၃စက္ကန့်ပြည့်တိုင်း ဒီက္ဘမာမြေက လူသားတစ်ယောက်စီဟာ ပဋိပက္ခတစ်ခုခု၊ ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကြောင့် နေအိမ်ကစွန့်ခွာဖို့ တွန်းပို့နေတယ်လို့ ဘီဘီစီရဲ့ သတင်းတစ်ပုဒ်မှာဖေါ်ပြထားပါတယ်။ ခုနေခါမှာတော့ UN စာရင်းအင်းများအရ ဒီကမ္ဘာမြေပေါ်မှာ ရှိတဲ့ ဒုက္ခသည် ဦးရေဟာ ၆၅.၆ သန်းထိရှိသွားပြီလို့သိရပါတယ်။
ဒါဟာ နည်းနည်းနောနော လူဦးရေတော့ မဟုတ်ပါဘူး။ အင်္ဂလန်နိုင်ငံရဲ့ လူဦးရေနဲ့ အတူတူပါပဲ။ ဒီလိုဖြစ်လာခဲ့တာဟာ အများစုကတော့ ဒုတိယကမ္ဘာစစ်ပြီးကတည်းကဖြစ်ပါတယ်။ ဒီအထဲမှာ တစ်ဝက်လောက်ကတော့ ကလေးတွေဖြစ်ပါတယ်။ နေအိမ်စွန့်ခွာလာတဲ့သူတွေထဲမှာ ဆီးရီးယားလူမျိုးသက်သက် ၁၂ သန်းရှိပါတယ်။ ဒါဟာ ဆီးရီးယားရဲ့ လူဦးရေတစ်ဝက်ခန့့််ရှိပါတယ်။ ဒီလိုပဲ နေအိမ်ကို မဖြစ်မနေစွန့်ခွာလာခဲ့ ရတဲ့သူတွေထဲမှာ တောင်ပိုင်း ဆူဒန်က ၃.၃ သန်းရှိပါတယ်။ ကမ္ဘာကြီးကလည်း မငြိမ်သက်မှုတွေ၊ အကြမ်းဖက်မှုတွေက တစ်နေ့တစ်ခြားတိုးတက်များပြားလို လာနေပါတယ်။
ထိုအထဲက ၂.၃ သန်းထဲကတော့ ဥရောပတိုင်းပြည်တွေမှာ ရှိနေပါတယ်။ ခုအချိန်ထိတိုးတက်ဖွံဖြိုးတဲ့ နိုင်ငံတွေက ဒုက္ခသည် ဦးရေရဲ့ ၈၄% ကို လက်ခံထားလျက်ရှိပါတယ်။ နောင်မှာ ဒီထက်ဆိုးဝါးတဲ့ အခြေအနေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
Ref : BBC
Zawgyi Font : ၃စက္ကန့်ပြည့်တိုင်း ဒုက္ခသည် တစ်ယောက်တိုးနေတဲ့ ဒီ ကမ္ဘာမြေ
Ref : BBC