေးချယ်မည်

0

တီမောနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ 2017 Tour de Timor စက်ဘီးစီးပြိုင်ပွဲကို မြန်မာတို့ အနေဖြင့် ပထမဦးဆုံး သွားရောက်ယှဉ်ပြိုင်ဖို့အတွက် နေပြည်တော်ရှိ စက်ဘီးအဖွဲ့ချုပ်မှ မြန်မာ့စက်ဘီးဝါသနာရှင်များကို ခေါ်နေပါပြီ။

2017 Tour de Timor ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ လက်ရွေးစင် စက်ဘီးစီးသမား ၄ယောက်ကိုရွေးချယ်ဖို့ ဇွန်လ ၂၉ရက်နေ့ နံနက်၇နာရီမှာ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါပွဲကို အသက်(၂၁) နှစ်အောက် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ မည်သည့်စက်ဘီးစီးသမားမဆို သွားရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်သူ ဦးကျော်မင်းသန့်က “ကျွန်တော်တို့ ဒီတီမောစက်ဘီးပြိုင်ပွဲ အတွက် လူရွေးပွဲလုပ်ဖို့ ရှိပါတယ်။ လာရွေးတဲ့သူတွေထဲက ပဏာမ(၈)ဦးအရင်ရွေးပါမယ်။ ပြီးမှ(၄)ဦး ထပ်ရွေးပြီး သွားပြိုင်မှာပါ။ ဒီပြိုင်ပွဲက မြန်မာနိုင်ငံအနေနဲ့ ပထမဦးဆုံးသွားပြိုင်တာပါ။ ဆီးဂိမ်းအကြိုလည်း ဖြစ်လို့ အတွေ့အကြုံကောင်းတွေရဖို့ မျှော်လင့်ပါတယ်။ ဒီပွဲပြီးရင်တော့နိုင်ငံတကာ ပြိုင်ပွဲအနေနဲ့ တခြားပွဲ မရှိသေးပါဘူး။ ဆီးဂိမ်းအတွက်ပဲ သေချာလေ့ကျင့်မှုတွေ ထပ်လုပ်သွားမှာပါ” ဟုပြောကြားခဲ့ပါတယ်။

လူရွေးပွဲကိုဝင်ပြိုင်ဖို့ စာရင်းကိုတော့ ဇွန်လ ၂၈ရက်နောက်ဆုံးထားပြီး မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်၏ဖုန်း ph-09250205652 သို့ဆက်သွယ်ပြီး စာရင်းပေးရမှာဖြစ်ပါတယ်။ ကမ္ဘာမှာမြန်မာဟေ့လို့ ကြွေးကြော်နိုင်အောင် အခုပဲ စာရင်းပေးဖို့ဖုန်းဆက်လိုက်ရအောင်။

Zawgyi Font : တီေမာႏုိင္ငံတြင္ က်င္းပမည့္ စက္ဘီးျပိဳင္ပြဲအတြက္ ျပိဳင္ပြဲ၀င္မ်ားကို ေနျပည္ေတာ္တြင္ ေရြးခ်ယ္မည္

တီေမာႏိုင္ငံမွာ က်င္းပျပဳလုပ္မဲ့ 2017 Tour de Timor စက္ဘီးစီးျပိဳင္ပြဲကို ျမန္မာတို႔ အေနျဖင့္ ပထမဦးဆံုး သြားေရာက္ယွဥ္ျပိဳင္ဖို႔အတြက္ ေနျပည္ေတာ္ရွိ စက္ဘီးအဖြဲ႕ခ်ဳပ္မွ ျမန္မာ့စက္ဘီး၀ါသနာရွင္မ်ားကို ေခၚေနပါျပီ။

2017 Tour de Timor ျပိဳင္ပြဲအတြက္ ျမန္မာႏိုင္ငံမွ လက္ေရြးစင္ စက္္ဘီးစီးသမား ၄ေယာက္ကိုေရြးခ်ယ္ဖို႔ ဇြန္လ ၂၉ရက္ေန႔ နံနက္၇နာရီမွာ ေနျပည္ေတာ္ရွိ ၀ဏၰသိဒိၶအားကစားကြင္းတြင္ျပဳလုပ္သြားမွာျဖစ္ပါတယ္။ အဆိုပါပြဲကို အသက္(၂၁) ႏွစ္ေအာက္ ျမန္မာႏိုင္ငံအနယ္နယ္အရပ္ရပ္ရွိ မည္သည့္စက္ဘီးစီးသမားမဆို သြားေရာက္ ယွဥ္ျပိဳင္ႏိုင္မွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ စက္ဘီးအဖြဲ႕ခ်ဳပ္ အတြင္းေရးမွဴးျဖစ္သူ ဦးေက်ာ္မင္းသန္႔က “ကၽြန္ေတာ္တို႔ ဒီတီေမာစက္ဘီးျပိဳင္ပြဲ အတြက္ လူေရြးပြဲလုပ္ဖို႔ ရွိပါတယ္။ လာေရြးတဲ့သူေတြထဲက ပဏာမ(၈)ဦးအရင္ေရြးပါမယ္။ ျပီးမွ(၄)ဦး ထပ္ေရြးျပီး သြားျပိဳင္မွာပါ။ ဒီျပိဳင္ပြဲက ျမန္မာႏိုင္ငံအေနနဲ႔ ပထမဦးဆံုးသြားျပိဳင္တာပါ။ ဆီးဂိမ္းအၾကိဳလည္း ျဖစ္လို႔ အေတြ႕အၾကံဳေကာင္းေတြရဖို႕ ေမွ်ာ္လင့္ပါတယ္။ ဒီပြဲျပီးရင္ေတာ့ႏိုင္ငံတကာ ျပိဳင္ပြဲအေနနဲ႔ တျခားပြဲ မရွိေသးပါဘူး။ ဆီးဂိမ္းအတြက္ပဲ ေသခ်ာေလ့က်င့္မႈေတြ ထပ္လုပ္သြားမွာပါ” ဟုေျပာၾကားခဲ့ပါတယ္။

လူေရြးပြဲကို၀င္ျပိဳင္ဖို႔ စာရင္းကိုေတာ့ ဇြန္လ ၂၈ရက္ေနာက္ဆံုးထားျပီး ျမန္မာႏိုင္ငံစက္ဘီးစီးအဖြဲ႕ခ်ဳပ္္၏ဖုန္း ph-09250205652 သို႔ဆက္သြယ္ျပီး စာရင္းေပးရမွာျဖစ္ပါတယ္။ ကမၻာမွာျမန္မာေဟ့လို႔ ေၾကြးေၾကာ္ႏိုင္ေအာင္ အခုပဲ စာရင္းေပးဖို႔ဖုန္းဆက္လိုက္ရေအာင္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: